Skip to main content

ဝတ်ဖို့အရေးဝါစိုက်ပေး ကျေးဇူးကြီးပေ တောင်သူတွေ

 
ကိုအောင်ရေ ငါ့ညီဆီ ဖုန်းဆက်ရတာလည်း မလွယ်ပါလားကွာ။ ရုံးဖွင့်ရက်တုန်းကတော့ အစည်းအဝေးတို့၊ ဘာတို့ရှိလို့ထားပါတော့။ အခု ရက်ရှည် ရုံးပိတ်ရက်ကြီးမှာတောင် မင်းဖုန်း ကလည်း ဆက်လို့မရပါလားကွာ”
ကျွန်တော့်ဖုန်းတွင် ရွာမှကျွန်တော့်အစ်ကိုကြီး ဖုန်းသုံးလေး ကြိမ် ဆက်ထားသည်ကို တွေ့ရ၍ အစည်းအဝေးအပြီး ကျွန်တော်ပြန်၍ဆက်လိုက် ခြင်းဖြစ်သည်။ ကျွန်တော်ပင် ဘာမှမပြော ရသေး။ အစ်ကိုကြီး အပြစ်တင်သံက ပေါ်ထွက်လာခြင်း ဖြစ်သည်။
 
“ဟုတ်တယ် အစ်ကိုကြီးရေ။ အစ်ကိုကြီး အပြစ်တင်ရင်လည်း ခံရမှာပဲ။ ရုံးပိတ်ရက်ပေမယ့် ကျွန်တော်တို့ဌာနက အစည်းအဝေးလုပ်နေလို့ ဖုန်းကိုအသံတိုးထားတာ။ အဲဒါကြောင့် အစ်ကိုကြီး ဖုန်းခေါ်တာ ကျွန်တော်မသိလို့ မထူးဖြစ်တာပါ။”
 
“အေး နေစမ်းပါဦး မင်းတို့က ပြည်သူတွေကျတော့ အိမ်ထဲမှာနေပါ။ လူစုလူဝေးမလုပ်ကြပါနဲ့။ မက်စ်တပ်ပါ။ လက်မကြာခဏဆေးပါလို့ ပြောနေပြီး မင်းတို့ကျတော့ ဘာဖြစ်လို့အစည်းအဝေး လုပ်နေတာလဲ။ပြောတော့တစ်မျိုးလုပ်တော့ တစ်မျိုး မလုပ်ကြနဲ့နော်။”
 
“အဲဒီလို မဟုတ်ပါဘူး အစ်ကိုကြီးရယ်။ ကျွန်တော်တို့က ကိုယ်လိုက်နာနိုင်တဲ့ စည်းကမ်းကို ထုတ်သလို၊ ကိုယ်ထုတ်တဲ့ စည်းကမ်းကိုလည်း ကိုယ်လိုက်နာပါတယ်။ ကျွန်တော်တို့ ရုံးအဖွဲ့ ဆိုရင် ၁၀ ယောက်ရှိတာမှာ တစ်ဝက်လောက်က ကိုဗစ်ဖြစ်တဲ့ လက္ခဏာတွေ့လို့ ကျွန်တော်ပါ စစ်ဆေးတော့ နက်ဂတစ်ဖြစ်ပြီး ရောဂါမတွေ့တာတောင် ရုံးမတက်ရဘဲ အိမ်မှာပဲနေပြီး ရုံးအလုပ် လုပ်ရတာပါ။ အခုလည်း အစ်ကိုကြီး ရုပ်မြင်သံကြား မှာတွေ့ရသလို ဗီဒီယို ကွန်ဖရင့်နည်းနဲ့ အစည်း အဝေးလုပ်တာပါ။”
 
“အေးထားပါတော့။ အေး ပြီးခဲ့တဲ့ ၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူတာ (၆) လပြည့်မှာ ဥက္ကဋ္ဌကြီးပြောသွားတာ အချက် အလက်တွေပြည့်စုံသလို ဒို့ပြည်သူတွေအတွက် နိုင်ငံတော်က လုပ်ပေးနေတဲ့ လုပ်ရပ်တွေ၊ စေတနာတွေလည်း ပေါ်လွင်တာတွေ့ရတယ်။ ငါဆိုရင်စပြီး လွှင့်တဲ့အချိန်ရော၊ နောက်ပြန်လွှင့်တဲ့ အကြိမ်တွေမှာရော အဲဒီနေ့က သုံးခါလောက် ပြန်ပြီးကြည့် ဖြစ်တယ်။”
 
