Skip to main content

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရိုင်/မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပညာရေးမှူးများအား တွေ့ဆုံ

မန္တလေး ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပညာရေးမှူးများအားတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မှာကြား

တွေ့ဆုံပွဲတွင် တိုင်း‌ဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ရေး၊ စပါးနှင့် ဆီထွက်သီးနှံများ သတ်မှတ်ဧကအတိုင်းပြည့်မီအောင် စိုက်ပျိုးရေး၊ ဌာနအလိုက်တင်ပြသည့် ကိန်းဂဏန်းများ မှန်ကန်မှုရှိစေရေး၊ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီရန်နှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ မြေယာအသုံးချမှုများအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအတိုင်း စနစ်တကျဆောင်ရွက်ရေး၊ လုပ်ငန်းများအား အတ္တမာနမထားဘဲ ပြည်သူများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရေး၊ ဌာနအသီးသီးအလိုက် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ပြည်သူလူထူ၏ ကျန်းမာရေး၊ ပညာရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေးနှင့် အုပ်ချုပ်ရေး တာဝန်ယူထားသူများအနေဖြင့် မာန်မာနမထားဘဲ အားလုံးသော ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မိမိဒေသ တိုးတက်အောင်မြင်အောင် တာဝန်ရှိသူအဖြစ် ခံယူလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ဝန်ထမ်းအချင်းချင်း စာနာမှုရှိလာပြီး စိတ်လက်ချမ်းသာစွာ အလုပ်လုပ်လာမည်ဖြစ်ကာ လုပ်ငန်းများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်းတို့ကို မှာကြားသည်။

ဆက်လက်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ပညာရေးမှူးများက ဒေသအတွင်း ကျောင်းများဖွင့်လှစ်နိုင်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှုများ၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မြေယာကိစ္စရပ်များနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တက်ရောက်လာသူများကို ထောက်ပံ့ငွေကျပ် ၂,၆၅၀,၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်