Nov 18, 2024

ဧရာဝတီတိုင်းဒေသကြီးသည် စပါးကိုအဓိကစိုက်ပျိုးသော မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဖြစ်ပါသည်။ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီသော အရည်အသွေးကောင်း၍ စျေးကွက်ရှိသော စပါးမျိုးများအား ရွေးချယ်စိုက်ပျိုးသင့်လာပါသည်။ ယင်းမျိုးများထဲမှ ပေါ်ဆန်းအုပ်စုကို ထုတ်ကုန်အဖြစ် စိုက်ပျိုးရန် ပေါ်ဆန်းစျေးကွက်ကို ဈေးကွက်ဝင်အမှတ်တံဆိပ်တစ်ခုအဖြစ် ပြည်တွင်းသာမက ပြည်ပအထိ တန်ဖိုးမြင့်ထုတ်ကုန်ဆန်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်လာပါသည်။
Nov 18, 2024

ခေါင်းစဉ်မှာကိုက ကျွန်တော်ချစ်သောဆိုသည့် ဝေါဟာရနှင့်အစပျိုးလိုက်မိပြီးသကာလ ချစ်ရသောအကြောင်းရင်းကို ထင်းလင်းစွာရှင်းပြရန် အလိုလိုတာဝန်ရှိလာချေပြီတမုံ့။ သမဝါယမကောလိပ်(မန္တလေး)၊ သမဝါယမကောလိပ်(ဖောင်ကြီး)ကို ရောက်ဖူးသူများ၊ ထိုကောလိပ်များ၌ တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများ၊ ပုဏ္ဍရိက်တန်း၊ ပျားအုံလမ်းနှင့် ရန်ကင်းတောင်ခြေမှာနားခိုရင်း ပညာရင်နို့သောက် စို့ခဲ့ကြဖူးသော ကျောင်းသား ကျောင်းသူဟောင်းများအနေဖြင့်မူ ကျွန်တော်ချစ်ရသည့်အကြောင်းရင်းကို ကြိုတင်သိနှင့်ပြီး ဖြစ်ပါလိမ့်မည်။ သမဝါယမကောလိပ်များ၏ ထူးခြားသောပရိဝုဏ်ကို ကျွန်တော်ချစ်သည်။
Nov 18, 2024

၁၉၂၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသည် မကြာမီရက်ပိုင်းအတွင်း နှစ်(၁၀၀)ပြည့်မြောက်တော့မည်ဖြစ်ပြီး ရာပြည့်သဘင်ကျင်းပရန် အင်ဂျင်နီယာအသိုက်အဝန်းတစ်ခုလုံး တက်တက်ကြွကြွ လှုပ်ရှားလုပ်ကိုင်နေကြပြီဖြစ်သည်။
Nov 18, 2024

အဂတိလိုက်စားမှုဆိုသည်မှာ မတရားသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်းဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ဆိုသည်။ အဂတိလိုက်စားမှုကိုဖြစ်စေသော အဓိကအကြောင်းတရားလေးပါးရှိသည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ “ဆန္ဒာဂတိ - ချစ်သဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဒေါသာဂတိ - မုန်းသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း၊ ဘယာဂတိ - ကြောက်သဖြင့် ဘက်လိုက်ဆုံးဖြတ် ခြင်း၊ မောဟာဂတိ - အမှားအမှန်မသိသဖြင့် ဘက်လိုက်ဆုံးဖြတ်ခြင်း”ဆိုသည့် အဂတိတရားလေးပါးကို သတိပြုဆင်ခြင်ကြရန် မြတ်စွာဘုရားရှင်ကဟောကြားခဲ့သည်။
Nov 18, 2024

မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သော သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန်စီစဉ်နေကြလေပြီ။
Nov 17, 2024

အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးတို့သည် မွေးဖွားသည်မှစ၍ တူညီသောအခွင့်အလမ်းများနှင့် အခွင့်အရေးများရှိကြသည်။ လူသားဖြစ်တည်မှုတွင် လူသားတစ်ယောက်၏ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့သည် ညီမျှသောအခြေခံစံနှုန်းများဖြစ်သည်။ နိုင်ငံတကာတွင် ကျား၊ မ တန်းတူညီမျှ အခွင့်အရေးရရှိမှုကို ဆန်းစစ်ကြည့်ပါက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့် အခန်းကဏ္ဍများတွင် အမျိုးသားများနည်းတူ အမျိုးသမီးများပါဝင်ခွင့်ရရှိရေး အားနည်းခဲ့သည်။ ကမ္ဘာပေါ်တွင် အမျိုးမျိုးသောအခြေအနေများကြောင့် သန်းပေါင်းများစွာသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ အလွဲသုံးစားမှုများ ခံစားနေရချိန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာပေးနိုင်ရေးသည် အထူးအရေးပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေပြီးနက်နဲစွာအမြစ်တွယ်နေသည့် ပြဿနာတစ်ရပ်လည်းဖြစ်သည်။
Nov 17, 2024
သိန်းသန်းထွန်း(သစ်တော)
နိဒါန်း
Nov 17, 2024

မြန်မာစာသင်ရိုးပြဋ္ဌာန်းစာအုပ်များတွင် ချစ်ခြင်းမေတ္တာကိုရေးဖွဲ့ထားသော စကားပြေ၊ ကဗျာအချို့ ပါဝင်ပါသည်။ ချစ်ခြင်းမေတ္တာဆိုရာ၌ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ညီနှင့် အစ်ကို၊ မောင်နှင့် နှမတို့၏ ၅၂၈ မေတ္တာ၊ ချစ်သူများ၊ ဇနီးမောင်နှံများ၏ ၁၅၀၀ မေတ္တာဟူ၍ရှိပါသည်။ ၎င်းမေတ္တာများ ကို ဖော်ကျူးထားသောစာများကို သင်ကြားပေးရသည့်အခါ မြန်မာစာဆရာတို့၏ သင်ကြားမှုအတတ်ပညာ နှင့် တာဝန်သည် အလွန်အရေးကြီးသည်။
Nov 17, 2024

ကိုရင်မောင်
Nov 17, 2024

မြန်မာတစ်မျိုးသားလုံး ကိုလိုနီလက်အောက်၊ ကျွန်သပေါက်ဘဝရောက်နေချိန် ၁၉၂၀ ပြည့်နှစ်တွင် စတင်သန္ဓေတည်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ရှင်သန်ခဲ့သည့် မျိုးချစ်စိတ်ဓာတ်နှင့်အမျိုးသားရေးဇာတိမာန်... လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်မီးတောက်ချိန် ကာလများ၊ အချုပ်အခြာအာဏာကို အသက်ပေးကာကွယ် စောင့်ရှောက်ရသည့်အခြေအနေများ၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် ညီညွတ်ရေးစိတ်ဓာတ်များကိန်းအောင်းနေအောင် ကြိုးပမ်းရသည့် ကာလတစ်လျှောက် အရာအားလုံး၏အရင်းခံတည်ရာသည် အမျိုးသားရေးနှင့် မျိုးချစ်စိတ်ကသာအဓိကဖြစ်ကြောင်း သုံးသပ်ရပါမည်။