“အစ်ကိုကြီးစကား ကြားရတာဝမ်းသာတယ်ဗျာ။ ကျွန်တော်တို့ တာဝန်ယူထားတဲ့အစိုးရက တိုင်းပြည်အပေါ် ဘယ်လောက်စေတနာထားထားဘယ်လောက်တာဝန်ယူပြီး လုပ်ပေးလုပ်ပေး၊ ပြည်သူက စိတ်မဝင်စားရင် လုပ်သလောက် အရမထင်ဘူးပေါ့။ အပင်ပန်းခံလောက် အကျိုးမရှိ ဘူးပေါ့။ အခုတော့ အစ်ကိုကြီးက စိတ်ဝင်တစား နားထောင်တယ်ဆိုတော့ ဝမ်းသာပါတယ်ဗျာ။"
 
ရပ်ရေးရွာရေး တက်ကြွစွာဦးဆောင်
 
ကျွန်တော့်အစ်ကိုကြီးက အသက်(၈၀)ကျော်ပြီ။ သို့သော်လည်း နိုင်ငံတော်ပြည်အရေးတွင် သူဝါသနာပါသည်။ ကျောင်းသားဘဝက အတန်းတွင် မော်နီတာဖြစ်သည်။ လူလတ်ပိုင်းအရွယ် တွင် ရွာ၏ရပ်ရေးရွာရေးကို တက်ကြွစွာ ဦးဆောင်ခဲ့သူဖြစ်သည်။ အသက် (၇၀) ကျော်ပြီး နောက်ပိုင်း အိမ်အပြင် သိပ်မထွက်တော့ဘဲ အိမ်ထဲတွင်ပင် ရေဒီယိုနားထောင်သည်။ ရုပ်မြင်သံကြားသတင်း ကြည့်သည်။ ကျွန်တော်နှင့်ကား ဝါသနာတူ၍ တိုင်းရေးပြည်ရေး ဆွေးနွေးဖြစ်သည်။ ကျွန်တော်ရွာမရောက်လျှင်လည်း ဖုန်းဆက်၍ ယခုကဲ့သို့ မေးမြန်းတတ် သည်။ ။
 
“အဲ.. ဒါနဲ့ အစ်ကိုကြီးက ဥက္ကဋ္ဌကြီးရဲ့ မိန့်ခွန်းကို သုံးခေါက်တောင် နားထောင်တယ်ဆိုတော့ ဘာတွေများ မှတ်သားမိသလဲ။ ဘာတွေများ ကျွန်တော်နဲ့ ဆွေးနွေးချင်လို့ ဖုန်းဆက်တာလဲ။"
 
“ဟာကွာ မင်းကလည်း သိတဲ့အတိုင်း ဥက္ကဋ္ဌကြီး ပြောတဲ့အထဲမှာ ကိုဗစ်ကြောင့် နိုင်ငံစီးပွားရေး ကျဆင်းတယ်။ နိုင်ငံတင်မကဘူး ဒို့ရွာက လူတွေရော လက်လုပ်လက်စားတွေပါ အများကြီး ဒုက္ခ ရောက်ကြတယ်။ ဒီတော့ ကိုဗစ်အလွန်ကာလမှာ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးပြီး လုပ်ကြဖို့ ဆိုတာလေ။ အဲဒါတကယ်မှန်တဲ့ စကားတွေကွ။ မင်းစဉ်းစားကြည့်လေ။ ဒီအချိန်မှာ လူစုလူဝေး ၂ မလုပ်ရလို့ စက်ရုံ၊ အလုပ်ရုံတွေ ဖွင့်လို့မရဘူး။ အဲဒီတော့ ကိုယ့်အိမ်မှာကိုယ် စိုက်ပျိုးရေးလုပ်မယ်၊ မွေးမြူရေးလုပ်မယ်ဆိုရင် ကျန်းမာရေးလည်း ညီညွတ်တယ်။ ဝင်ငွေလည်းရမယ်။ အထူးသဖြင့်တော့ ထိုင်းတို့၊ မလေးရှားတို့မှာ သွားအလုပ်လုပ်ကြပြီး ပြန်လာတဲ့လူတွေ။ အဲဒီလူတွေအတွက် ဒို့လယ်တွေ၊ ယာတွေ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တွေက အသင့်စောင့်ကြိုနေတယ်လေကွာ။”
 
