Skip to main content
Nov 21, 2024
အချိန်ကား ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက် (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်) နံနက် ၁၁ နာရီ။ နေရာကား ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့် (စနေထောင့်) ဗောဓိပင်အရှေ့ရပ်။
Nov 21, 2024
ဆောင်းပါး
“ စာအုပ်ပေါင်း တစ်သောင်းဖတ်ခြင်းထက် ခရီးမိုင်တစ်သောင်းသွားခြင်းက ပို၍အမြင်ကျယ်၏” ဆိုတဲ့ တရုတ်ဆိုရိုးစကားရှိပါတယ်။ ခရီးသွားခြင်းဟာ ကောင်းကျိုးများစွာရှိပြီး ပျော်ရွှင်စရာကောင်းသော်လည်း ပင်ပန်းသည်ကတော့ အမှန်ပင်။ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်ပခရီးစဉ် ခြောက်ရက်တာအတွင်း မိုင်ပေါင်း ၄၀၀၀ ကျော်သွားခဲ့ရတဲ့ခရီးတစ်ခုဖြစ်ပြီး နေပြည်တော် - ကူမင်းအသွားအပြန်ခရီးမှာ မိုင် ၁၀၀၀ ကျော်ရှိတဲ့အတွက် တရုတ်နိုင်ငံအတွင်း မိုင်ပေါင်း ၃၀၀၀ ကျော် မနားတမ်းခရီးနှင်ခဲ့ရခြင်းဖြစ်ပါတယ်။ အစည်းအဝေးများ တက်ရောက်ခြင်း၊ အခမ်းအနားများ တက်ရောက်ခြင်းနှင့် လှည့်လည်ကြည့်ရှုခြင်းများအပါအဝင် မိုင်ပေါင်း ၃၀၀၀ ကျော်ခရီးမှာ တစ်ရက်ပျမ်းမျှ မိုင် ၅၀၀ ကျော် သွားလာခဲ့ခြင်းဖြစ်တဲ့အတွက် သာမန်လူငယ်များအတွက်ပင် ခက်ခဲ သောခရီးရှည်ဖြစ်၍ ပင်ပန်းလွန်းလှမည်မှာ အသေအချာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အားလပ်ချိန်အလွန်နည်းပါးခဲ့သော်လည်း နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းတဲ့ခရီးစဉ်ဖြစ်သဖြင့် ပင်ပန်းရကျိုးနပ်သည်ဟုဆိုရမှာ ဖြစ်ပါတယ်။
Nov 20, 2024
ဆောင်းပါး
“အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို အနာဂတ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေး၏ အခြေခံဇာစ်မြစ်မှာလည်း ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ညီညွတ်စွာ၊ အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးတည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါသည်။ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာတည်ဆောက်ရမည်ဖြစ်ရာ အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း ပြုစုပျိုးထောင်သွားရမည်ဖြစ်ပါသည်။”
Nov 19, 2024
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Nov 19, 2024
ဆောင်းပါး
၂၀၂၄ ခုနှစ်​ မေလထဲတွင်​ နတ်​တလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမ၌ စာကြည့်​တိုက်​စီမံခန့်​ခွဲမှုအစည်းအဝေးကို ကျွန်တော်တက်ခဲ့ရသည်။ စာကြည့်​တိုက်​စီမံခန့်ခွဲမှုပညာသည် ​ပြည့်​ပြည့်​စုံစုံ​လေ့လာလျှင်​ နှစ်​ချီ၍​ လေ့လာရသည့်​ပညာဖြစ်​သည်​။ သို့​သော်​ သင်​ကြားပို့ချ​ပေးမည့်​ဆရာကြီး ဆရာမကြီးများနှင့် ​သင်​တန်းသားဆရာ ဆရာမများသည်​ အခြားတာဝန်​များကိုလည်း မအားမလပ်​ထမ်း​ဆောင်​နေရသဖြင့်​ ရသည့်​အချိန်​လေးတွင်​ ကြိုးစား၍အကျဉ်းချုံး ပို့ချ​ပေး၊ ကျွန်​တော်​တို့ကလည်း ကြိုးစားနာယူမှတ်​သားကြရပါသည်​။
