Mar 18, 2021
လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ရေးဆွဲ ထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြသည်။
Mar 18, 2021
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ၏ နှစ်လဲသက်တမ်းတိုး ယာဉ်မှတ်ပုံတင် လုပ်ငန်းများကို လာမည့် (၂၂.၃.၂၀၂၁) ရက် (တနင်္လာနေ့) မှစတင်၍ ကညနရုံးများ၌ ပြန်လည် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များမှ အပ အခြားယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း သိရသည်။
Mar 18, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ ည (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 18, 2021
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
Mar 18, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်
Mar 18, 2021
စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် တောင်သူများအကျိုးရှိစေမည့် ရေအသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်နှင့် ရရှိလာသော သုတေသနရလဒ်များကို လက်တွေ့ အသုံးချနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဝေပေးနိုင်ရန် ရည်မှန်းချက်ဖြင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 18, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲပိုင်း တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းတော်ကြီး၌ သီတင်းသုံးတော်မူလျက်ရှိကြသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသတို့အား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
Mar 18, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 18, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 18, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန် အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင်ကျန်းမာ ရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၇၅၅၈၈ ဦး၊ အတွင်းလူနာ ၄၀၆၉ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များ အား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများဆောင် ရွက်ပေးသည့်အပြင် ဆေးရုံ တက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။ ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၃၄၂၆ ဦး၊ အသေးစားခွဲစိတ် ကုသရန်လိုအပ်သူ ၁၈၂၅ ဦး စုစုပေါင်း ၅၂၅၁ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။
Mar 18, 2021
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအားဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင်(၆)ဦးဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း နိုင်ငံခြားငွေစာရင်း(၃)ခုသို့ ပြည်ပနိုင်ငံများမှ NGO/INGO နှင့် အသင်းအဖွဲ့များဖြစ်သော အင်္ဂလန်နိုင်ငံ RBC Trustees(UK)မှ ပေါင်စတာလင် ၉ သိန်းကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းနှင့် တရုတ်နိုင်ငံ Yunan International Non-Government Organization (YINGOs)မှ ယွမ် ၂၂သန်းခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၃ ဒသမ ၅သန်းကျော်အပါအဝင် အမေရိကန်နိုင်ငံမှ | Suu Foundation ၊မွန်ဂိုလီးယား၊ ချက်ရီပတ်ဗလစ်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီ၊ ီ တူရကီ၊ စင်ကာပူ၊ အိန္ဒိယနှင့် နယူးဇီလန်နိုင်ငံများနှင့် ထိုင်ဝမ်တို့မှ ကုမ္ပဏီများ၊ ပုဂ္ဂလိက အလှူရှင်များနှင့် ပြည်တွင်းရှိ အလှူရှင်များ၏ နိုင်ငံခြားငွေများဖြင့် လှူဒါန်းငွေစုစုပေါင်း အမေရိကန် ဒေါ်လာ(၇,၉၀၀,၆၄၇.၇၁)(USD ၇ ဒသမ ၉ သန်းကျော် ) ရှိပြီး ထုတ်ယူသုံးစွဲငွေအမေရိကန်ဒေါ်လာ (၆,၈၁၃,၅၈၇.၃၈)(USD၆ဒသမ၈သန်းကျော်) ဖြစ်တာလက်ကျန်ငွေ အမေရိကန်ဒေါ်လာ (၁,၀၈၇,၀၆၀.၃၃) (USD ၁ သန်းကျော်) ဖြစ်သည်။
Mar 18, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့ နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ် တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော် တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသပေး နိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးကုသ ရေးအဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရ သည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
Mar 18, 2021
ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေ စေရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိစစ်သည် အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း၊ အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
Mar 18, 2021
ပြည်သူလူထု၏အေးချမ်းသာယာ စွာ နေထိုင်စားသောက်မှုကို မလို လားသည့် မသမာသူတို့အနေဖြင့် နောက်ကွယ်မှ သွေးထိုးစည်းရုံး လှုံ့ဆော်မှုများဖြင့် လမ်းမပေါ်သို့ လူအုပ်စုများ ရောက်ရှိအောင် ဆူပူအကြမ်းဖက်မှုများ မဖြစ် ဖြစ်အောင်ဆောင်ရွက်ပြီး လုံခြုံ ရေး တပ်ဖွဲ့ဝင်များအား ထိပ်တိုက် ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုများနှင့် ရဲတပ်ဖွဲ့ စခန်းများသို့ စီးနင်းဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်း၊ မီးရှို့ခြင်း များကို တစ်နေ့တခြား ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်ကို တွေ့ရှိ ရသည်။
Mar 18, 2021
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း ဝန်ထမ်းများ CDM တွင် ပါဝင်သော ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးကိုမတ်၁၆ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပသည်။
Mar 18, 2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၁၆ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက် ဆန္ဒပြလူစုလူဝေး များက လမ်းမများပေါ်တွင် ပိတ်ဆို့ထားသော အတားအဆီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ။
Mar 18, 2021
ကယားပြည်နယ် လွိုင်ကော်မြို့၌ ၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၆ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2021
နိုင်ငံတော်အတွင်း လူစုလူဝေးများအနေဖြင့် သာမန် ဆန္ဒပြမှုမှ ဆူပူဆန္ဒပြခြင်း၊ ဆူပူဆန္ဒပြရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုခြင်း၊ လူပုဂ္ဂိုလ် ဆိုင်ရာအငြိုးအတေးများကို အခြေခံ၍ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ စက်ရုံအလုပ်ရုံများ၊ လုံခြုံရေးစခန်း များအား မီးကွင်းပစ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ ပစ္စည်း များ လုယူခြင်းနှင့် ရဲကင်းစခန်းများအား အသိဉာဏ် ဆင်ခြင်တုံ တရားကင်းမဲ့စွာ ဝင်ရောက်စီးနင်းရန် ကြံစည်အားထုတ်နေမှုများကို တွေ့ရှိနေရသည်။