Skip to main content

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနကို စည်ကား သိုက်မြိုက် စွာ ဖွင့်လှစ်

ရန်ကုန်  ဖေဖော်ဝါရီ ၈

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် (၄၂၁/ဒီ) ၌ ကျင်းပသည်။

လူထုအခြေပြုဗဟိုဌာန(Community centre)(ဗဟန်း)ဖွင့်ပွဲကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ  ၈

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူပေါင်းဆောင်ရွက်မှုဖြင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)(ဗဟန်း)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြိုနယ်၊ အရှေ့ ရွှေဂုံတိုင် လမ်းရှိ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ ပဥ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၄

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ ပဥ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၀- ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၉

 ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေ  ၃ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဦးအောင်လှထွန်း က အဖွင့်အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း BBC Media Action မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၈

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် BBC Media Action မှ တာဝန်ရှိသူ များအား၊ ယနေ့ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် BBC Media Action ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)

ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ ၁ /၂၀၂၀ အစည်းအဝေးကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၂၅

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) ၁ /၂၀၂၀  အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပ

မန္တလေး ဇန်နဝါရီ ၂၅

နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့  နန်းတော်ရှေ့အားကစားကွင်း၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ နန်းတော်ရှေ့နယ်လုံးဆိုင်ရာ စာကြည့်သင်း ရာပြည့်အထိမ်းအမှတ်ပွဲတော်ကို  ဇန်နဝါရီ ၂၇ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်အတွင်း စာအုပ်ဈေးရောင်းပွဲတော်နှင့် စာကြည့်သင်း၏ သမိုင်းဆိုင်ရာ ပြခန်းလည်း ဖွင့်လှစ်ပြသထားသည်။

နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးညှိနှိုင်းအစည်း အဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

 

နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနအောက်ရှိဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်ဝေ၊ ဖြန့်ဖြူးနိုင် ရေးဆောင်ရွက်နေမှု ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

Subscribe to MOI News