Sep 04, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ အကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 04, 2021
နိုင်ငံတစ်နိုင်ငံမှာ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တရားဥပဒေစိုးမိုးဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးကို အဓိက ခြိမ်းခြောက်တဲ့အရာဟာ အကြမ်းဖက်လုပ်ရပ်တွေပါပဲ။
Sep 04, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များအရ ရောဂါဖြစ်ပွားရာ၌ ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကာကွယ်ဆေးမထိုးနှံရသေးသူ များထက် ခံနိုင်ရည်ရှိသည်ကို လေ့လာသိရှိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေးထိုးနှံထားသည့် အတွက် ပြန်လည်ကောင်းမွန်လာသည့်သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
Sep 03, 2021
မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် လူဦးရေမှာ ၅၄ ဒသမ ၈ သန်းကျော်ရှိပြီး ကလေးဦးရေမှာ ၁၃ ဒသမ ၈သန်းခန့်နှင့် လူငယ်/လူကြီးဦးရေမှာ ၄၁ သန်း ကျော်ရှိပါသည်။ စားဝတ်နေရေးတွင် ယဉ်ကျေးမှုထွန်းကားလာမှုအရ အဝတ်အစားဝတ်ဆင်မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။သာ မန်လူတစ်ယောက်အတွက် အဝတ်အစား လိုအပ်ချက်မှာ တစ်နှစ်လျှင် ကလေးအတွက် ပိတ် ( ၁၄ ကိုက်ကျော်၊ လူငယ်/လူကြီးအတွက် ၃၂ ကိုက်ကျော်လိုအပ်၍ တစ်နိုင်ငံလုံးအတွက် တစ်နှစ်လျှင် ပိတ်ကိုက် ၁၅၃၇ သန်း လိုအပ်လျက်ရှိပါသည်။
Sep 03, 2021
လူငယ်များကို ကျွန်တော်ချစ်ပါသည်။ ဘယ်ခေတ်မဆို လူငယ်ဟူက ရိုးသားသည်။ ဖြူစင်သည်။ ပွင့်လင်းသည်။ ပေါ့ပါးသည်။ စူးစမ်းသည်။ တက်ကြွသည်။ စွန့်စားလိုသည်။ အပေါင်းအသင်းမင်သည်။ ဤသည်က လူငယ်တို့၏ ပင်ကိုဗီဇ။ ကျွန်တော်တို့ခေတ်တုန်းကလည်း သည်လိုပင်။ ဘောင်းဘီရှည်ပွပွ၊ အင်္ကျီလက်ရှည်ပွပွကြီးတွေ ဝတ်မည်။ စိတ်ကူးတည့်ရာ ကိုးရိုးကားရား ဝတ်ချင်တာဝတ်မည်။ “မိုက်တယ်”၊ “ခိုက် တယ်”စသဖြင့် ခေတ်အလိုက် ဗန်းစကားတွေ ပြောချင်ပြောမည်။ ၁၀ နှစ်မှ အသက် ၂၀ အတွင်းအရွယ်ကိုက မြူးထူးပျော်ပါးသည့် အရွယ်မို့။
Sep 03, 2021
စာရေးသူ ဒီအကြောင်းကိုရေးဖို့ ပြင်နေတာ ကြာပါပြီ။ မရေးဖြစ်ဘဲ ဖြစ်နေတာ။ ဒါက ဘာလဲဆိုတော့ စာရေးသူတို့ လုပ်ငန်းခွင်တွေမှာ တွေ့နေကျဖြစ်နေကျ ဖြစ်စဉ်လေးတွေ အကြောင်းပါ။
Sep 02, 2021
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဟန့်တားနိုင်ရန်၊ ပြည်သူလူထုကို ထိရောက်သည့်ကာကွယ်ကုသမှုများပေးနိုင်ရန်၊ အခြေခံဆေးဝါး လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ ပြည်သူများ၏ အခြေခံကျန်းမာရေး ဗဟုသုတအသိပညာရရှိရန်နှင့် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရမည့်သူများကို အမြန်ဆုံးကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။
Sep 02, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၃၀ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Sep 02, 2021
ကျွန်တော်မောင်အေးချမ်းတို့ ရွာသာယာမှာတော့ ဘကြီးမှန်က ဗဟုသုတနှံ့စပ်သည်။ နှိုင်းနှိုင်းချိန်ချိန် သုံးသပ်ပြောဆိုနိုင်သည်။ ဘကြီးမှန်က အသက် ၇၀ ကျော်ပြီဖြစ်ပေမယ့် သန်တုန်းမြန်တုန်း။ စာဖတ်နိုင်တုန်းရှိသေးသည်။ ကမ္ဘာ့အရေး၊ မြန်မာ့အရေး နှံ့စပ်သည်။ ကျွန်တော်တို့လူငယ်တွေက နိုင်ငံ ရေးနဲ့ ပတ်သက်ပြီး သိလိုလျှင် သူ့ထံသွားရောက် မေးမြန်းဆွေးနွေးကြသည်။ သူ့ကို ဘကြီးမှန်လို့ ခေါ်ရတာက ဘယ်သူ့မှအားမနာတတ်ဘဲ မှန်မှန် ကန်ကန် တုတ်ထိုးအိုးပေါက် ပြောတတ်တာပါသလို သူတပ်ထားရတဲ့ မျက်မှန်ထူထူကြီးကြောင့်လည်း ပါသည်။ လူငယ်တွေကို တန်ဖိုးထားပြီး ဆုံးမ သွန်သင်တတ်သည်။ သူ့အိမ်လာလည်တဲ့ လူငယ် တွေအတွက် လက်ဖက်အကြော်စုံနဲ့ ရေနွေးကြမ်း မပြတ်စေရ။ ယခုလည်း ရွာထဲကလူငယ်တစ်စုက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး မတင်မကျဖြစ်နေတဲ့ ကိစ္စတွေရှိသည်။ အထူးသဖြင့်တော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိလို့ တပ်မတော်က အခြေခံဥပဒေအရ ခေတ္တအာဏာထိန်းထားရသည်နှင့် ပတ်သက် ပြီး ဂဃနဏ သိလိုလှသည်။ ယခုလည်း မဲရုံမှူး ဆောင်ရွက်ခဲ့သူတွေက သူတို့အနေနဲ့ မဲမသမာမှု မလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုရေးသားနေကြသည်ကို မြင်ရဖတ်ရသည်။ အခုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မျက်မှန်ထူထူကြီးနဲ့ ဘကြီးမှန်ရဲ့ သဘောထား ဘယ်လိုရှိမလဲဆိုတာ လက်ဖက်စား၊ ရေနွေးကြမ်းလေးသောက်ရင်း မေးရမြန်းရပါဦးမည်။
Sep 02, 2021
၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက် ည ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ (၃၀-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၉-၂၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၃,၃၉၉) ဦး တွေ့ရှိရ၍ ရောဂါပိုးတွေ့ရှိမှ ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၆၅ ရာခိုင်နှုန်း တွေ့ရှိခဲ့ရကြောင်း သိရှိရ ပါသည်။ ထို့အတူ (၂၉-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀၈-၂၀၂၁) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်းတွင်လည်း ဓာတ်ခွဲနမူနာ စုစုပေါင်း(၄၂,၄၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၅၈၃)ဦး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၈ ဒသမ ၄၃ တွေ့ရှိရပါသည်။
