Skip to main content

KNLA တပ်မဟာ(၆)နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့တို့က အင်အားအလုံးအရင်းဖြင့် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့် ဖာပွန်မြို့နယ်ရှိ လုံခြုံရေးစခန်းတို့သို့ ဝင်ရောက်တိုက်ခိုက်၊ အရာရှိ၊ စစ်သည်များ၏ စနစ်တကျခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဖရိုဖရဲဆုတ်ခွာထွက်ပြေး

နေပြည်တော်   ဇန်နဝါရီ   

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များသို့ KNLA တပ်မဟာ () နှင့် PDF အမည်ခံအကြမ်းဖက်  ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် နာရီ မိနစ် ၂၀ ခန့်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ 

KNLA တပ်မဟာ()နှင့် PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့တို့၏ အင်အားအလုံးအရင်းဖြင့်  ကြာအင်းဆိပ်ကြီးတပ်နယ်သို့ တစ်ချိန်တည်း တစ်ပြိုင်တည်း လာရောက်တိုက်ခိုက်ခဲ့သော်လည်း ယနေ့တွင် ကျရောက်သည့် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွင် အကြမ်းဖက်အဖွဲ့များအနေဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည်ကို ကြိုတင်သတင်းရရှိထားသဖြင့် တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် လုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိသောကြောင့် အကြမ်းဖက်အဖွဲ့များ နံနက် နာရီ ၁၀ မိနစ်မှ နာရီ မိနစ် ၅၀ အထိ တစ်ကြိမ်၊ ၁၀ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၁၀ မိနစ်အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဝင်ရောက်တိုက်ခိုက်သော်လည်း နံနက် ၁၁ နာရီ ၁၅ မိနစ် နောက်ပိုင်းတွင်  အကျအဆုံးများစွာဖြင့် အရှေ့တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

အကြမ်းဖက် ပူးပေါင်းအဖွဲ့များအနေဖြင့် တပ်ဌာနချုပ်များသို့ တိုက်ခိုက်ခဲ့သော်လည်း အရာရှိ၊ စစ်သည်၊  ရဲမေ၊  မှီခိုသူများ၏  ကြံ့ကြံ့ခံပြန်လည် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရေးကြီး  အဓိက အဆောက်အဦများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများနှင့် လူနေအဆောက်အဦများ အနီးသို့  ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရိုးကပ်လျက် လူနေထိုင်ခြင်းမရှိသော  စွန့်လွှတ်အဆောက်အဦ အချို့ကိုသာ ဖရိုဖရဲ ပြန်လည်ဆုတ်ခွာချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်း ဆည်းရမိခဲ့ပြီး စစ်ကူစစ်ကြောင်းများက တပ်နယ်လုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မဲဝိုင်တပ်မတော်ရှေ့တန်း လုံခြုံရေးစခန်းကိုလည်း ယနေ့နံနက် နာရီခွဲခန့်တွင် အကြမ်းဖက်ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ စခန်း၏အရှေ့ တောင်ဘက်နှင့် အရှေ့ဘက်တို့မှ အင်အားအလုံး အရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် မဆုတ်မနစ် ခုခံ တိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် ပူးပေါင်းအဖွဲ့များသည် နာရီ မိနစ်ခန့်တွင် အကျအဆုံးများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်ပူးပေါင်းအဖွဲ့ များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။   

သတင်းစဉ်