ရန်ကုန် နိုဝင်ဘာ ၁၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်းနှင့် ဝင်္ကပါပတ်လမ်း (ဝါးရုံတောလျှောက်လမ်း) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရိုးရာအိမ်များပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကပွဲခန်းမအတွင်း ဆေးသုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်