နေပြည်တော် မတ် ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲပေးနိုင်ရေး ပညာပေး ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲပေးနိုင်ရေး ပညာပေးရန် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။