Jan 10, 2023
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ဒီမိုကရေစီခေတ်၊ တပ်မတော်ခေတ်၊ ဒီမိုကရေစီခေတ်ဟူ၍ ခေတ်လေးခေတ်ဖြင့် ဖြတ်သန်းခဲ့ရာတွင် ပြည်သူများလိုလား နှစ်သက်ကြသည့်ခေတ်မှာ ဒီမိုကရေစီခေတ် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကကျသည့် ကဏ္ဍဖြစ်သည်။ ရွေးကောက်ပွဲဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ပြည်သူကိုယ်စား တာဝန်ယူဆောင်ရွက်ကြသည်။
Jan 10, 2023
“နိုင်ငံနှင့်လူမျိုးနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ်မှုမျိုးကိုမဆို တိုင်းရင်းသားများ၏ စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုအင်အားဖြင့် အခိုင်အမာရင်ဆိုင်ကျော်လွှားနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။”
Jan 09, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 09, 2023
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Jan 09, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၈-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၂၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၇)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၇) ရာခိုင်နှုန်း ရှိပါသည်။
Jan 09, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jan 09, 2023
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့စားသုံးဆီတင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် နေကြာနှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် စားသုံးဆီပိုလျှံလာစေရေးကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာနှင့်လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံစဉ် အသိပေးပြောကြားလိုက်သည်။
Jan 09, 2023
(၄၄)ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ရရှိသော သွေးလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည်။
Jan 09, 2023
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Jan 09, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 09, 2023
SIM Card မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်
Jan 09, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ အဆိုပါကောလိပ်ရှိ အားကစားခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
Jan 09, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့၌ အသစ်တည်ဆောက်ဖွင့်လှစ်ပေးသွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာနှင့် ကွန်ပျူတာတက္ကသိုလ် မြေနေရာလျာထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Jan 09, 2023
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ကို ဖွင့်လှစ်ပေးကြသည်။
Jan 09, 2023
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ လူဦးရေသည် အချိန်နှင့်အမျှ စဉ်ဆက်မပြတ်တိုးတက်နေသည်။ ၂၀၂၂ ခုနှစ်အကုန်တွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်သည်။ လူဦးရေတိုးတက်လာသည်နှင့်အတူ စားနပ်ရိက္ခာလိုအပ်မှုမှာလည်း လိုက်ပါမြင့်တက်လာမည်ဖြစ်သည်။ လူသားများနေ့စဉ်မဖြစ်မနေဖြေရှင်းနေရသည့် ပြဿနာများတွင် စားနပ်ရိက္ခာသည် အဓိကကျသောအရေးကိစ္စဖြစ်သည်။ ငွေရှိသော်လည်းစားနပ်ရိက္ခာမရှိလျှင် အဆိုပါငွေကြေးသည် မည်သို့မျှတန်ဖိုးရှိမည်မဟုတ်ပေ။ ထို့ကြောင့် စားနပ်ရိက္ခာသည် ပထမ၊ စားနပ်ရိက္ခာသည် ပဓာနကျသောကိစ္စဖြစ်သည်။
Jan 09, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတများသည်လည်း အရေးပါသောအရင်းအမြစ်များဖြစ်ကြသည်။ သဘာဝသယံဇာတများဟုဆိုရာတွင် မြေနှင့်ရေတို့သည် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ရေးအတွက်အရေးပါပြီး သစ်တော၊ သတ္တု စသည့် သဘာဝသယံဇာတများမှာမူ ထုတ်ယူသုံးစွဲရေးအတွက်ဖြစ်သည်။ မိမိတို့နိုင်ငံသည် သစ်တော၊ သတ္တုသယံဇာတများကြွယ်ဝသည့် တိုင်းပြည်ဖြစ်သော်လည်း ရေရှည် ထုတ်ယူသုံးစွဲနိုင်ရန်အတွက်မျှော်မှန်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
Jan 08, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 08, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ပဥ္စမနေ့အဖြစ် ဆက်လက်ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ စိန်ရတုလွတ်လပ်ရေး နေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသည်။
Jan 08, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၇-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၁-၂၀၂၃) ရက်နေ့၊
Jan 08, 2023
၁၉၈၅ မှ ၁၉၈၈ ခုနှစ်အထိ နိုင်ငံတော်ကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝမ်းသူဟာရှိန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)နေ့တွင် စည်သူဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။
