Skip to main content

၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း (၁၇-၆-၂၀၂၂)ရက်၊ သောကြာနေ့နံနက် ထုတ်ပြန်ကြေညာမည်

 

၁။ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို (၁၇-၆-၂၀၂၂)ရက်၊ သောကြာနေ့နံနက် (၀၆:၀၀)အချိန်၌ ထုတ်ပြန် ကြေညာမည်ဖြစ်ပါသည်။

၂။ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပါသည်။

၃။ အောင်စာရင်းထုတ်ပြန်မည့်(၁၇-၆-၂၀၂၂) ရက်နေ့၊ နံနက်(၄) နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည်ဖြစ်ပါသည်။

၄။ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာသည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။

၅။ သက်ဆိုင်ရာစာစစ်ဌာနများတွင် အောင်စာရင်းကြည့်ရှုရန် လာရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် မိဘပြည်သူများက ပူးပေါင်းဆောင်ရွက်ကူညီပေးကြပါရန် ပန်ကြားအပ်ပါသည်။

၆။ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉)နှင့် (၀၉-၄၃၁၄၀၂၂၆)တို့ထံသို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် (၁၇-၆-၂၀၂၂) ရက်နေ့ (သောကြာနေ့)တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

ပညာရေးဝန်ကြီးဌာန