Skip to main content

Jul 06, 2023

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (Myanmar) သို့ရောက်ရှိပြီး လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာလူငယ်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ယူလေ့လာနိုင်ရန်နှင့် လူငယ်များလုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုစွမ်းရည်များ တိုးတက်စေရေးအပြင် အသိပညာအတတ်ပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်ပို့ချသော အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် လက်တွေ့သင်ကြားမှုဆိုင်ရာ သရုပ်ပြခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2023

သင်ကြားရေးဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် (၂) နှင့် မွန်းလွဲပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)တို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား သမီး၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2023

China-ASEAN Forum on Emerging Industry သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့တွင် ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက BYD အမျိုးအစား လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ (EV) ထုတ်လုပ်လျက်ရှိသည့် စက်ရုံသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် LLC Souznedra ၏ဥက္ကဋ္ဌ Mr. Artemiy Alimov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2023

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေကန်တော်ကြီးရေလှောင်ကန်၌ကျင်းပသည့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 04, 2023

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့်ဒေသများမှ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Ling Jiou Mountain (H.K) Buddhist Society Limited နှင့် White Jade Wang Interprise Co.,Ltd တို့မှသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2023

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

(၇၁) နှစ်မြောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့သစ် လုပ်ငန်းရုံးချုပ်ရှိ တော်ဝင်ခန်းမ၌ကျင်းပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ စားသုံးဆီတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌တွေ့ဆုံ ပြီး စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဈေးကွက်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းများအား e-ID Server သို့ ထည့်သွင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ်အတည်ပြုနိုင်ရေးနှင့် ပန်းခင်းစီမံချက် အဆင့်(၂) လျာထားချက်ပြည့်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

 ၂၀၂၃ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Solonetsky Vitaly ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ (ပထမ အကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ရေလှောင်တမံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM”တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံ ပွဲတော် ၂၀၂၃ တတိယနေ့တွင် Oliver Stones’s Documentary “Nuclear Now ”ရုပ်ရှင်ပြသပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ နျူးကလီးယား နည်းပညာသတင်းအချက်အလက်စင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

စစ်တွေမြို့သို့ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကဏန်းပျော့မွေးမြူရေး၊ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူရေးနှင့် စစ်တွေမျိုးသန့်ခြံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပသည့် လေအေးပေးစက် တပ်ဆင်ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရုရှား- မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ Vice President ဖြစ်သူ Mr. Solonetsky Vitaly နှင့် Secretariat ဖြစ်သူ Mr. Seferov Rusher ၊ Aquarius သတင်း အချက်အလက်နည်းပညာကုမ္ပဏီ၊ ရုရှားနိုင်ငံအခြေစိုက် CMR Bank နှင့် Food Line Trading ကုမ္ပဏီတို့မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်