Sep 10, 2022
ရုရှား-မြန်မာ ရင်းနှီးချစ်ကြည်ဆက်ဆံမှုသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ရာ၌ ရုရှားသမ္မတက လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး (၇၅) နှစ် ပြည့်မြောက်မည်ဖြစ်၍ ဂုဏ်ပြုအခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။
Sep 10, 2022
လူကုန်ကူးခံရမှုကြောင့် ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် အကူအညီတောင်းခံခဲ့သည့် မြန်မာအမျိုးသမီးငယ် ခုနစ်ဦးတို့မှာ မြန်မာ-ဒူဘိုင်း နှစ်နိုင်ငံရဲအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဒုက္ခများမှ လွတ်မြောက်ကာ အမိမြေသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ လူကုန်ကူးသူတရားခံမှာ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့်နေထိုင်ပြီး မြန်မာအမျိုးသမီးငယ်များကို မက်လုံးပေးစည်းရုံးကာ ဒူဘိုင်းမှတစ်ဆင့် အခြားအရှေ့အလယ်ပိုင်းဒေသနိုင်ငံများသို့ ထပ်ဆင့်ရောင်းစားနေသူ ဖြစ်သည်။
Sep 09, 2022
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့်နေထိုင်သည့် မြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့သည် “ဒူဘိုင်းတွင်လစာကောင်းကောင်းနှင့် အလုပ်ရမည်” ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသားအမျိုးသမီးငယ်များကိုခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ “အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နှင့် အိုမန်” နိုင်ငံများသို့ အတင်းအကြပ်စေလွှတ်ရောင်းစားမှုများ ပြုလုပ်နေကြောင်း သတင်းများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လဆန်းမှစ၍ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။
Sep 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Amur ပြည်နယ်၊ Blagoveshchensk မြို့၊ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့၊ Baikal လေဆိပ်သို့ရောက်ရှိကြရာ Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
Sep 09, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် Amur ပြည်နယ်၊ Blagoveshchensk မြို့ Ignatyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာရာ ဗလာဒီဗော့စတော့ခ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Stegniy Daria နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Sep 09, 2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ပြန်လာသည့် လူမှုကူညီရေး ယာဉ်တစ်စီးအား ယနေ့နံနက်အစောပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မောင်းနှင့် အကူယာဉ်မောင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Sep 09, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 09, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Sep 09, 2022
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 09, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization For Migration-IOM)၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr.Dragan Aleksoski တို့သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
Sep 09, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Sep 09, 2022
ပန်းခင်းစီမံချက်နှင့် ပန်းခင်းစီမံချက်အဆင့် (၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မြို့နယ်ဦးစီးမှူးရုံးအသီးသီးရှိ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) အခြေအနေများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား သက်ဆိုင်ရာဒေသများမှ ကွန်ပျူတာ များဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online စနစ်ဖြင့် ပေးပို့ထိန်းသိမ်းထားရှိမှု၊ မဲဆန္ဒရှင် စာရင်းမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ လုပ်ငန်းများ သတ်မှတ် ကာလအတွင်း အောင်မြင်ပြီးစီးနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ရှင်းလင်းဆွေးနွေးမည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က ပြောကြားသည်။
Sep 09, 2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် တော်သလင်းလပြည့်နေ့ အာရုံဆွမ်းတော်ကြီး လှူဒါန်းပွဲနှင့် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် (၆) နာရီတွင် စေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
Sep 09, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းနှင့်အတူ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်တော် အတက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဗုဒ္ဓဥယျာဉ်အတွင်း ဆေးပေး ခန်းဆောက်လုပ်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား ဖြည့်ဆည်း ပေးသည်။
Sep 09, 2022
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးဧရိယာ၌ကျင်းပခဲ့ပြီး ရတနာတန်းဝင် ကျွန်းပင် ၁၀၀၀ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
Sep 09, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ယနေ့နံနက် ၁ဝ နာရီတွင် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ (Chief of Mission) အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Dragan Aleksoski က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
Sep 09, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၆ ရက်တွင်
Sep 09, 2022
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားနှင့် Public Feedback Programme- PFP နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 09, 2022
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အဓိကကျသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အ ကူဖြစ်စေ ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်းတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ် များ၊ ရဟတ်ယာဉ်များ၊ ColdChain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင် ဖြန့်ဖြူး ပေးလျက်ရှိသည်။
Sep 09, 2022
ကျောင်းပြင်ပရောက် ကလေးသူငယ်များများပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ် နေသည်ကိုတွေ့ရကြောင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ညွန့်ဖေက ပြောကြားသည်။