Nov 19, 2024
ဆောင်းပါး
ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံး၏ တစ်ခဲနက်အားပေးမှုအပေါ်တွင် များစွာတည်ရှိနေသည်ကို အကဲခတ်တွေ့ရှိနိုင်ပါသည်။ ပြည်သူလူထု တစ်ခဲနက်အားပေးကြရန်အတွက် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်းကြီးများ၊ အားကစားခန်းမကြီးများ၊ လက်ရွေးစင်အားကစားသမားများ၊ ၎င်းတို့၏ တက်ကြွလှုပ်ရှားသည့် အားမာန်များ၊ ရေကုန်ရေခန်းယှဉ်ပြိုင်ကစားကြပုံများ၊ အားကစားနည်းစနစ်များ စုံလင်စွာဖြင့် ခင်းကျင်းမှုများအပြင်ပွဲမဝင်ခင်က ကြိုတင်ပြင်ဆင်မှုများ၊ အသိပေးလှုံ့ဆော်မှုများမှာ အထူးအရေးပါသည်ကို မြင်တွေ့နိုင်ပါသည်။
Nov 19, 2024
ဆောင်းပါး
မြန်မာနိုင်ငံကို စစ်သုံးကြိမ်ပြု၍ နှစ်ပေါင်း ၁၀၀ ကျော် အုပ်ချုပ်သွားခဲ့သော အုပ်ချုပ်သူနယ်ချဲ့အစိုးရကို ပထမဆုံးထိထိရောက်ရောက် တော်လှန်ခဲ့သောနေ့ကို နောင်လာနောက်သား အမျိုးသားတို့ အမှတ်တရရှိစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ အစဉ်နိုးကြားနေစေရန်အလို့ငှာ မြန်မာနိုင်ငံ၌ တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ လွန်ခဲ့သော နှစ်ပေါင်း ၁၀၂ နှစ်က သတ်မှတ်ခဲ့လေသည်။
Nov 19, 2024
ဆောင်းပါး
ဆောင်းဦးကာလ နံနက်စောစောတွင် လမ်းလျှောက်သူများကို ပိုမိုတွေ့မြင်လာရသည်။ လူကြီး၊ လူငယ်၊ လူလတ်အရွယ် ပေါင်းစုံတွေ့မြင်ရသည်။ ခပ်မှန်မှန်ပြေးနေကြသူများ၊ စက်ဘီးစီးကြသူများကိုလည်း တွေ့ရသည်။ ကျန်းမာရေး ပိုမိုလိုက်စားလာကြသည်။ ပြည်သူများ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိလာကြသည်။ ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုလျှင် တိုးတက်မှုပင်ဖြစ်သည်။
Nov 19, 2024
ဆောင်းပါး
မြန်မာဟာ မြေအရင်းအမြစ်၊ ရေအရင်းအမြစ်ပေါတဲ့ နိုင်ငံတစ်ခုပါ။ ရှေးကဘိုးတော်အနော်ရထာမင်းကြီး လက်ထက်ကစလို့ နိုင်ငံတည်ဆောက်ရေးတည်ငြိမ်အေးချမ်းရေးအဖို့ရာမှာ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး အလေးအနက်ထားလုပ်ခဲ့တာပါပဲ။ ငတ်ရင်၊ စားနပ်ရိက္ခာ မလုံလောက်ရင် ပြည်ပျက်မယ်။ ရိုးရိုးလေးပဲ။ ခေတ်အဆက်ဆက် စိုက်ပျိုးရေး၊ ဆည်ဆောက်ရေးကို အလေးထားလုပ်ခဲ့ကြတာကြောင့်လည်း မြန်မာဟာသမိုင်းမှာ အငတ်ဘေး ဆိုက်ရောက်တဲ့ဖြစ်ရပ်မျိုး ကြီးကြီးမားမားမကြုံဖူးဘူး။
Nov 19, 2024
ဆောင်းပါး
မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်းလဆုတ် ၁၀ ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့။ ထိုနေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားတို့သည် အင်္ဂလိပ်ဗျူရိုကရက်တို့က မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့အတွက် ပြဋ္ဌာန်းလိုက်သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်သောနေ့ဖြစ်သည်။ တစ်နည်းဆိုသော် မြန်မာ့သမိုင်းတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများက နယ်ချဲ့ဗြိတိသျှ အစိုးရကို ပထမဆုံးဆန့်ကျင်တိုက်ပွဲဝင်သောနေ့ဖြစ်သည်။