Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကုမ္ပဏီနှစ်ခုက အနွေးထည် ၄ဝဝဝ လာရောက်လှူဒါန်း

နေပြည်တော်   နိုဝင်ဘာ   

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် ၄၀၀၀ ကို ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ပြောကြား

ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူ့အသိုက်အဝန်း ပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး မူဝါဒကိုချမှတ်ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ပါကြောင်း၊၂၀၂၁ ခုနှစ် ဆောင်းရာသီကာလများတွင် အားအနည်းငယ်မှ အသင့်အတင့်ရှိသည့် လာနီညာအဆင့် ရာသီဥတုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်း ထားသည့်အတွက် မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် အအေးပိုင်းဒေသများတွင် အနွေးထည် များလိုအပ်နိုင်ပါကြောင်း၊ လှူဒါန်းမှုပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန် မြို့) မှတစ်ဆင့် လိုအပ်ချက်ရှိသော ဒေသများရှိ ပြည်သူများကို ဖြန့်ဝေပေးမည်ဖြစ်သည့်အတွက် ကုမ္ပဏီနှစ်ခုက လာရောက်လှူဒါန်း ခြင်းအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်