ရမည်းသင်းမှာ မွေးမြူးရေးဇုန် ဖော်ထုတ်
 
“ဟုတ်တယ် အစ်ကိုကြီး၊ လူတွေက ကိုယ့်ရပ် ရွာမှာနေပြီး စိုက်ပျိုးမွေးမြူရေးလုပ်ရတာကို သိမ်ငယ်တယ်လို့ ထင်ကြတယ်။ အဲဒါပေမယ့် ပြီးခဲ့တဲ့ ၁၅ နှစ်လောက်က ရမည်းသင်းမြို့နယ်မှာ မွေးမြူရေးဇုန် ဖော်ထုတ်ရင်း နဘူးကျင်းဆိုတဲ့ရွာကို ၂ ရောက်ခဲ့တယ်။ အဲဒီရွာက ထွန်းမောင် ဆိုတဲ့ လူက ဆိတ်အကောင် ၅၀ လောက် မွေးထားတယ်။ သူတို့ရွာမှာလည်း မလေးရှားသွားပြီး အလုပ်လုပ် ကြတဲ့သူတွေရှိတော့ ကျွန်တော်က ကိုထွန်းမောင်ကို ဘာဖြစ်လို့ မလေးရှားသွားပြီး အလုပ်မလုပ်တာ လဲလို့မေးတော့ “သူများနိုင်ငံသွားပြီး အလုပ်ကြမ်း လုပ်နေမယ့်အတူတူ ကိုယ့်ရွာမှာ အိမ်မကွာကျောင်းမကွာ ဆိတ်အကောင် လေးငါးဆယ် လောက်မွေးထားတာက မလေးရှားသွားတာထက် ပိုပြီးဝင်ငွေရတယ်" ဆိုပြီးတွက်ပြတယ်။ အဲဒါကြောင့် ငွေပင်လယ် ဂျာနယ်မှာ “မလေးရှားလောက်တော့ ပျင်းတောင် ပျင်းသေးတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုထွန်းမောင်ရဲ့ ဆိတ်မွေးမြူရေးအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးဖြစ်သေးတယ်။”
“အေး..မင်းကလည်း တစ်ခုခုလေး ရေးကွက်မတွေ့လိုက်နဲ့ ဆောင်းပါးကောက်ပြီး ရေးလိုက် တာပဲ။“ဒါကတော့ အစ်ကိုကြီးရယ် ကိုယ့်ဝါသနာပေါ့။ တစ်ခုခုကိုမြင်လိုက် ခံစားလိုက်ရရင် ကိုယ့်ရင်ထဲက အတွေးခံစားချက်ကို ကျန်တဲ့လူတွေ ပြန်ပြီးမျှဝေ ချင်တာကြောင့် ဆောင်းပါး ရေးဖြစ်တာပါ။"
 
“ဒါနဲ့ ဒိုဥက္ကဋ္ဌကြီးကတော့ ဒို့ပြည်သူတွေအတွက် စားရေး၊ ဝတ်ရေး၊ နေထိုင်ရေး အားလုံးတွေးပြီး စီမံနေပါလား။ ဒီတစ်ပတ်တော့ ဝါစိုက်ပျိုးရေး အကြောင်းပြောလာပါလား။ အဲဒီတော့ ဝါကို ဒို့နိုင်ငံမှာ ဘယ်နေရာတွေမှာ အဓိက စိုက်ကြသလဲ။ ဒို့မြစ်ဝကျွန်းပေါ်မှာတော့ သိပ်ပြီးစိုက်တာ မတွေ့ဘူးလေ။"
 
အစ်ကိုကြီးက စကားပြောလိမ္မာ ပါးနပ်သည်။ သူမေးချင်ပြောချင်တာကို လိမ္မာပါးနပ်စွာ သွယ်ဝိုက်မေးလာချေပြီ။ “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဓိက ဝါစိုက်တာကတော့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ နေပြည်တော်ပြည်ထောင်စုနယ်မြေမှာပါ။”
 
