Skip to main content

KKO (ခွဲထွက်) အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတစ်လျှောက်ကို တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်၊ မော်တော်ယာဉ်များ ပုံမှန်သွားလာလျက်ရှိ

နေပြည်တော်  ဇန်နဝါရီ       

KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီး တစ်လျှောက်ကို တပ်မတော်စစ်ကြောင်းများက ယနေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် အဆိုပါလမ်းမကြီးတစ်လျှောက်တွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာလျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ NUG CRPH အဖွဲ့တို့၏ စေခိုင်းချက်အရ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများအတွင်း ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး ကော့ကရိတ်- မြဝတီသွား အာရှလမ်းမကြီးပေါ်၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များကို အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီး၍ အဆိုပါလမ်းကြောင်းအား နှောင့်ယှက်ပိတ်ဆို့ ခဲ့သဖြင့်   ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မော်တော်ယာဉ်  ဖြတ်သန်းသွားလာမှုများ ခေတ္တရပ်ဆိုင်းခဲ့ကာ ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့သည်။

ထိုသို့ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှောင့်ယှက်ပိတ်ဆို့ထားသည့် အဆိုပါဒေသတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက အဆင့်ဆင့်  ပြန်လည်ထိန်းချုပ် တိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားလာနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ရက်နှင့် ယနေ့တို့တွင်လည်း KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် တတန်ကူးကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာတွင် ၁၂ ဘီးယာဉ်တစ်စီးနှင့် ယာဉ်ငယ်တစ်စီးတို့ဖြင့် လည်းကောင်း၊ ယင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာတွင် ၁၂ ဘီးယာဉ် စီးဖြင့်လည်းကောင်း ကန့်လန့်ဖြတ်ပိတ်ဆို့၍  လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေရေး နှောင့်ယှက်မှုများကို ပြုလုပ်လာခဲ့သဖြင့် နယ်မြေ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်  နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လမ်းမကြီးတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ခဲ့သည်။

ထိုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုကြောင့် အဆိုပါလမ်းမကြီးတစ်လျှောက်တွင် ယနေ့မွန်းလွဲပိုင်းမှစ၍ မော်တော်ယာဉ်များ ဘေးကင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။     

သတင်းစဉ်