Skip to main content

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး "Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲသို့ တက်ရောက်အားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်နိုင်ငံ မှ ဂီတစာဆို တီးဝိုင်းခေါင်းဆောင် Mr. Yunosuke Yamamoto (Conductor & Composer) ဦးဆောင်သော ဂျပန်အနုပညာရှင်များ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် "Myanmar National Symphony Orchestra Concert 2020" ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်အားပေးသည်။

ပြည်သူ့ရေးရာ မူဝါဒနှင့် အခြေခံလူမှုရေးသုတေသနနည်းစနစ်သင်တန်းဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်သူ့ရေးရာမူဝါဒ (Public Policy) နှင့် အခြေခံလူမှုရေး သုတေသနနည်းစနစ် (Basic Social Research Methodology) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ရန်ကုန်မြို့တော် ရုပ်သံလိုင်း(City Channel)ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့တော် ရုပ်သံလိုင်း (City Channel) ထုတ်လွှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၁

 

ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တာဝေးစက်ဘီး အားကစားကွင်း၌ ကျင်းပသည်။

မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာအင်စတိကျု (PANNA INSTITUTE) တို့ ပူးပေါင်းပြီး KAS Myanmar ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သည့် စတုတ္ထအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။

သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

သတင်းအချက် ရပိုင်ခွင့် ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်၉ နာရီ တွင် နေပြည်တော်ရှိ  ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာ ဖွံ့ဖြိုးတိုးတက်မှုညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၃

အဋ္ဌမအကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်မှုညီလာခံ (8th Myanmar Media Development Conference) အောင်မြင်စွာ ကျင်းပနိုင်ရေးတွေ့ဆုံ ဆွေးနွေးပွဲ ကို  ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားနှင့် မြန်မာနိုင်ငံ ကလေးများနေ့ ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားနှင့် မြန်မာနိုင်ငံ ကလေးများနေ့ ( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ သီချင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပသည်။

နေပြည်တော် သပြေကုန်းအဝိုင်းအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ပြခန်း တွင် လာရောက်လေ့လာကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ  ၁၂

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်ဖွင့်ပွဲကို ယင်းနေ့နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ  ပြန်ကြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်ပြခန်းကို စတင် ခင်းကျင်းပြသလျက်ရှိသည်။

Subscribe to MOI News