"အေး အဲဒီတော့ ဒို့ပြည်သူတွေ အဝတ်အစားတွေ ရက်လုပ်ပြီး ဝတ်ဖို့အတွက် ပို့နိုင်ငံက ထွက်တဲ့ ဝါက ဒို့ပြည်သူတွေအတွက် လုံလောက်မှုရှိသလား။ အဲဒီလိုအပ်ချက်ကို မင်းတို့ဌာနဆိုင် ရာတွေက ဘယ်လိုတွက်ချက်သလဲ။ ပြီးတော့ ငါသိချင်တာက အဲဒီဝါက ဝါဂွမ်းထုတ်၊ ချည်ထုတ်ပြီး အဝတ်အစား ထုတ်ဖို့ပဲလား။ ဒီပြင်ရော ဘာလုပ်လို့ရသေးလဲ။"
 
“အစ်ကိုကြီးက ဒါတော့များသွားပြီး၊ အဲဒါပေမယ့် အစ်ကိုကြီးသိချင်တာတွေ ကျွန်တော် အတတ်နိုင်ဆုံး ရှင်းပြပါမယ်။”
 
ကျွန်တော်က တယ်လီဖုန်းထဲမှပင် အစ်ကိုကြီးကို စလိုက်သည်။ သို့သော်လည်း အစ်ကိုကြီး သိချင် တာတွေကို ကျွန်တော် ဖြေကြားရပေမည်။ “ဝါက ပြောရရင်တော့ တစ်ပင်လုံးအသုံးကျ တယ် အစ်ကိုကြီး ကို ကြိတ်လိုက်ရင် ဝါဂွမ်းနဲ့ ဝါစေ့ထွက်လာတယ်။ ဝါဂွမ်းကို ချည်ဆွဲပြီး အဝတ်အထည်ချုပ်သလို ဝါစေ့ကိုလည်း ကြိတ်ပြီး ဝါစေ့ဆီထုတ်လို့ရတယ်။"
 
“အေးအဲဒါတော့ ငါလက်ခံတယ်။ ဒို့ကျိုက်လတ် အရှေ့ပိုင်းမှာကို ဝါစေ့ဆီစက် တစ်စက်ရှိတယ် လေကွာ။” “ဟုတ်ပါတယ် အစ်ကိုကြီး။ အဲဒီဝါစေ့ကိုဆီကြိတ်လို့ရတဲ့ ဆီကြိတ်ဖတ်ကလည်း အသားဓာတ်ပါဝင် မှုများတဲ့အတွက်ကြောင့် တိရစ္ဆာန်အစာအဖြစ် ကျွေးလို့ရပါတယ်။ ဝါချည်မျှင် ကတော့ အထည်ရက်လို့ရတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာ ဝါစိုက်ပျိုးမှု အများဆုံးကတော့ ၂၀၁၀-၂၀၁၁ ခုနှစ်ပဲ။ အဲဒီနှစ်က တစ်နိုင်ငံလုံးမှာ ဝါ(၈၆၃,၂၆၃) ဧက စိုက်ပျိုးခဲ့ပြီး ဝါပိဿာ (၃၃၆၇ ဒသမ ၃၁)သိန်းတောင် ထွက်ခဲ့ ပါတယ်။ နောက်နှစ်တွေမှာတော့ အောက်ကနည်းလာ သလို၊ ထွက်ရှိမှုလည်း နည်းလာတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်မှာတော့ တစ်ပြည်လုံးမှာ (၃၈၉၉၂၈) ဧက စိုက်ပျိုးပြီး ဝါပိဿာချိန် (၁၆၃၃ ဒသမ ၇၉) သိန်းပဲ ထွက်ပါတော့တယ်။” “မင်းက တယ်ပြီးအတိအကျ ပြောနေပါလား။ မင်းဂဏန်းတွေက မှန်ရဲ့လား” "အစ်ကိုကြီးက ပြောတော့မယ်။ ကျွန်တော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းစာအုပ်ကိုင်ပြီး ပြောနေတာ မမှန်ဘယ်ရှိပါ့မလဲ။”
 
