Skip to main content
Jul 26, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jul 26, 2024
ဒီမိုကရေစီရွေးကောက်ပွဲများရဲ့ သဘောသဘာဝနဲ့ အနှစ်သာရဆိုလို့ ကြီးကျယ်ရန်ကောလို့ မထင်လိုက်ကြပါနဲ့။ တကယ်တော့ ဒီမိုကရေစီရွေးကောက်ပွဲများရဲ့ သဘောသဘာဝက ရိုးရှင်းပါတယ်။ မြန်မာစာပေကျမ်းဂန်တွေအရဆို ကမ္ဘာဦးလူသားတွေခေတ်ကတည်းက မဟာသမ္မတမင်းကို လူအများက ရွေးကောက်တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။
Jul 26, 2024
ဆောင်းပါး
ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးသက်ရောက်မှုနှင့် နည်းပညာအလျင်အမြန် ပြောင်းလဲလာမှုများကြောင့် ယခင်ကာလများထက်ပို၍ MSME များသည် ငွေကြေးအရင်းအနှီး၊ ဒစ်ဂျစ်တယ်အသုံးချမှုစွမ်းရည်များ၊ အဆင့်မြင့်စက်ကိရိယာများနှင့် နည်းပညာများ၊ ကျွမ်းကျင်လုပ်သားများ၊ စီးပွားစီမံခန့်ခွဲမှုနည်းစနစ်များ၊ သတင်းအချက်အလက်များ၊ ကမ္ဘာ့ဈေးကွက်များသို့ ဝင်ရောက်နိုင်ရေး အစီအမံများပံ့ပိုးပေးရန်လိုအပ်လာခြင်းနှင့်အတူ လုပ်သာကိုင်သာရှိစေရန် ဖန်တီးပေးထားသော စီးပွားရေးဝန်းကျင်ကောင်းများ ပိုမိုလိုအပ်လာသည်ကို တွေ့ရှိရပါသည်။
Jul 25, 2024
ကျွန်တော်တို့ရဲ့ဘဝထဲမှာလည်းကောင်း၊ လူမှုကိစ္စအဝဝမှာလည်းကောင်း မကောင်းတာတွေ ခြစားတာတွေနဲ့ မပြီးမပြတ်ဖြစ်နေတဲ့ကိစ္စတွေကို ပစ်မှတ် (Focus) အဖြစ် ကြည့်မြင်ကြလေ့ရှိပါတယ်။ ဘယ်လိုကိစ္စတွေကို ဆောင်ရွက်ပြီးပြီလဲ၊ ကောင်းတာတွေနဲ့ မြင့်မြတ်တဲ့ကိုယ်ကျင့်တရားနဲ့ စိတ်ထား၊ ဒုက္ခဖိစီးမှုစည်းကို ဖြေလျှော့ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက် လာမှုတွေကို ပိုအာရုံထားကြရမှာ မဟုတ်ဘူးလား။
Jul 25, 2024
ဆောင်းပါး
ဇူလိုင်လ ၁၁ ရက်နေ့၊ ပုဂံ/ ညောင်ဦးဒေသသို့ နေ့ချင်းပြန်ခရီးသွားခဲ့သည်။ ရည်ရွယ်ချက်မှာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မြင်းကပါ၊ ကုန်းတန်းကြီးနှင့်နတ်ကြိုအိုင်ကျေးရွာ အဝင်လမ်းများ၊ ရွာတွင်းလမ်းများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြုပြင်ဖောက်လုပ်ပေးလျက်ရှိရာ လုပ်ငန်းစတင်နိုင်မှု၊ ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးရန်၊ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ ထိုနေ့ကကုန်းတန်းကြီးကျေးရွာသို့ အရင်သွားသည်။ ပြီးလျှင်ဖွားစောအရှေ့ရွာနှင့် အနောက်ရွာများသို့ရောက်ခဲ့သည်။ ထိုမှ လောကနန္ဒာစွယ်တော်မြတ်စေတီကို သွားရောက်ဖူးမြော်ခဲ့သည်။ ဘုရားဖူးပြီးပါက မဉ္ဇူသကနတ်ပန်းထုပ်လေးများ ရောင်းချနေကြသော ဈေးသည်လေးများနှင့် ခေတ္တခဏတွေ့ခွင့်ရအောင် စီစဉ်ပေးပါရန် ဂေါပကအဖွဲ့သို့ မေတ္တာရပ်ခံထားပေရာ ဓမ္မာရုံတစ်ခုအတွင်း၌ စုပေးထားပါသည်။ ၁၅ ယောက်ခန့် ရှိမည်ထင်ရ၏။ ကျွန်တော်ဝင်သွားချိန်မှာ အားလုံးကမျက်လုံးလေး တွေပေကလတ်ပေကလတ်နှင့် ကြည့်နေကြ၏။ သည်ဆရာ ငါတို့ကို ဘာများပြောမှာပါလိမ့်. . .။
Jul 24, 2024
ဆောင်းပါး
အမျိုးသားပြတိုက် (နေပြည်တော်) ကို မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသည့် မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသရန်နှင့် မိမိတို့လူမျိုး၏ Soft Power စွမ်းဆောင်ချက်များကို ပြသရန်ဟူသည့်ရည်ရွယ်ချက်များဖြင့် ရှေးဟောင်းသုတေသနဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ အမွေအနှစ်ပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်မှာ ၁၅-၇-၂၀၂၄ ရက်နေ့တွင် (၉) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ အမျိုးသားပြတိုက် (နေပြည်တော်) (၉) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက် နေ့အထိ ပြသလျက်ရှိပါသည်။
Jul 24, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jul 24, 2024
ဆောင်းပါး
ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်းအင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှုဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းများသို့ တဖြည်းဖြည်းပျံ့နှံ့ရောက်ရှိလာလျက်ရှိနေပါသည်။
Jul 23, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Jul 23, 2024
ထကြွသောင်းကျန်းပတ်ရမ်းနေတဲ့ မြန်မာဆိုင်ရာစိတ်ရောဂါလက္ခဏာစု
​​​​​​​နိုင်ငံတကာအဖွဲ့အစည်းတွေဆီက အထည်ကြီးပျက်တွေနဲ့ ဂိုက်ဖမ်းပြနေသူတွေထဲမှာ (Myanmar Derangement Syndrome) လို့ဆိုတဲ့ မြန်မာဆိုင်ရာ စိတ်ရောဂါလက္ခဏာစုတွေ ထကြွနေကြပြီး သောင်းကျန်းရမ်းကားနေကြလေရဲ့။ သူတို့ဟာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့၊ ဘဝင်မြင့်နေတဲ့၊ စိတ်ကြီးဝင်ပြီး အထက်စီးဆန်တဲ့စိတ်ဓာတ်တွေ အကြီးအကျယ် ကိန်းအောင်းနေတဲ့ သီလကြောင်တွေပါ။ သူတို့ဟာ သူတို့နေထိုင်ရာနေရာကနေ လွန်စွာဝေးကွာလှတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရှိ အသားညို၊ အသားဝါလူမျိုးတွေကို ဗလာချီဝေဖန်ထိုးနှက် နေကြသူတွေပါ။ အင်အားကြီးအနောက်နိုင်ငံတွေက သူတို့ရဲ့ “အန်ကယ်တွေ”နဲ့ တွေ့ပြီဆိုရင်တော့ ကုပ်ကုပ်ကလေးရှိနေတတ်ကြသူတွေပါ။