Oct 05, 2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ပြည်တွင်း၊ ပြည်ပအေဂျင်စီများ၊ လုပ်ငန်းရှင်များ၊ လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ (Multi-Purpose Stadium) ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Oct 05, 2022
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၁၂-၉-၂၀၂၂ ရက်မှစ၍ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကထောက်ခံခြင်းမရှိသော နိုင်ငံတစ်ခုချင်းစီကို ဦးတည်သည့် အစီအစဉ်များ ပါဝင်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံကို ဆက်လက်ရွေးချယ် ပစ်မှတ်ထားရန် ဥရောပသမဂ္ဂနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများက အပြန်အလှန်ဆွေးနွေးပွဲ အများအပြားကို ဖန်တီးခဲ့သည်။ ၁၂-၉-၂၀၂၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) နှင့်လည်းကောင်း၊ ၂၁-၉-၂၀၂၂ နှင့် ၂၂-၉-၂၀၂၂ ရက်တို့တွင်
Oct 05, 2022
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အထောက်အပံ့အစီအစဉ်အရ ခရီးသွားလုပ်ငန်း သုတေသနစင်တာ တည်ထောင်ခြင်း စီမံကိန်း (Establishment of Tourism Research Center) အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော သုတေသန ဆိုင်ရာအခြေခံ(Basic)နှင့်အထူးကြပ်မတ်(Intensive) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Oct 05, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 05, 2022
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ကြိုးပမ်း ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ စက်ရုံများအား စွမ်းရည်မြှင့်တင်၍ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ချွတ်ယွင်း၍ စွမ်းရည်လျော့နည်း ကျဆင်းနေသည့် စက်ပစ္စည်းများအား အမြန်ဆုံး ပြုပြင်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
Oct 05, 2022
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ ကြည့်ရှုစစ်ဆေးသည်။
Oct 05, 2022
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Oct 05, 2022
သိင်္ဂါလောဝါဒသုတ်လာ လူတို့ဆောင်ရွက်ရသော လူမှုရေးကျင့်ဝတ်များတွင် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဟူသည့် ဆရာ့ကျင့်ဝတ် ငါးပါးရှိပါသည်။ ဆရာတို့သည် သိသင့်သမျှ အတတ်ပညာများကို သင်ကြားပေးရခြင်း၊ ဆုံးမသြဝါဒပေး၍ ပြုပြင်ပေးရခြင်း၊ မိမိတတ်သမျှ အကုန်သင်ပေးရခြင်း၊ တပည့်များ ဘေးအန္တရာယ်မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်ပေးရခြင်း၊ မိမိထက်ကျေးဇူးပြုနိုင်မည့် ဆရာ့ထံသို့ အပ်နှံပေးရခြင်းတို့ကို ဆောင်ရွက်ပေးရသည်။
Oct 05, 2022
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကို ဖိုးသုညများနှင့် တည်ဆောက်၍မရ။ တန်ဖိုးမြင့်လူ့စွမ်းအား အရင်းအမြစ်များနှင့်သာလျှင် တည်ဆောက်၍ ရသည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ပြည်သူလူထုပညာရေးနိမ့်ကျမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့မှာ နိုင်ငံအတွက် အန္တရာယ်ကို ဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံ၏ လက်ရှိပညာရေးအခြေအနေမှာ ဆယ်စုနှစ်များနှင့်ချီ၍ ပြုပြင်ပြောင်းလဲ တည်ဆောက်သွားရမည် ဖြစ်ရာ ဆရာများ၏ ကဏ္ဍမှာ အဓိကအရေးပါသည်။
Oct 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
Oct 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပြည်မြိုရှိ၊ သီရိခေတ္တရာရတနာပုံ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပြောကြားသည်။
Oct 04, 2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့် တရားခံအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ချိတ်ဆက် ပူးပေါင်း ဖော်ထုတ်မှုဖြင့် (၂)ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Oct 04, 2022
NUG၊ PDF အမည်ခံအကြမ်းဖက် အဖွဲ့များ အနေဖြင့် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ အောက်တိုဘာလ ၃ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန် ပြောင်းဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့သည်။
Oct 04, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 04, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန် တင်ပို့မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့်ရရှိမည်ဖြစ်သည်။
Oct 04, 2022
မြို့ပြဒေသရှိ နေအိမ်များ၊ ဟိုတယ်များ၊ စျေးဝယ်စင်တာများ၊ ကားပါကင်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည်တို့၏ အမိုးများပေါ်၌ နေရောင်ခြည်စွမ်းအင် သုံး Rooftop Solar Photovoltaic (PV) System များ တပ်ဆင်အသုံးပြုခြင်းဖြင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း များကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ Solar System အတွက် မြေနေရာပေးရန် မလိုအပ်ဘဲ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ခြင်း၊ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ တည်ဆောက်ချိန်နှင့် ကုန်ကျစရိတ်နည်းပါးခြင်း၊ တပ်ဆင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုလွယ်ကူခြင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေခြင်း အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။
Oct 04, 2022
နိုင်ငံတော်အစိုးရအနေဖြင့် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များကို အားပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီပေးနိုင်သည့် ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံအား ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။
Oct 04, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကိုတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၁/၂၀၂၁(ရှမ်း)၊ ၂၂/၂၀၂၁ (ရှမ်း)၊ ၂၃/၂၀၂၁ (ရှမ်း)၊ ၂၄/၂၀၂၁ (ရှမ်း) စုစုပေါင်းတရားမအထူးအယူခံမှု လေးမှုကို စီရင်ချက်ချမှတ်ခဲ့သည်။
Oct 04, 2022
အမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ် သို့ စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်၌ ဆင်းသက်ရန် လေယာဉ်ဆင်းသက်ခြင်းလုပ်ငန်းစဉ်များအတိုင်း လေယာဉ်ကွင်းသို့ ချဉ်းကပ်ပျံသန်းစဉ် KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လူမဆန်စွာ ရက်စက်ရိုင်းစိုင်းယုတ်မာစွာဖြင့် လက်နက် (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
