Jun 16, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပရဝုဏ်၌ ကျင်းပသည်။
Jun 16, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ဇွန် ၁၃ ရက်နှင့် ဇွန် ၁၄ ရက်များတွင် မော်လမြိုင်အချုပ်ထောင်ကိုလည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ကျိုက်မရော ဗဟိုအကျဉ်းထောင်နှင့် ကျိုက်မရော မြို့မရဲစခန်းကိုလည်းကောင်း၊ ဇွန် ၁၆ ရက်တွင် မော်လမြိုင်မြို့မရဲစခန်းနှင့် မုပွန်နယ်မြေ ရဲစခန်းတို့ကိုလည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
Jun 16, 2022
ကျန်းမာရေးဝန်ကြီးဌာနတွင် နိုင်ငံ့ဝန်ထမ်း ဆရာဝန်များအဖြစ် တာဝန် ထမ်းဆောင်ရန်အတွက် လျှောက်လွှာခေါ်ယူလျက်ရှိခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
Jun 16, 2022
ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ (၃၀-၃-၂၀၂၁)ရက်နေ့တွင် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်၊ အမိန့်အမှတ် (၂/၂၀၂၁) ဖြင့် တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား (၁)နှစ်သက်တမ်းဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။
Jun 16, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Jun 16, 2022
မိုးညှင်းမြို့၊ ဘားအံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jun 16, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက်မှ ၁၃ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ခရိုင်နှင့် မြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်နှင့် မြိတ်မြို့နယ်တို့အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင်ဓာတ်မြေသြဇာ ၈၀၃ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၂၄၀၀၀၀)နှင့် ဘိလပ်မြေ ၃၂၅၇ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၀၇၄၀၀)ကို အကောက်ခွန်ဥပဒေဖြင့် လည်းကောင်း၊ မြိတ်မြို့နယ်အတွင်း တရားမဝင် ခဲသတ္တု ၉ ဒသမ ၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၂၁၉၀၀၀၀)ကို မြန်မာ့သတ္တုတွင်း ဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၃၁၃၇၄၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
Jun 16, 2022
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးအထူးဇုန်သို့ သွားရောက်၍ ဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Jun 16, 2022
၁။ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို (၁၇-၆-၂၀၂၂)ရက်၊ သောကြာနေ့နံနက် (၀၆:၀၀)အချိန်၌ ထုတ်ပြန် ကြေညာမည်ဖြစ်ပါသည်။
Jun 16, 2022
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပညာရေးမှူးများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 16, 2022
“ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီ”သည် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ၊ အသင်းဝင်ကုမ္ပဏီများ စုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့နှင့် ပူးပေါင်း၍ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်။
Jun 16, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အမ်းမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုအိတ်ချိန်းရုံး၊ မြန်မာ့စာတိုက်လုပ်ငန်း၏ အမ်းမြို့နယ် စာတိုက်ရုံး၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အမ်းမြို့နယ်ရုံးသို့ ရောက်ရှိကာ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Jun 16, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေကြသည့် ပထမနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားသည်။
Jun 16, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 16, 2022
၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည် ဖြစ်ပါသည်။
Jun 16, 2022
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။
Jun 16, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီ ဈေးနှုန်းများ
Jun 16, 2022
ပဲခူးတိုင်းဒေသကြီးအတွင်း ယခင်က တစ်နှစ်တစ်သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်နှစ်သီး စိုက်ပျိုးနိုင်ရေး၊ ယခင်တစ်နှစ် နှစ်သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ လိုအပ်သော စိုက်ပျိုးရေရရှိရေးကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Jun 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
Jun 16, 2022
လူငယ်လူရွယ်များနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အပြင် ဇာတ်သဘင် ကြိုက်နှစ်သက်ကြသည့် မိဘပြည်သူများအတွက် “(၃၈)ဖြာ မင်္ဂလာအစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှစတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