“ကဲ ထားပါတော့၊ ဒို့နိုင်ငံရဲ့ လိုအပ်ချက်ကို မင်းတို့က ဘယ်လိုတွက်တာလဲ။ ပြီးတော့အဲဒီ ဝါတွေက ပြည်ပကိုရော ရောင်းလို့ရလား။" “ကဲ အစ်ကိုကြီး လူတစ်ယောက် တစ်နှစ်ကို အင်္ကျီ (၄) ထည်၊ လုံချည် (၄) ထည်၊ အတွင်းခံ (၄) ထည်၊ မျက်နှာသုတ်ပဝါနှစ်ထည်၊ စောင်တစ်ထည်၊ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ ခြင်ထောင် အဲဒါအားလုံး အတွက် ပျမ်းမျှပိတ်စ (၂၄) ကိုက်ဆိုရင် လုံလောက် တယ်။ အဲဒီပိတ်(၂၄)ကိုက်ရဖို့ကို ဝါဂွမ်း (၂၃ ဒသမ ၅) ပေါင် လိုအပ်တယ်။ ၂၀၁၉-၂၀၂၀ တုန်းက ကျွန်တော်တို့ နိုင်ငံလူဦးရေက ခန့်မှန်း(၅၄ ဒသမ ၆၇) သန်းရှိတဲ့အတွက် ဝါစုစုပေါင်း ပေါင်ချိန် (၁၂၇၅ ဒသမ ၄၅) သန်း လိုအပ်ပါတယ်။ တန်နဲ့တွက်ရင် ဝါတန် (၅၆၉,၃၈၉) တန် လိုအပ်ပါတယ်။
 
"မင်းဟာကလည်း များလှချည်လား။ ဝါကတစ်ဧက ဘယ်လောက်ထွက်ပြီး လိုအပ်ချက် ပြည့်မီဖို့ ဘယ်နှဧကစိုက်ရမလဲ။" “ဝါက စိုက်တဲ့မျိုးအပေါ်မူတည်ပြီး အထွက် နှုန်းကောင်း ပါတယ်။ ဝါတစ်ဧကကို ပိဿာ(၅၀၀) ထွက်ရှိတဲ့ မျိုးကိုစိုက်မယ်ဆိုရင် စောစောက လိုအပ်တဲ့ ဝါရရှိဖို့ကို ဧက ၇သိန်း စိုက်ဖို့လိုပါမယ်။ အဲ.. နောက်ပြီး ဝါ၊ ဝါဂွမ်းနဲ့ချည်ထည်ရက်လုပ်ပြီး ပြည်ပတင်ပို့တာရှိပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ်ကနေ ၂၀၁၉-၂၀၂၀ခုနှစ်အထိ ၁၁ နှစ်အတွင်းမှာ ပြည်ပ ကို ဝါတန်ချိန် (၁၀ ဒသမ ၃၆၇) သိန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၈၀၁) သန်းဖိုး၊ ဂွမ်းတန်ချိန် (၁ဒသမ ၃၂) သိန်း အမေရိကန်ဒေါ်လာ (၁ ဒသမ ၃၂၉) သန်းဖိုး၊ ချည်ထည် (၁၉၉၄ ဒသမ ၄၃) တန်၊ အမေရိကန်ဒေါ်လာ (၂ဒသမ ၃၄၄)သန်း နဲ့ ချည်ပိတ်စ (၂ ဒသမ ၉၀) တန်၊ အမေရိကန် ဒေါ်လာ (၁၀ ဒသမ ၉၂၁)သန်းတန်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ အဲဒီလိုပဲ နိုင်ငံခြက ဝါ၊ ဝမ်း၊ ဓာတုဗေဒချည်ခင်နဲ့ ချည်ထည်တွေလည်း တင်သွင်းခဲ့တာတွေ ရှိပါတယ်။”
ကန်ဒေါ်လာ ၆ ဘီလီယံထိ တင်ပို့ပေးနိုင်
 
