Skip to main content

ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသို့ သွားရောက်စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရဲအရာရှိလေ့ကျင့်ရေးကျောင်းရှိ E-Library နှင့် စာကြည့်တိုက်၊ နည်းပညာပြခန်း၊ Audio Lab၊ သရုပ်ပြခန်း၊ သင်တန်းသားစာသင်ခန်းများ၊ ကွန်ပျူတာလက်တွေ့ခန်း၊ ကျောင်းပြတိုက်၊ ဆောက်လုပ်ဆဲ ၄ ထပ်စာသင်ဆောင်၊ အရာရှိ ရိပ်သာနှင့်စစ်နည်းဗျူဟာ လေ့ကျင့်ရေးကွင်း၌ သင်တန်းသားများ စစ်နည်းဗျူဟာဘာသာရပ် သင်ကြားလေ့ကျင့်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများကို ဘာသာရပ်များ သင်ကြားပို့ချပေးရာတွင် E-Library နှင့် စာကြည့်တိုက်ကို အဓိကအားထားရာနေရာအဖြစ် အသုံးချတတ်ရန်အတွက် လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေပညာရပ်ဆိုင်ရာ စာအုပ်၊ စာစောင်များကိုလည်း ယခုထက်ပိုမို ထပ်မံဖြည့်တင်းထားရှိရန် လိုအပ်ကြောင်း၊ မှုခင်းဖော်ထုတ်မှု သရုပ်ပြသခြင်းနှင့် လေ့ကျင့် ရာတွင် ပီပြင်အောင် သင်ကြားလေ့ကျင့်ပေးရန်နှင့် မှုခင်းဖော်ထုတ်ရာတွင် နည်းပညာကို သာမကအတွေးအခေါ်ကိုပါအခြေခံ၍ ကောက်ချက်ချနိုင်သည့် အရည်အချင်းရရှိအောင် လေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် တာဝန်ဝတ္တရားများ ထမ်းဆောင်ရာ၌ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး၊ လုပ်ငန်းကျွမ်းကျင်စေရေးနှင့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတာဝန်များ ထမ်းဆောင်နိုင်ရန် စစ်နည်းဗျူဟာပညာရပ်များကို သင်တန်းကာလအတွင်း ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူသွားကြရန်နှင့် သင်တန်းကျောင်းရှိ ပြတိုက်တွင်စွမ်းရည်၊ သတ္တိဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏မှတ်တမ်းများ ထားရှိရန်လိုအပ် ကြောင်း။

စစ်နည်းဗျူဟာဘာသာရပ်များ သင်ကြားပို့ချရာတွင် သင်တန်းသားများအား ခံစစ်ကဏ္ဍကို စနစ်တကျလေ့ကျင့်ပေးရန်၊ စစ်ပညာကျွမ်းကျင်မှုရှိပြီး စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ရှိအောင် လေ့ကျင့်ပေးရန်၊ မိုင်းသတိ၊ မိုင်းအသိရှိရေးနှင့်မိုင်းကို ကျွမ်းကျင်စွာ အသုံးချတတ်အောင် လေ့ကျင့်ပေးရန်နှင့် သင်တန်းနည်းပြများနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး လက်တွေ့နယ်ပယ်တွင် လုပ်ငန်းကျွမ်းကျင်မှုရှိသည့် နည်းပြအရာရှိကောင်းများကို ရွေးချယ်တာဝန်ချထားပေးရန် လိုအပ်ကြောင်း။

ဆောက်လုပ်ဆဲ ၄ ထပ်စာသင်ဆောင်တွင် မီးဘေးအန္တရာယ်နှင့် မိုးကြိုးအန္တရာယ်မှ ကာကွယ်သည့်စနစ်များ၊ အဆင့်မီရေအိမ်သုံးပစ္စည်းများနှင့် LED မီးများတပ်ဆင်ရန်၊ မီးကြိုးများကို ကွန်ကရစ်တွင်မြှုပ်၍ သွယ်တန်းတပ်ဆင်ရန်၊ အဆောက်အဦမျက်နှာစာတွင် ကွန်ကရစ်တန်းစီကွင်း ထည့်သွင်းတည်ဆောက်ရန်နှင့် အဆောက်အဦများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာ လှပအောင် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းရှိ သင်တန်းသား စားရိပ်သာတွင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၀၇/၂၀၂၁)နှင့် (၁၀၈/၂၀၂၂)တို့မှ သင်တန်းသားများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်