Skip to main content
Aug 16, 2024
Prisoner’s Dilemma ကို နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ ကဏ္ဍနယ်ပယ်စုံနဲ့ဆက်စပ်ပြီး လေ့လာနိုင်ပါတယ်- (က)    နိုင်ငံရေး။ နိုင်ငံကြီးနှစ်နိုင်ငံက အပြိုင်အဆိုင်လက်နက်တပ်ဆင်ဖို့ စီစဉ်နေတယ်။ နှစ်နိုင်ငံလုံးက လက်နက်တွေကို လျှော့ချတာက အကောင်းဆုံးဖြစ်ပေမယ့် တစ်နိုင်ငံတည်းက လက်နက်လျှော့ချမိသွားပြီး နောက်တစ်နိုင်ငံက လက်နက်ထပ်တိုးလိုက်ရင် အဲဒီနိုင်ငံ အကျိုးအမြတ် ရသွားမယ်ဆိုတဲ့ ယုံကြည်မှုပျက်ပြားမှုကြောင့် တစ်နိုင်ငံချင်းစီက လက်နက်ထပ်တိုး တပ်ဆင်လေ့ရှိပါတယ်။
Aug 16, 2024
စာတိုက်နှင့် ပတ်သက်၍ ကျောက်စာတွင်ဖော်ပြထားသည်မှာ သက္ကရာဇ် ၆၁၀ ခုနှစ် ရေးထိုးထားသော အစေါကြွမ်းကျောက်စာ စာကြောင်းရေ (၄၁) တွင် “စတိုက  ပ္လုသော က္လသောငုယ်ကာ” (စတိုက် ပြုသော ကျသောငွေကား) ဟုရေးထိုးထားပါသည်။ မြန်မာ့ယွန်းထည်လုပ်ငန်းတွင် လူသိများသော မြန်မာ့ပေစာ၊ ပုရပိုက်စာကဏ္ဍတွင် အထူးအရေးပါသော “စာတိုက်” မှာ ပုဂံခေတ်ကာလခန့်ကတည်းက ပေါ်ပေါက်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ပုဂံခေတ်နောက်ပိုင်းကာလတွင် ခေတ်အဆက်ဆက် ပြုလုပ်ခဲ့သော စာတိုက်များကို ယွန်းကောလိပ်ပြတိုက်တွင် လည်းကောင်း၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်တွင် လည်းကောင်းနှင့် စလေရှေးဟောင်းသုတေသနပြတိုက်တို့တွင် လည်းကောင်း လေ့လာကြည့်ရှုနိုင်ပါသည်။
Aug 16, 2024
အောက်ခြေမခိုင်တဲ့ အဆောက်အအုံတစ်ခုဟာ အချိန်တစ်ခုမှာ ပြိုလဲသွားနိုင်သလို တည်ဆောက်ထားတဲ့စနစ်တစ်ခု အခြေခံမခိုင်တဲ့ မူဝါဒတစ်ခုဟာလည်း တိုက်စားဖန်များရင် ယိုင်နဲ့ပျက်စီးတတ်တာ သဘာဝပါ။ တစ်ကမ္ဘာလုံးက လူများစု သည်းခြေကြိုက် ဒီမိုကရေစီစနစ်ကြီးဟာ တဖြည်းဖြည်း ယိမ်းယိုင်ချည့်နဲ့ လာနေပြီး ဒီမိုကရေစီစနစ် တည်မြဲမှုအပေါ် ခြိမ်းခြောက်ခံနေရတယ်လို့ နိုင်ငံရေးသုတေသီတွေရဲ့ အထိတ်တလန့်မှတ်ချက်တွေက ယခုမှ ရုတ်ခြည်းပေါ်လာ တာတော့ မဟုတ်ပါ၊ ဒီဘက်နှစ်တွေအတွင်းမှာတင် လျော့ကျလာတဲ့ ဒီမိုကရေစီစံနှုန်းတွေအရ အကဲဖြတ်လာခြင်းဖြစ်ဟန်တူပါတယ်။
Aug 15, 2024
ကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာ မကြာခဏဆုံးဖြတ်ချက်ချရလေ့ရှိပြီး ယေဘုယျအားဖြင့် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်ထင်တာမျိုးကိုပဲ ဦးစားပေးပြီးရွေးချယ်ဆုံးဖြတ်လေ့ရှိကြပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေထဲမှာ ကိုယ့်အတွက်သာမက အခြားသူတွေအတွက်ပါ အကျိုးသက်ရောက်မှုရှိနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
Aug 15, 2024
စိတ်သာရှင်စော၊ ဘုရားဟော။ မြတ်ဗုဒ္ဓဟောခဲ့တာမှာ စိတ်ကိုအသေးစိတ်၊ အနုစိတ်တာမှ ခေတ်သစ် QUANTUM PHYSICS အထိ၊ ATOM, PROTON, NEUTRONS, ELECTRONS ခေတ်သစ်ရူပဗေဒတွေ့ရှိချက်တွေကို နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက တွေ့ရှိဟောကြားခဲ့တာပါ။
Aug 14, 2024
ဆောင်းပါး
28th ASCC ကောင်စီအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမြို့တော်တွင်ကျင်းပခဲ့ရာ နိုင်ငံကိုယ်စား တက်ရောက်ခွင့်ရခဲ့သည်။ အိမ်ရှင်အစိုးရသည် ဧည့်ဝတ်ကျေပွန်လှပေ၏။
Aug 14, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 13, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 13, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Aug 13, 2024
ဆောင်းပါး
ယခုအခါ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ပညာသင်နှစ်ပြန်လည်စတင်ခဲ့သည်မှာ သုံးလတာကာလထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဤတွင် ကျောင်းသား ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ယူနိုင်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု သိမှတ်ထားကြပါသည်။ ကျန်းမာမှသာ လူမှုကိစ္စအဝဝကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော ကြောင့်ပင်ဖြစ်သည်။ ကျန်းမာသော လူ့အဖွဲ့အစည်းဖြစ်လာရေးသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအဆင့်မြှင့်တင်ပေးနိုင်မှုအပေါ် မူတည်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျန်းမာရေး အလေ့အကျင့်ကောင်းများသည် ကျောင်းသားအရွယ်မှစတင်၍ ဆောင်ရွက်နိုင်မှသာ အနာဂတ်လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းမှုရလဒ်များ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းကျန်းမာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရန် လိုအပ်ပါသည်။