နေပြည်တော် စက်တင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်အဓိကကျသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အ ကူဖြစ်စေ ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်းတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ် များ၊ ရဟတ်ယာဉ်များ၊ ColdChain Delivery Logistics မော်တော်ယာဉ်ကြီး များဖြင့် ပို့ဆောင် ဖြန့်ဖြူး ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသည့်ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော Sinovac ဆေးနှင့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနိုင်သောMyancopharmဆေးများကို ယနေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ Sinovac ဆေး ၄၆၄၃၇ လုံးနှင့် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့သို့ Myancopharm ဆေး အလုံး ၁၀၀၀၀၊ ဆေးထိုးအပ် ၇၀၀၀၀ တို့ကို Cold Chain Delivery Logisties မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုး အပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်