Skip to main content

Mar 08, 2025

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တနင်္သာရီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 08, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ် လှည်းကူးအားကစားကွင်းသို့ ရောက်ရှိပြီး နွေရာသီဘောလုံး၊ ပြေးခုန်ပစ်၊ သိုင်းနှင့် ဘတ်စကက်ဘောအားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား သင်တန်းသူများ၊ လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန်၊ နည်းစနစ်မှန်ကန်စေရန်၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 08, 2025

၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 08, 2025

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ ပြည်သူ့ဆေးရုံနှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဆေးရုံ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

ပြည်တွင်းသံထည်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ခေတ်မီသံထည်/သံပုံသွင်း နည်းပညာများအသုံးပြုပြီး အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တိုးတက်ရရှိရေးတို့အတွက် ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့သို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ဟိုင်းကြီးကျွန်း မြို့ရှောင်လမ်း အရှည်တစ်မိုင် ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နွေရာသီအခြေခံအားကစားသင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်ကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

မြန်မာနိုင်ငံမှထွက်ရှိသည့် ဝါဂွမ်းများအနက် ပြည်တွင်းသုံးစွဲ၍ ပိုလျှံသည့်ဝါဂွမ်းများကို နိုင်ငံတကာအရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂)ဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် ဆိုလာသင်တန်းစင်တာဖွင့်ပွဲ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာဖွင့်ပွဲနှင့် ဆိုလာစနစ်များအသုံးပြုမှုမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားများကို ယနေ့တွင် ရန်ကုန်မြို့ရှိ အဆိုပါဦးစီးဌာန၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ စက်မှုလက်မှုနှင့် ဆိုလာကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပထမဒုတိယဝန်ကြီး Mr. Pavel Sorokin နှင့် ရုရှားနိုင်ငံတော်ပိုင် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီ “Zarubezhneft” မှ နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲ Mr. Alesksander Boldyrev တို့ကို ယမန်နေ့နံနက် ၉ နာရီခွဲက မော်စကိုမြို့ရှိ Radisson Collection ဟိုတယ်၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

သီတဂူကေတုမတီ အာယုဒါနဆေးရုံတော်ကြီးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ် သီတဂူကေတုမတီအာယုဒါနဆေးရုံကြီး၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ(၁)နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ သီးခြားဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 07, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ မတ် ၅ ရက်တွင် ကျင်းပခဲ့သည့် မြန်မာ - ရုရှား စီးပွားရေးဖိုရမ်တွင် ဆွေးနွေးညှိနှိုင်းချက်များအရ မြန်မာနိုင်ငံမှ ပေါင်းဆန်များအား ရုရှားနိုင်ငံသို့တင်ပို့နိုင်ရေးနှင့် ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် သုံးသိန်းနှင့် ပိုးသတ်ဆေးများ ဝယ်ယူရေးတို့အတွက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို စိန့်ပီတာစဘတ်မြို့ lotte Hotel ၌ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 04, 2025

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် TTTC (ဘယ်လင်း) ၌ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသော နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာများ၏ လက်တွေ့ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ၊ Grassroot Project နှင့် Innovation Project ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 04, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ရိုးမရိပ်သာအိမ်ရာအဆောက်အအုံ ၃၅ လုံး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အိမ်ရာဝင်းလုံခြုံရေး ဆောင်ရွက်ထားရန်၊ သတ်မှတ်ရက်အမီပြီးစီးစေရေး၊ နေထိုင်သူပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရန်နှင့် Cover Market အချိန်မီဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 04, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ်ပညာရေးမှူး ဦးမြင့်လွင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ဟဲဟိုး)၊ တောင်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (တောင်လေးလုံး)၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေညောင်) နှင့် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း‌ကျောင်း (အေးသာယာ)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ထုံးဘို) ၊ အမှတ် (၇) နှင့် အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5) နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ မြန်မာဘာသာဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 04, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် UN Women ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ms. Christine Arab အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 04, 2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆိုင်ရာ သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အေဂျင်စီဥက္ကဋ္ဌများက Virtual စနစ်ဖြင့် သတ်မှတ်နေရာများမှ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်