Skip to main content
Aug 13, 2024
ဆောင်းပါး
မြန်မာ့ယွန်းထည်လုပ်ငန်း အတတ်ပညာသည် မြန်မာ့ရိုးရာပန်း ၁၀ မျိုး အတတ်ပညာတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပုဂံခေတ်ရှေးဟောင်းစာပေအထောက်အထားတို့အရ ပန်းယွန်းအနုပညာအပါအဝင် ပန်း ၁၀ မျိုး အတတ်ပညာကို ပုဂံခေတ်ကတည်းက တွင်တွင်ကျယ်ကျယ် အသုံးပြုထားကြောင်း လေ့လာမှတ်သားရသည်။ မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး အနုပညာတို့ကို အသေးစိတ်လေ့လာကြည့်ပါက ဘာသာရပ်တစ်ခုနှင့် တစ်ခုသည် ဆက်စပ်နှီးနွှယ်ပါဝင်ပေါင်းစပ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ ပန်းပု၊ ပန်းပွတ်၊ ပန်းရန်၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းပဲအတတ်ပညာတို့ကို ပုဂံခေတ်မတိုင်မီကာလ ပျူခေတ် (ဘီစီ ၂ ရာစု၊ အေဒီ ၉ ရာစု) ကတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုအထောက်အထားနှင့်တကွ ဂုဏ်ယူစွာ တင်ပြအပ်ပါသည်။
Aug 13, 2024
၅-၈-၂၀၂၄ ရက်နေ့က ပြောကြားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၅ မိနစ်ကြာမိန့်ခွန်းမှာ တစ်နိုင်ငံလုံးရဲ့ လက်ရှိလုံခြုံရေးအခြေအနေကို သံတမန်ဆန်ဆန်နဲ့ လွှမ်းခြုံပြောသွားတဲ့ စကားက ရှင်းပါတယ်။ ခွဲခြမ်းစိတ်ဖြာတတ်ရင် ဘာကိုဆိုလိုသလဲဆိုတာ ရှင်းပါလိမ့်မယ်။
Aug 12, 2024
ဆောင်းပါး
ဒီရေရောက်သစ်တော (ခေါ်) ဒီရေတောဆိုသည်မှာ လမုတောများ အစုအဖွဲ့တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (Wetland) များကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင် သဘာဝဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာအရေးကြီးသည့်အပြင် ဒီရေတောများကို စနစ်တကျကာကွယ်ခြင်းသည် အဏ္ဏဝါဂေဟစနစ်တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ်တစ်ခုလည်း ဖြစ်ပါသည်။
Aug 12, 2024
ဆောင်းပါး
“ရာသီသိဟ်ငယ်၊ နေမိန္ဒရ၊ ဝါခေါင်လမို့၊ တောင်မြတ်ထွဋ်စွန်၊ သရဝဏ်လည်း၊ ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန် ဘွဲ့သည်ချိန်ကို၊ ဒေဝရိန်ပဇ္ဇုန်မှူးငယ်က၊ မြူးလှတယ်လေး” စသည်ဖြင့် ဖိုးသူတော်ဦးမင်းက ဝါခေါင်လဘွဲ့လွမ်းချင်းတစ်ပုဒ်ကို ရေးသားခဲ့သည်။ ဝါခေါင်လသည် ဗေဒင်အလိုအားဖြင့် သိဟ်ရာသီတွင်ကျရောက်ပြီး သရဝဏ်နက္ခတ်သည် အာကာပြင်တောင်အရပ်တွင် ထွန်းလင်းနေသည်။ ပဇ္ဇုန်မိုးသည် မြူးထူးရွှင်ပျစွာဖြင့် ရွာသွန်းနေသည်။ ခတ္တာ ပန်းများ လှိုင်လှိုင်ဖူးပွင့်ကြပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် စာရေးတံအလှူပွဲကို ဆင်နွှဲကြသည်။
Aug 12, 2024
ဆောင်းပါး
မိုးရာသီကာလအတွင်း မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်များ၏ အထက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်စဉ် မြစ်ရေကြီးမှုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။ ထိုသို့ မြစ်ရေကြီးမှုဖြစ်ပေါ်လာပါက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ရေဝင်ဒေသများ၊ ရေဘေးကာကွယ် ဧရိယာပြင်ပအနိမ့်ပိုင်းမြို့ရွာများ၊ နိုင်ငံအထက်ပိုင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာဒေသများ၊ အလယ်ပိုင်းရှိ မန္တလေးနှင့်ပုဂံ-ညောင်ဦးဒေသများနှင့် အောက်ပိုင်းရှိ ပြည်၊ မိုးညို၊ သာယာဝတီ၊ လက်ပံတန်း၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ သာပေါင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး အစရှိသည့် မြို့နယ်ဒေသများတွင် ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်နီးပါး တွေ့ကြုံရင်ဆိုင်ရလေ့ ရှိပါသည်။
Aug 12, 2024
