Oct 13, 2023
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Oct 13, 2023
ပြီးခဲ့သည့်ရက်သတ္တပတ်က အစ္စရေးနိုင်ငံ၏ အားလပ်ရက်တစ်ရက်တွင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဟားမားစ်တို့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀၀ ကျော်သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုသို့တိုက်ခိုက်ပြီး နှစ်နာရီအကြာတွင် ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၈ ဦးထက်မနည်းသေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
Oct 13, 2023
ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ တက်လှမ်းလာပြီဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်က စတင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဖက်စပ်လုပ်ငန်းထူထောင်ခြင်း ဆိုင်ရာဥပဒေကို ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နောက်တစ်နှစ် ၁၉၈၀ တွင် အထူးစီးပွားရေးဇုန်ကြီးလေးခုကို နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့ကြီးများတွင်တည်ထောင်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ စီးပွားရေးတံခါးဖွင့်ဝါဒ စတင်ကျင့်သုံးချိန်မှစ၍ နှစ်စဉ်ဆက်တိုက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ယခုအခါ စီးပွားရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
Oct 12, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
Oct 12, 2023
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းရှိ ကုန်းတလင်း၊ ဇီးကုန်း၊ ဇီးကုန်း ကျွန်း၊ သူဌေးကုန်းနှင့် ကန်ဒေါင့် ကျေးရွာတို့၌ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Oct 12, 2023
၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု(E) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁၁ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၌ကျင်းပရာ မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
Oct 12, 2023
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ် ရွှေဘုံသာ ရပ်ကွက် ဗန္ဓုလလမ်းပေါ်၌လိုင်စင်မဲ့ Hijet မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်
Oct 12, 2023
အမျိုးသမီးများကို တရုတ်အမျိုးသားများထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Oct 12, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဥတ္တရသီရိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီတို့မှ ပါတီကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်စမ်းသပ်မဲပေးကြသည်။
Oct 12, 2023
မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ငွေကျပ် သိန်း ၇၂၀၀ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Oct 12, 2023
Myanmar International School Yangon မှ IGCSE AS နှင့် A Level ကျောင်းသား ကျောင်းသူများသည် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်/စက်မှုအသင်းချုပ်သို့ လာရောက်လေ့လာရာ ကုန်သည်/စက်မှုအသင်းချုပ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဒေဝက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
Oct 12, 2023
အလယ်အလတ်အဆင့် (Grade-2) နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းအမှတ် စဉ်-၁၀၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ် ခန်းမ၌ ကျင်းပသည်။
Oct 12, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 12, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 12, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း အမှတ်(၃)လမ်းဆုံ တိုးလ်ဂိတ်၌ ယာဉ်များပိတ်ဆို့မှုမရှိဘဲ ယာဉ်ကြီးယာဉ်ငယ်အားလုံး ပုံမှန်အတိုင်း သွားလာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တိုးလ်ဂိတ်ဖြတ်သန်းစဉ် ယာဉ်ကြောပိတ်ဆို့မှုမရှစေရေး Lane အလိုက် တာဝန်ခွဲဝေဆောင်ရွက်သွားရန် မှာကြားသည်။
Oct 12, 2023
ကချင်ပြည်နယ် လိုင်ဇာဒေသ မုန်လိုင်ချက်တွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အချို့မီဒီယာများက တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်လိုသည့် သဘောဖြင့် မဟုတ်မမှန်စွပ်စွဲ ပြောဆိုရေးသားလျက်ရှိရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ရှင်းလင်းပြောကြားချက် အပြည့်အစုံကို ဖော်ပြလိုက်ပါသည်-
Oct 12, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဓာတ်အားစနစ်ထိန်းချုပ်မောင်းနှင်ရေးဌာန (Russian Power System Operator) သို့ သွားရောက် လေ့လာသည်။
Oct 12, 2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင် ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် ပျဉ်းမနား မြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးကြသည်။
Oct 12, 2023
စာရင်းအင်းအသုံးပြုသူများနှင့် စာရင်းအင်းထုတ်ပြန်သူများ အကြား ပိုမိုချိတ်ဆက်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက် အမှာစကားပြောကြားသည်။
