Skip to main content

Oct 02, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ပြည်သူများအတွက် အခြေခံလိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ (၁) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့ရှိ သီရိစန္ဒာအထည်ချုပ်နှင့် အထွေထွေသမဝါယမလုပ်ငန်း လီမိတက်နှင့် Family United Power Co., Ltd. ၊ အထည်ချုပ်လုပ်ငန်း၊ Myanmar Integrated Communication and Trading Co., Ltd. တို့သို့ ငှားရမ်းထားသည့် စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးစင်တာ(Incubation Center)၌ နေပြည်တော်ကောင်စီနယ်မြေရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ဆိုက်ဘာလုံခြုံရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေး အသိပညာပြန့်ပွားစေရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် Myanmar Cyber Security Challenge 2022 (အလွတ်တန်းအဆင့်) ပြိုင်ပွဲကို ယနေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာနအဆောက်အအုံ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီသူများနှင့် ပြိုင်ပွဲအားစိတ်ပါဝင်စားသူများ တက်ရောက်အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆင့်မြင့်လေ့ကျင့်ရေး ဆွေးနွေးပွဲနှင့် သုတေသနနှင့် လက်တွေ့လေ့ကျင့်ခြင်း အလုပ်ရုံဆွေးနွေးပွဲများသို့ အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲများသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ကလေးအထူးကုဆရာဝန်ကြီး ရှစ်ဦး၊ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး နှစ်ဦး၊ မေ့ဆေးအထူးကုဆရာဝန်ကြီး တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၁ ဦး ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

AUfXpKH3HhwRznxTSrWvMJTaAXhT7W3s5i1fgxC5vaES ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လိုက်မြို့ မြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ်သိန်း ၆၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၃ သိန်း ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အရှေ့ပိုင်းခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘိုးဘွားများကို ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့နှင့်အတူ မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များသည် ယ​နေ့တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းနှင့် ရဲရွာရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ကျောက်တံတားခရိုင်၊ ကမာရွတ်ခရိုင်၊ အလုံခရိုင်၊ မရမ်းကုန်း (ခရိုင်ဥပဒေစုပေါင်းရုံး) ကိုလည်းကောင်း၊ ဒေါပုံမြို့နယ်ရှိ သင်္ဃန်းကျွန်းခရိုင် ဥပဒေရုံး၊ ဗိုလ်တထောင်ခရိုင် ဥပဒေရုံး၊ ဒဂုံမြို့သစ် (ခရိုင်ဥပဒေစုပေါင်းရုံး) တို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁)ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းထုတ်ပြန်

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဆန့်ကျင်တိုက်ခိုက် အကြမ်းဖက်မှုအခြေအနေကို လေ့လာကြည့်လျှင် ဒီမိုကရေစီရေး၊ နိုင်ငံရေးကိုခုတုံးလုပ်၍ ယုတ်မာပက်စက် အကြမ်းဖက်ရက်စက်သည့်လုပ်ရပ်များ လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကြမ်းဖက်အဖျက်သမားတို့၏ ရက်စက်ယုတ်မာမှုလုပ်ရပ်များကို အားလုံးသိရှိပြီး ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြဖို့ လိုအပ်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2022

CRPH, NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများက တစ်နိုင်ငံလုံးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ချိန်မှစ၍ စစ်ဘက်နှင့်မဆိုင်သော လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံများ ဖျက်ဆီးခံခဲ့ရသလို ရဟန်း၊ သံဃာတော်၊ သီလရှင်များ၊ အစိုးရဝန်ထမ်းများနှင့် အရပ်သားများပါ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ စနေနေ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နံနက် ၀၈၄၅ နာရီခန့်၌ ရန်ကုန်-နေပြည်တော်လွိုင်ကော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် XY-AMLI လေယာဉ်အမျိုးအစား ATR-72 (600) သည် ခရီးသည် ၆၃ ဦး တင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်ရန် လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းနေစဉ် အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အားထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး ညာဘက်ပါးတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

ရန်ကုန်-နေပြည်တော်-လွိုင်ကော်-ရန်ကုန် ခရီးစဉ်ကိုပြေးဆွဲနေသော မြန်မာအမျိုးသား လေကြောင်းပိုင် လေယာဉ်တစ်စင်း လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် အကြမ်းဖက်သူများက အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2022

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်