Jul 18, 2023
ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရေး ဆိုင်ရာ စေလွှတ်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 18, 2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
Jul 18, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီးရေရှည်တည်တံ့သော တန်ဖိုးမြင့် သဘာဝရော်ဘာထုတ်လုပ်မှုဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
Jul 18, 2023
အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၌ ကျင်းပသည်။
Jul 18, 2023
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၁/၂၀၂၃ နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 18, 2023
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငါးမျိုးစိုက်ထည့်ပွဲနှင့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည်။
Jul 18, 2023
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်နှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jul 18, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jul 18, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 18, 2023
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန်နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အလီဆာဘရီနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံသည်။
Jul 18, 2023
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာအသိမှတ်ပြုလက်မှတ်သင်တန်း Certificate in Entrepreneurship and Business Management (Batch I) ကို ၁၂-၅-၂၀၂၂ ရက်မှ ၁၂-၈-၂၀၂၂ ရက်အထိလည်းကောင်း၊ (Batch II) ကို ၁၅-၂-၂၀၂၃ ရက်မှ ၁၅-၅-၂၀၂၃ ရက်အထိလည်းကောင်း Free Online Certificate Course အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
Jul 18, 2023
Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်သွယ်တန်းခြင်း လုပ်ငန်းကို ရေအောက်ကေဘယ်လ်ချခင်းသည့် သင်္ဘော CS.Nusan- tara Explorer ဖြင့် မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း ကေဘယ်လ်ကြိုးကို Rov သုံး၍ ပင်မလိုင်းခွဲ ယူနစ် (၁) တပ်ဆင် ထားသောနေရာတွင် သောင်တူးခြင်းဖြင့်မြှုပ်နှံခြင်း ဆောင်ရွက်သွားမည့် ဧရိယာများဖြစ်သော မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၃၈၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၄၁၇ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၆ ဒသမ ၆၃၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၁၀၉ မိနစ်အတွင်း၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်တွင်လည်းကောင်း၊
Jul 18, 2023
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၈ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။
Jul 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် (၂) ကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Jul 18, 2023
နေပြည်တော် ဇူလိုင် ၁၇
Jul 18, 2023
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ပုစွန်၊ ငါးခွေးလျှာ၊ ငါးကြင်းတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ မန်ကျည်းသီး (အစေ့ပါ)၊ ချင်းခြောက်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များ တင်ပို့နိုင်ခဲ့သည်။
Jul 18, 2023
နေပြည်တော် ဇူလိုင် ၁၇
Jul 18, 2023
၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပမည်ဖြစ်သည်။
Jul 18, 2023
မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်၌ နှစ်ပေါင်းတစ်ရာကျော် ကျွန်ဘဝရောက်ခဲ့သည်။ သူ့ကျွန်ဘဝတွင် အခြယ်လှယ်ခံ၊ အဖိနှိပ်ခံ၊ သွေးစုပ်ခံဘဝဖြင့် နေခဲ့ရသည်။ သူ့ကျွန်မခံလိုသော မြန်မာတို့သည် နယ်ချဲ့တို့ကို အသက်သွေးချွေး တို့ဖြင့်ရင်းနှီးကာ နည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်။ တော်လှန်ခဲ့သော သမိုင်းစဉ်တွင် အာဇာနည်ခေါင်းဆောင်များပေါ်ထွန်းခဲ့သည့်အနက် နိုင်ငံအတွက် ဂုဏ်ပြု မှတ်ကျောက်တင်ထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရဂုဏ်ပြုသည့်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
