Skip to main content

ကိုးကန့်ဒေသ ပါစင်ကျော်၊ ကွမ်းလုံ၊ သိန္နီနှင့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်ဒေသဘက်တို့တွင် တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်နေမှုအခြေအနေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေကတော့ နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းအထိ ရှမ်းပြည်နယ် အရှေမြောက်ဘက်မှာ ကိုးကန့်ဒေသ ပါစင်ကျော်နားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ရှိပါတယ်၊ တပ်မတော်အနေနဲ့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်တစ်ခုကတော့ MNDAAအဖွဲ့အနေနဲ့ နယ်ခြားမှတ်တိုင် ၁၂၅ နားမှာရှိတဲ့ စစ်ဘေးရှောင်အဖွဲ့တွေကို နှစ်နိုင်ငံ အထင်အမြင်လွဲမှားအောင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာရှိတယ်၊ ကွမ်းလုံမှာတော့ တပ်မတော်အနေနဲ့ စစ်ဗျူဟာအရ ဟပေးခဲ့တာတွေရှိပါတယ်၊ အဆိုပါနေရာတွေကို MNDAA  အဖွဲ့က ခိုးကြောင်ခိုးဝှက်လာပြီး ဓာတ်ပုံရိုက်ပုံစံမျိုးတော့ရှိပါတယ်၊ သိန်းနီဘက်မှာတော့ တပ်မတော်အနေနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီနေ့တစ်နေကုန်မှာတော့ ကယားပြည်နယ် လွိုင်ကော်မြို့မှာတော့ မြို့အပြင်မှလာပြီးတော့ အဝေးမှပစ်ခတ်မှုတွေရှိတယ်၊ တပ်မတော်မှလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်၊ အကြမ်းဖက်သောင်းကျန်းသူတွေ အလောင်း၊ လက်နက်ကျန်ခဲ့တာတွေရှိခဲ့ပါတယ်၊ ထီးချိုင့်မြို့ပေါ်တော့ တစ်ရက်တုန်းကထီးချိုင့်မြို့ထဲအထိ KIA PDF တွေ ဝင်ရောက်လာတာရှိတယ်၊ ဒါတွေကို တပ်မတော်အနေနဲ့ ဒီနေ့မှာပြန်လည်တိုက်ထုတ်လိုက်ပြီ ဖြစ်ပါတယ်၊ သူတို့ဆီက အလောင်း၊ လက်နက်တော်တော်များများ  ရလိုက်တာရှိပါတယ်၊ ထီးချိုင့်မြိုမှာ၊ လွိုင်ကော်ဘက်မှာပါ ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ဒေသ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေဒေသအသီးသီးမှ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နယ်မြေလုံခြုံရေး၊ ပြည်သူအသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ကြတဲ့ တပ်မတော်သားများ၊ လုံခြုံရေးဆောင် ရွက်နေကြတဲ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆက်စပ်မဟာမိတ်ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များအားလုံးကို ဒီနေရာမှ အသိအမှတ်ပြုကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်၊ ပြီးရင်တော့ ငြိမ်းချမ်းတည်ငြိမ်တဲ့ အခြေအနေမျိုးကို ဆက်လက်တည်ဆောက်သွားပါမယ်။