Jul 19, 2023
အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ စစ်တွေတပ်နယ်ရှိ လေးဝတီပညာရေးရိပ်သာတွင်နေထိုင်၍ စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော တိုင်းစစ်ဌနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါလေးဝတီပညာရေး ရိပ်သာခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားကျင်းပ
Jul 19, 2023
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 19, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းတွင် မင်းပြားမြို့သို့ရောက်ရှိပြီး မင်းပြားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ငွေကောက်ကောင်တာတွင် မီးသုံးသူပြည်သူများက လျှပ်စစ်ဓာတ်အားခ လာရောက်ပေးဆောင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် မြောက်ဦးမြို့ သို့ရောက်ရှိရာ မြောက်ဦးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Jul 19, 2023
၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့် လှူဒါန်းနိုင်ရေး အသိပေးကြေညာ
Jul 19, 2023
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့် လှူဒါန်းနိုင်ရေး အသိပေးကြေညာ
Jul 19, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 19, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jul 19, 2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၇ ရက်က ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များအတွင်း Box Culvert နှင့်လမ်းများ တိုးချဲ့ဖောက်လုပ်နေမှုနှင့် သာယာ လှပရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jul 19, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Jul 19, 2023
ပြန်ကားရေးဝန်ကီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကား(ရန်ကုန်)၌ သံစုံတီးဝိုင်း၏ နိုင်ငံတကာတေးသီချင်းများ လေ့ကျင့်တီးခတ်သီဆိုမှု၊ တစ်ဦးချင်းကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးသင်တန်း (Personal Groo-ming Course) သင်ကြားနေမှုနှင့် လူရွှင်တော်စတား ကောင်းထက်စီစဉ်သည့် “ဟာသမြို့တော် ရယ်စရာစင်တင်ဟာသ တစ်ခန်းရပ်ပြဇာတ်” ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။
Jul 19, 2023
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်(ယနေ့)သည် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည်။ နှစ်အားဖြင့် ၇၀ ကျော်ကြာပြီဖြစ်သော်လည်း မြန်မာပြည်သူ ပြည်သားအားလုံးအနေဖြင့် ဤနေ့ကို ယနေ့ထက်တိုင် မမေ့နိုင်သေးပါ။ မသမာသူအကြမ်းဖက် လူသတ်သမားများက အမျိုးသားခေါင်းဆောင်ကြီးများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် တိုင်းပြည်အတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ခဲ့ရသည့် အဖြစ်ဆိုးကြီးကို ပြည်သူအားလုံး၏နှလုံးသားတွင် စွဲကျန်ရစ်နေမည်သာဖြစ်သည်။
Jul 19, 2023
ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မိမိတို့သည် အာဇာနည်နေ့သို့ရောက်တိုင်း အတိတ်ကာလက ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်လွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် မနားမနေကြိုးပမ်းကြရင်းနှင့် မသမာသူတို့၏ လုပ်ကြံမှုကြောင့် လွတ်လပ်ရေးမရမီ လက်တစ်ကမ်းအလိုတွင် ကျဆုံးခဲ့ရသည့်အဖြစ်ကို ပြန်လည်အမှတ်ရလေ့ရှိကြသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့၏ ထူးခြားထင်ရှားသည့် ကိုယ်ရည်ကိုယ်သွေးနှင့် နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် တို့ကိုလည်း ပြန်ပြောင်းအောက်မေ့ကာ အလေးအမြတ်ပြုကြရသည်။
Jul 18, 2023
ထိုင်းနိုင်ငံရှိ Siam Cement Group (SCG) ကုမ္ပဏီ၊ ထိုင်းကြက်ခြေနီ အသင်းနှင့် ထိုင်းအယုဒ္ဓယဘဏ်တို့မှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်းကို ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ယနေ့နံနက်ပိုင်းကဆောင်ရွက်သည်။
Jul 18, 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တည်ထောင်သည့် (၉၆)နှစ်မြောက် အခမ်း အနားကို ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ကြီး H.E.Mr. Chen Hai ၊ စစ်သံမှူး Senior Colonel Wang Wei ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
Jul 18, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 18, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jul 18, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Jul 18, 2023
တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် အသည်းအစားထိုး လူနာ ၃ ဦး အားလည်းကောင်း အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။ ယခုအခါ တတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှု စင်တာ၌ ပြုလုပ်ခဲ့သည်။
Jul 18, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကုတင်(၅၅၀)ဆံ့ ရန်ကင်းကလေးဆေးရုံကြီးသို့ ရောက်ရှိပြီး မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်၊ နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကြပ်မတ်ကုသဆောင်၊ ကလေးအထူးကြပ်မတ် ကုသဆောင်၊ နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ကုသခန်းတို့၌ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၈-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Jul 18, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၆၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းရှိပါသည်။