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို နှစ်စဉ် သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစူးစိုက်မှုရရှိစေရန်နှင့် ယနေ့ခေတ် ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် မိတ်ဖက်များအဖြစ် လူငယ်များ၏ စွမ်းဆောင်ရည်များနှင့် ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုရန်ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ်စတင်၍ ကုလသမဂ္ဂကသတ်မှတ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၂၄) ကြိမ်မြောက်ဖြစ်သည်။ အဆိုပါနေ့ဖြစ်ပေါ်လာရခြင်း၏ ရည်ရွယ်ချက်သည် လူငယ်များမိမိမွေးဖွားရာနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဥပဒေရေးရာကိစ္စရပ်များကို အာရုံစိုက်လာစေရန်ဖြစ်သည်။
Aug 12, 2024
ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါအလွန် တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်းကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ရပ်က စီးပွားရေးပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားရတာဖြစ်ပါတယ်။ ထိတွေ့ဆက်ဆံမှု ခက်ခဲတဲ့အချိန်မှာ ပညာသင်ယူတာ၊ စီးပွားရေးလုပ်ငန်းဖြန့်ကြက်တာ၊ ငွေကြေးစီးဆင်းတာ၊ အရေးကြီးတဲ့တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်တာ အစရှိတဲ့ကိစ္စအတော်များများမှာ အွန်လိုင်းကနေ Virtual စနစ်နဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့အတွက် အချိန်ကုန်၊ ငွေကုန်သက်သာတဲ့အပြင် ဆုံးဖြတ်ချက်တွေကို ခပ်မြန်မြန်ချမှတ်နိုင်တာ၊ အချိန်နဲ့တစ်ပြေးညီ သတင်းအချက် အလက်တွေကို ဖြန့်ဝေနိုင်တာစတဲ့ ကောင်းကျိုးတွေ အများကြီးရရှိခဲ့ကြပါတယ်။ အွန်လိုင်းယဉ်ကျေးမှုနဲ့ ရင်းနှီးကျွမ်းဝင်လာတာနဲ့အမျှ အွန်လိုင်းကနေ မကောင်းမှုဒုစရိုက်တွေ လုပ်ဆောင်ခြင်းကလည်း တစ်နေ့တခြား မြင့်တက်လာနေပါတယ်။
Aug 11, 2024
ကျွန်တော်သည် ငယ်စဉ်ကပင် စာဖတ်ဝါသနာပါခဲ့ပါသည်။ ကျွန်တော့်ဖခင်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး လခထုတ်ရက်များတွင် ကျွန်တော်တို့ မောင်နှမများအတွက် လစဉ်ထုတ် ကာတွန်းစာအုပ်များ၊ ဂျာနယ်များနှင့် အမေ့အတွက် ထိုအခါက နာမည်ကြီးသည့် စာရေးဆရာကြီး၊ ဆရာမကြီးများ ရေးသားသည့် ဝတ္ထုစာအုပ်များကို ဝယ်ပေးလေ့ရှိပါသည်။ အလယ်တန်းကျောင်းသားဘဝမှစ၍ ပြန်ကြားရေးစာကြည့်တိုက်များသို့ သွားရောက်စာဖတ်သည့်အလေ့ စတင်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပထမနှစ် စတင်တက်ရောက်စဉ် ပင်မဆောင်တောင်ဘက်ရှိ ရာဇာတ်ဟော(လ်)အမည်ရှိ တက္ကသိုလ်စာကြည့်တိုက်တွင် စာကြည့်တိုက်ကတ်လုပ်ကာ စာအုပ်များကို စတင်ရှာဖွေဖတ်ရှုခဲ့ရာမှ တက္ကသိုလ်ဆရာဖြစ်သည်အထိ စာကြည့်တိုက်နှင့် ရင်းနှီးခဲ့ရပါသည်။ ဝန်ထမ်းဘဝ နိုင်ငံအသီးသီးသို့ သင်တန်းများ၊ အစည်းအဝေးများ တက်ရောက်ရန် သွားရောက်သည့် မြို့များတွင် စာကြည့်တိုက်ပြတိုက်များကို အားသည့်အချိန်များတွင် လေ့လာကြည့်ရှုခဲ့ပါသည်။ 
Aug 11, 2024
ဆောင်းပါး
မြန်မာနိုင်ငံစာပေဆုများနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်အမြင့်ဆုံးဆုမှာ “အမျိုးသားစာပေတစ်သက်တာဆု” ဖြစ်ပြီး အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများသည်လည်း စာပေဆုသက်တမ်းများ ရှည်ကြာလာခဲ့သည့်နည်းတူ စာပေဆုအစဉ်အလာများလည်း ကြီးမားကောင်းမွန်ခဲ့ကြပါသည်။
Aug 11, 2024
ဆောင်းပါး
သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန်အတွက် အခြေခံအုတ်မြစ်ချလိုက်ခြင်းဟု ဆိုရပါမည်။ တစ်နည်းအားဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် အမျိုးသားအဆင့်စာရင်းအင်းစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် အခြေခံအုတ်မြစ်ချပေးခြင်းပင်ဖြစ်ပါသည်။