Skip to main content

Jan 05, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့က ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည့် အငြိမ်းစားသံအမတ်ကြီးများ၊ ပြည်ပနိုင်ငံများတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Mongkol Visitstump ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီး တစ်လျှောက်ကို တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် အဆိုပါလမ်းမကြီးတစ်လျှောက်တွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀၀ ခန့်အကွာ ပေါက်-ပခုက္ကူသွားကားလမ်း ယောချောင်း၊ ရေပြာတံတားတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို ယနေ့နံနက် ၅ နာရီ မိနစ် ၄၀ ခန့်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များသို့ KNLA တပ်မဟာ (၆) နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၆ နာရီ မိနစ် ၂၀ ခန့်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် ဥပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

“၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ (၇၅) နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေကိုခံစားဖို့ အစပျိုးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ်ဖြစ်တာကြောင့် ဒီအခွင့်အရေးကို ရယူနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2023

လွတ်လပ်ရေးသက်တမ်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားများ အားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို အပြည့်အဝခံစားနိုင်ခွင့် ရှိသင့်ကြပြီဖြစ်သည်။ နိုင်ငံသားတို့၏ မူလအခွင့်အရေးများကို ဥပဒေဖြင့်ပြဋ္ဌာန်း၍ ပေးအပ်နိုင်စေကာမူ နေ့စဉ် လူမှုဘဝအတွက် လိုအပ်ချက်များ ပြည့်စုံဖူလုံစေရေး၊ တစ်နည်းအားဖြင့် တောင့်တမှုမှ ကင်းဝေးနိုင်ရေးအတွက် ဆိုလျှင်မူ လက်တွေ့ကျကျဆောင်ရွက်မှသာ ရရှိနိုင်မည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၆၁၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၆) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအားလုံး ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်