Skip to main content

ကုန်သည်/ စက်မှုအသင်းချုပ်သို့ MISY မှ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

ရန်ကုန် အောက်တိုဘာ ၁၁

Myanmar International School Yangon မှ  IGCSE  AS နှင့်   A Level  ကျောင်းသား ကျောင်းသူများသည်  အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်/စက်မှုအသင်းချုပ်သို့ လာရောက်လေ့လာရာ ကုန်သည်/စက်မှုအသင်းချုပ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဒေဝက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် UMFCCI History Video Clip ကို ဖွင့်လှစ်ပြသပြီး ဒုတိယအမှုဆောင်အရာရှိ  ဦးထွန်းထွန်းနိုင်က Trade and Investment Opportunities in Myanmar ခေါင်းစဉ်ဖြင့် ရှင်းလင်း‌ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက Export/Import  Proceduresများအကြောင်း၊ Tradingလုပ်ရာတွင် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း မည်သည့်လမ်းကြောင်းတွင် အခွန်အခများ မည်သို့ကောက်ခံသည်ကို သိရှိလိုကြောင်း၊ Trade and Distribution Channelsများအ‌ကြောင်း မေးမြန်းရာ အသင်းချုပ်အမှုဆောင်များ ဖြစ်ကြသော ဦးညီညီအောင်၊ ဒေါက်တာစိုးထွန်းနှင့် ဒေါ်နန်းကလျာဝင်းတို့က ပြန်လည်ဖြေကြား  ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်