“အဲဒီနေရာမှာ အစ်ကိုကြီးသိရအောင် တစ်ခုပြောချင်တာက ကျွန်တော်တို့နိုင်ငံက အထည်ချုပ် စက်ရုံတွေ နိုင်ငံခြားကုမ္ပဏီတွေ ကနေပိတ်စပေးပြီး လက်ခစားနဲ့ချုပ်တဲ့ နိုင်ငံခြားကုမ္ပဏီ တံဆိပ်ရှပ်အင်္ကျီတွေ ထုတ်လုပ်နေတာ၊ ချုပ်ပေးနေတာ။ အဲဒီချပ်ခစား စနစ်နဲ့ ၂၀၁၇ ခုနှစ် ကဆိုရင် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၆ ဘီလီယံအထိ တင်ပို့ပေးနိုင်ခဲ့တယ်လို့ သိရပါ တယ်။”
“ကဲ အစ်ကိုရေ.. စကားပြောရတာလည်း ဖုန်းတွေပူလှပြီး ဘာသိချင်သေးလဲ။ ကျွန်တော် လည်း အလုပ်ကလေးနည်းနည်းရှိသေးလို့ပါ။”ကျွန်တော်က စကားစဖြတ်လို၍ ပြောလိုက်ခြင်း ဖြစ်ပါသည်။
 
“မင်းကလည်း ငါက ဝါအကြောင်း စိတ်ဝင် စားလို့ကောင်းတုန်း စကားက ဖြတ်ချင်နေပြီ။ အရေးကြီး တာလေး မေးပါရစေဦးကွ။ အဲဒီ ဝါစိုက်ရင် တစ်ဧကကို အကျိုးအမြတ်ဘယ်လောက် ရှိလဲကွ။" ““အကျိုးအမြတ်ကတော့ စိုက်တဲ့ဝါမျိုးနဲ့ စိုက်တဲ့ဒေသအပေါ် မူတည်တယ် အစ်ကိုရ။ မန္တလေးတိုင်းမှာ စိုက်ရင်တော့ တစ်ဧကကို ၄ သိန်း နီးပါးကုန်ပြီး ငွေကျပ် ၂ သိန်းနီးပါး မြတ်တယ်။ မကွေးတိုင်းမှာကျတော့ တစ်ဧကစိုက်ရင် ငွေကျပ် ၂၈၆,၁၈၃ ကုန်ကျပြီး ငွေကျပ် ၁၂၄,၆၄၅ မြတ်တယ်။ စစ်ကိုင်းတိုင်းမှာကျတော့ ငွေကျပ် ၁၉၇၇၂၀ ကုန်ကျပြီး ငွေကျပ် ၂၅၈,၃၀၆ မြတ် တယ်။ စစ်ကိုင်းတိုင်းမှာ ဝါစိုက်တာ အမြတ်ဆုံးပဲ။
 
“ကဲ ငါ့ရဲ့ နောက်ဆုံးမေးခွန်းလို့ပဲ ထားပါတော့ကွာ။ အဲဒီလောက် မြတ်နေလျက်သားနဲ့ ဒို့တောင်သူတွေ ဘာကြောင့် မစိုက်ကြတာလဲ။ စိုက်ဧက ဘာကြောင့်လျော့သွားရတာလဲ။”
 
ဝါစိုက်ပျိုးမှုလျော့ကျရခြင်း
 
အစ်ကိုကြီး၏ ဤမေးခွန်းကား အသားပါလှသည်။ ကျွန်တော်တို့ နိုင်ငံ ဝါစိုက်ဧက လျော့နည်းလာခြင်းနှင့် တောင်သူတွေ ဝါစိုက်ပျိုးမှုလျော့ကျ လာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်နေသည်။
 
