Skip to main content

အမ်းမြို့နယ် စာတိုက်ရုံး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အမ်းမြို့နယ်ရုံး ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အမ်းမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုအိတ်ချိန်းရုံး၊ မြန်မာ့စာတိုက်လုပ်ငန်း၏ အမ်းမြို့နယ် စာတိုက်ရုံး၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အမ်းမြို့နယ်ရုံးသို့ရောက်ရှိကာ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်တွင် ပါရှိသည့်အတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းကြရမည်ဖြစ်ကြောင်း၊ ကိုယ်စီတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကျန်းမာရေးကို အထူးဂရုပြုကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် တည်ဆောက်ရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အရေးပါသည့် စွမ်းအားစုတစ်ရပ်ဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အဆင်မပြေမှုများရှိပါက အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်သတင်းပို့တင်ပြရန် ပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်