Skip to main content

နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက် သွားနိုင်မည်

နေပြည်တော်   စက်တင်ဘာ  ၈

ကျောင်းပြင်ပရောက် ကလေးသူငယ်များများပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ် နေသည်ကိုတွေ့ရကြောင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ညွန့်ဖေက ပြောကြားသည်။

ယနေ့ မွန်းလွဲ နာရီတွင်နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်သန်းခေါင်စာရင်းအရအသက် ၁၅နှစ်နှင့်အထက် စာမတတ်သူဦးရေ၃ ဒသမ၅ သန်းရှိပြီးအကြောင်း အမျိုးမျိုးကြောင့်မူလတန်း ပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်ခဲ့သည့် ကလေး သူငယ် ဒသမ သန်း ရှိကြောင်း။

မြန်မာနိုင်ငံရှိ ၁၅ နှစ်နှင့်အထက် စာမတတ်သူများကို နှစ်အလိုက်လျှော့ချနိုင်ရေးအတွက် အမျိုးသားပညာရေး အထူးစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အစီအစဉ်ချမှတ် ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် ကျောင်းပြင်ပမူလ တန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရေးနှင့် စာမတတ်သူများအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်များကို လုပ်ငန်းအစီအစဉ် များချမှတ်၍ နှစ်အလိုက်တိုးချဲ့ ဆောင်ရွက်နိုင်ရေး လုပ်ဆောင် လျက်ရှိကြောင်း။

ယခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့်သင်ယူမှုဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့ဆောင်ပုဒ်အတိုင်း ကမ္ဘာ့နိုင်ငံများနည်းတူ နိုင်ငံအတွင်းရှိ အခြေခံမူလတန်းပညာပြီးမြောက် အောင်မသင်ကြားခဲ့ရသော ကျောင်းနေအရွယ် လွန်ကလေးများ၊ စာမတတ်သူလူငယ်များနှင့် လူကြီးများ အတွက် စာတတ်မြောက် ရေးလုပ်ငန်း အစီအစဉ်များကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့်လုပ်ငန်းအစီအစဉ်များရေးဆွဲ အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် ပိုမို ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း။

အမျိုးသားပညာရေးဥပဒေ(၂၀၁၄)တွင် အခမဲ့ အခြေခံပညာရေးကို ဦးတည်ဆောင်ရွက်ပြီး အဆင့်ဆင့် တိုးချဲ့ဆောင်ရွက်ရေးအတွက် ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း ကိုပြောင်း လဲလာသော ခေတ်စနစ်၏ လိုအပ်ချက်အရ KG+9 ဖြစ်သော အခြေခံပညာအလယ် တန်းဆင့် ပညာရေးပြီးမြောက် ရေး၊စိုက်ပျိုးရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ် လာစေရန် ဆက်လက်သင်ယူ သွားနိုင်ရေးဦးတည်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် က ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ် မြောက်ရေးနေ့အခမ်းအနားစာတတ်မြောက်ရေး လုပ်ငန်းများဆောင်ရွက်မှုVideo Clipကိုပြသ သည်။

ယင်းနောက် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်() အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများကစာတတ်မြောက်ရေး ဝိုင်းကူပေးသီချင်းဖြင့်သီဆိုဂုဏ်ပြု ဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အခြေခံပညာအထက်တန်းကျောင်းနှစ်ကျောင်းမှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ပညာရှင်များ၊ မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ်၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

သတင်းစဉ်