Skip to main content
Jul 23, 2024
တို့အားများ အပေးအယူ မျှတလို့ နို့စားနွား မွေးမြူသူ သမဝါယမ ဖွဲ့ကြစို့
ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတော်တော်များများမှာ နို့စားနွားမွေးမြူသူတွေရှိကြပါတယ်။ များသောအားဖြင့် မိတ္ထီလာခရိုင်၊ ကျောက်ဆည် ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်တို့မှာ မွေးမြူကြတာကို တွေ့ရပါတယ်။ အများစုက သမားရိုးကျနည်းဖြစ်တဲ့ လွှတ်ကျောင်းစနစ်နဲ့ပဲ မွေးမြူကြတာပေါ့။
Jul 23, 2024
နမ့်ခင်မှသည် ရှမ်းအရှေ့တစ်လွှားဆီသို့ ….
ကြည်လင်အေးမြစွာ တသွင်သွင်စီးဆင်းနေသော နမ့်ခင်ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ခင်းတို့တွင် ကျိုင်းဖောင်းနှင့် ဆက်စပ်ရွာသားတချို့ ပျော်ရွှင်စွာ တက်ညီလက်ညီလှုပ်ရှားနေကြသည်။ သူတို့သည် တစ်ခါဖူးမျှမကြုံခဲ့ဖူးသော ခံစားမှုများဖြင့် ကြည်နူးဝမ်းသာနေကြပြီး သူတို့သည်နမ့်ခင်ချောင်း ဘေးတစ်ဖက်စီတွင် မစိုက်ခဲ့ဖူးသော ဆောင်းသီးနှံများ၊ ထူးဆန်းအံ့သြဖွယ် လှပစွာယိမ်းနွဲ့မြူးတူးလှုပ်ခါနေသော စိမ်းစိမ်းစိုစို စပါးပင်များကို ပီတိလွှမ်းသောအပြုံးများဖြင့် ပြုစုနေကြသည်ကို ကြည်နူးဖွယ်မြင်နေရပါသည်။
Jul 22, 2024
ဆောင်းပါး
မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအမှတ် (၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသွားရန် စီစဉ်နေကြလေပြီ။
Jul 22, 2024
‘စကား’သည် လူအချင်းချင်း ပေါင်းသင်းဆက်ဆံမှုမှသည် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာအောင် ပေါင်းစည်းပေးသည့် ကြားခံ “ဆက်သွယ်ရေး”ဟုပင် ဆိုနိုင်ပါသည်။ စကားကိုလူတိုင်း ပြောတတ်သော်လည်း ပြောဆိုပုံနည်းစနစ်၊ စကားလုံးရွေးချယ်မှုနှင့် လေယူလေသိမ်းကွာခြားသည်နှင့် ထွက်ပေါ်လာသည့် စကားသံမှာလည်း နားထောင်ရသူအပေါ်ကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်ပါသည်။ ထို့ကြောင့်လည်း “ချစ်စေလို ခံတွင်းလက်လေး သစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်”ဟူသော စကားပုံများ ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။ စကားတစ်ခွန်း၊ စာတစ်ကြောင်းသည်ပြောကြားသူ၊ ရေးသားသူက သြဇာကြီးမားလေလေ နာကြားရသူ၊ ဖတ်ရှုရသူအတွက် သက်ရောက်မှုကြီးလေလေဖြစ်ပါသည်။ ပြောကြားခဲ့သောစကားတစ်ခွန်း၊ ရေးသားသောစာတစ်ကြောင်းသည် နားထောင်သူ၊ ဖတ်ရှုရသူ၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားရသည့် သာဓကများစွာလည်းရှိပါသည်။
Jul 22, 2024
ဆောင်းပါး
ဦးစွာ မြန်မာနိုင်ငံရှိ သမဝါယမအသင်းဖွဲ့စည်းမှုကို တင်ပြပါရစေ။ အသက်(၁၈) နှစ်ပြည့်ပြီး အသင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အနည်းဆုံးလူပုဂ္ဂိုလ်ငါးဦးဖြင့် အခြေခံသမဝါယမအသင်းဖွဲ့စည်းနိုင်ပြီး အခြေခံအသင်းသုံးသင်းဖြင့် သမဝါယမအသင်းစုကို ဖွဲ့စည်းနိုင်ပါသည်။
Jul 22, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jul 21, 2024
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် လမ်းနှင့်တံတားသည် နိုင်ငံတစ်နိုင်ငံ၏ အင်အားလည်းဖြစ်ပါသည်။
Jul 21, 2024
ဆောင်းပါး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့်ပင် အသက်မွေးဝမ်းကျောင်းပြုကြသည်။
Jul 21, 2024
ဆောင်းပါး
အမေရိကန်နိုင်ငံရေးလောကက အရင်လိုပျော်စရာ၊ အတုယူစရာ မကောင်းတော့ဘူးဗျ။ အရင်က ပျော်စရာ၊ အတုယူစရာကောင်းတယ်ဆိုတာက ရွေးကောက်ပွဲအကြို မဲဆွယ်ကာလ တွေ၊ ပါတီညီလာခံတွေမှာ ထောက်ခံအားပေးသူတွေက "God Bless America" လို့ ဆုတောင်းကြ၊ သီချင်းတွေ သံပြိုင်သီဆိုကြ၊ ကကြ၊ ခုန်ကြ။ သမ္မတလောင်းတွေ၊ ကိုယ်စားလှယ်လောင်းတွေကလည်း ပြိုင်ဘက်သမ္မတ၊ ပြိုင်ဘက်ကိုယ်စားလှယ်တွေရဲ့ လက်ရှိပေါ်လစီတွေကို ဝေဖန်ကြ၊ ငယ်ကျိုးငယ်နာတွေကိုဖော်ပြီး သရော်ကြ၊ လှောင်ပြောင်ကြနဲ့ ဘေးကကြည့်တဲ့သူတောင် ပျော်စရာကောင်းနေရော။
Jul 20, 2024
ဆောင်းပါး
အားကစားနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများစွာရှိသည့်အနက် “အားကစားသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်၏ အမှတ်လက္ခဏာဖြစ်သည်ဟု မှတ်ယူကြသည်။ တစ်နည်းအားဖြင့် အားကစားသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသော ပျော်ရွှင်ရင်ခုန်ကြည်နူးဖွယ် လှုပ်ရှားမှုအဖြစ် လူတစ်စု၊ လူတစ်ဖွဲ့မှသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံးမှသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံချင်းစီအကြား လူသားဆန်သော အပြန်အလှန်ရင်းနှီးချစ်ကြည်မှုကို ဖန်တီးပေးနိုင်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၏ သံတမန်အခင်းအကျင်းတစ်ရပ်အဖြစ်ဖြင့် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်း တည်းဟူသော လောကပါလတရားများကိုပင် ဖြစ်ထွန်းစေနိုင်သည်ဟု မျှော်လင့်ယုံကြည်ကြသည်” ဟူ၍လည်း ဖွင့်ဆိုကြပါသည်။