Skip to main content

ရေစကြိုမြို့နယ်အတွင်း မိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ

ရေစကြို အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းရှိ ကုန်းတလင်း၊ ဇီးကုန်း၊ ဇီးကုန်း ကျွန်း၊ သူဌေးကုန်းနှင့် ကန်ဒေါင့် ကျေးရွာတို့၌ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မျိုးဥများအနေဖြင့် ဒေသခေါ် (ကျမ်းကျွံ) ဥသေးများနှင့် (ဇော် မွှား) မျိုးဥများကို စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုးဥ ပိဿာ (၃၀၀ မှ ၃၅၀) ခန့် စိုက်ပျိုးရပြီး မျိုးဥအရွယ်အစားအကြီး၊ အသေးပေါ်မူတည်၍ တစ်ဧကစိုက်ပျိုးရာတွင် သုံးစွဲရသည့် ပိဿာများ ကွာခြားမှုရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် ငွေကျပ် ၂၅၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရာသီဥတု ကောင်းမွန်ပြီး ခန့်မှန်းအထွက်နှုန်းအတိုင်း ထွက်ရှိမည် ဆိုပါကတောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်ကြောင်း ကုန်းတလင်း ကျေးရွာမှ ကြက်သွန်စိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။            

DOCA (မကွေး)