“ဒါကတော့ ဝါစိုက်တဲ့နေရာမှာ တခြားသီးနှံတွေ စိုက်တာက အကျိုးအမြတ် ပိုတာကြောင့်က အဓိကပါ။ စောစောက ဝါတစ်ဧကစိုက်ရင် ရမယ့် အကျိုးအမြတ် ကျွန်တော်ပြောပြီးပြီ။ ဝါအစား မန္တလေးတိုင်းမှာ ဖရဲစိုက်ရင် တစ်ဧက ငွေကျပ် ၅၂၈၁၆၀ အကျိုးအမြတ်ရတယ်။ စစ်ကိုင်းတိုင်းမှာဆိုရင်လည်း ဖရဲတစ်ဧကစိုက်ရင် ၇ သိန်းကျော်လောက် အကျိုးအမြတ်ရတယ်။ မြေပဲတို့၊ နှမ်းတို့၊ ပဲတီစိမ်းတို့ စိုက်ရင်လည်း ဝါစိုက်ပျိုးတာထက် အကျိုးအမြတ်က ငါးသောင်းကျော်လောက် ပိုကြ တယ်။ အဲဒါကြောင့် ဝါစိုက်ပျိုးမှုလျော့လာပြီး တခြားသီးနှံတွေ ပြောင်းပြီးစိုက်ကြတာ။”
“အေး အကျိုးအမြတ်နဲ့ တွက်ရင်တော့ ဟုတ်တာပေါ့ကွာ။ အဲဒါပေမယ့် ဖရဲသီးစိုက်တာက တရုတ်ကမဝယ်ရင် တို့တောင်သူတွေ ဒုက္ခမရောက်ဘူးလား။ ပြီးတော့ ဒါကလည်း ပြည်ပက တင်သွင်းနေရတာတွေရှိတော့ ဒါကိုတော့ ပြန်ပြီးစိုက်သင့် တယ်ကွ။ အဲဒီတော့ ဝါစိုက်ပျိုးမှု တိုးတက်လာအောင် မင်းဘာလုပ်မလဲ။ အဲဒီမေးခွန်းဖြေပြီးရင် ငါကျေနပ်ပြီ။"
 
အစ်ကိုကြီးက ကျွန်တော်တို့ စကားပြောခန်း အဆုံးမသတ်မီ အရေးကြီးဆုံးအချက်ကို မေးလာ ခြင်းဖြစ်သည်။
 
ဝါတွေ တိုးချဲ့စိုက်ပေး “ဒါကတော့ အစ်ကို ဝါထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်ကို ကျွန်တော်တို့ တောင်သူတွေကို ပံ့ပိုးပေးဖို့ လိုအပ်တာပါပဲ။ တောင်သူတွေကို အထွက် နှုန်းကောင်း၊ ဈေးကောင်းရတဲ့ ချည်မျှင် ရှည်ဝါမျိုးစေ့တွေပေးမယ်။ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာတို့၊ ပိုးသတ်ဆေးတို့၊ စိုက်စရိတ် ချေးငွေတို့ ရအောင်လုပ်ပေးမယ်။ စိုက်ပျိုးရေးက နည်းပညာ အကူအညီပေးမယ်။ စက်မှုလယ်ယာက ထွန်ယက်တာ၊ ကြားပေါင်းလိုက်တာကအစ၊ ဆေးဖျန်းတာအဆုံး စက်ကိရိယာ အကူအညီပေးမယ်။ ရေလိုတဲ့ နေရာတွေမှာ စိုက်ပျိုးရေ ရရှိအောင် ကူညီပေးမယ်။ ပြီးတော့နိုင်ငံတော်အစိုးရက ဝါအခြေခံ ဈေးနှုန်းသတ်မှတ်ပေးပြီး ကုန်သည်တွေ ဝါဝယ်တဲ့အခါမှာ ဈေးမနှိမ်အောင် ညှိနှိုင်းပေးမယ်။ အခု လက်ရှိဝါကြိတ်စက်၊ ချည်ငင်စက် စက် ရက်ကန်းတွေက ကိုလိုနီခေတ်က စက်ဟောင်းတွေ ဖြစ်လို့ ခေတ်မီတဲ့စက်သစ်တွေနဲ့ အစားထိုးပေး မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်တဲ့ ချည်ထည်တွေက အဆင့်မြင့်ပြီး ဈေးကောင်းရမယ်။ အနေနဲ့ ထုတ်ရောင်းရင် ဈေးကောင်း ရမှာပဲ။ ဒီဝါကွင်းဆက်ကြီးမှာ တာဝန်ရှိတဲ့ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ဝါကုန်သည်များအသင်းကသာ ဖြည့်ဆည်းပေး ခဲ့ရင် အဝတ်အထည်ရက်လုပ်ဖို့ တောင်သူတွေက ဝါတွေတိုးချဲ့စိုက်ပေးမှာပါ။"
 
ကျွန်တော်ကစကားကို အဆုံးသတ်ပြီး ဖုန်းချ မည့်အလုပ် အစ်ကိုကြီးက........။
“အေး ဒီလိုဆိုရင် ငါပြောချင်တာက “ဝတ်ဖို့အရေး ဝါစိုက်ပေး၊ ကျေးဇူးကြီးပေတောင်သူတွေ" လို့ ပြောချင်သကွာ။
 
မောင်အောင်