Jun 23, 2021

“သက်သက်ဟိုတလောကရှုမဝထဲက ငြိမ်းကျော် ရဲ့ “ပဉ္စမမြောက်ဆောင်းရက်များ” ဖတ်မိလိုက်သေး လား...” သက်သက် မျက်နှာ ဝင်းခနဲ လက်သည်။ “ ဖတ်လိုက်ရတယ်ကိုနိုင်လင်း၊ အရမ်းကောင်း တာပဲနော်။ အရေးအသားလည်း ဆန်းတယ်။ စကားလုံးလေးတွေလည်း သိပ်လှတယ် ” ၊ “ဟုတ်တယ်။ ကျွန်တော် ဖတ်ရင်းနဲ့ ကြက်သီး တောင် ထတယ်။သူ့လက် အဲလောက်ကောင်းမှန်း လည်း သိမှ မသိဘဲ။ ဟိုအရင် သူ့ဝတ္ထုတိုတွေပဲ ဖတ်ဖူးနေတာ။ သုသာန်၌ သနပ်ခါး လူးခြင်းတို့၊ ကံ့ကော်တောက ခွေးချေးတို့၊ ဂန္ဓာရုံ၌ အမဲလိုက် ခြင်းတို့နဲ့ ဘာမှမဆိုင်တော့တာ... ”
Jun 23, 2021
မိမိတို့ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာ မြန်မာပြက္ခဒိန်အရ သနစ်လရှိသည့် အနက် နယုန်လသည် တတိယမြောက်လပေတည်း။ စာဆိုတော်များသည် မြန်မာ့ဆယ့်နှစ် လရာသီဘွဲ့ များကို အစဉ်အလာမပျက်ဖွဲ့ဆိုကြရာ တောတောင် ရေမြေသဘာဝပတ်ဝန်းကျင်ကို သာမက သာမန်လူများ မသိနိုင်သည့် ရောသီ၊ နက္ခတ်၊ ဗေဒင် အခေါ်အဝေါ်သီရုပ်၊ ရာသီပန်း၊ ဂြိုဟ်စီး၊ ဂြိုဟ်နင်း စသည်ဖြင့် စာဖတ်သူတို့ အကျိုးများသွယ် ထည့်သွင်းစပ်ဖော်ပြလေ့ရှိပါသည်။
Jun 23, 2021
ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း ရုပ်မြင်သံကြားက အမြဲတစေသတိပေးလျက်ရှိသော်လည်း တချို့သောသူများသည် ဆေးလိပ်သောက်သုံးနေဆဲပင် ဖြစ်သည်။ ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုးကို သိလျက်နှင့် စွဲစွဲမြဲမြဲသောက်သုံးနေခြင်းဖြစ်သည်။ ထိုသို့ဆေးလိပ်သောက်သုံးရာတွင် ဆယ်ကျော် သက်လူငယ်များလည်း ပါရှိလာသည်။ လူငယ်များ သည် အပေါင်းအသင်းမှားခြင်း၊ လက်တည့်စမ်းခြင်း မှတစ်ဆင့် ဆေးလိပ်စွဲသွားတတ်သည်။
Jun 23, 2021
စီးပွားရေးမြို့တော် ရန်ကုန်နှင့် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ၊ အိမ်နီးချင်း နိုင်ငံများနှင့် ကူးသန်းသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့တွင် အချက် အချာကျသည့် မန္တလေးမြို့တို့သည် ၃၈၅ မိုင် ကွာဝေးသည်။ ယခင်က ရန်ကုန်မှ မန္တလေးကို ရထား၊ ကားတို့ ဖြင့် ၁၀ နာရီကျော် အချိန်ပေး၍ သွားလာခဲ့ရသည်။
Jun 23, 2021

ယနေ့ကာလတွင် သူတစ်ပါးပိုင်၊ အများ ပြည်သူပိုင် နေအိမ်၊ ကျောင်း၊ အဆောက် အအုံတို့ကို မသမာသူအဖျက်သမားတို့က မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း တို့အပြင် “ငါနဲ့မတူ ငါ့ရန်သူ” အဖြစ် သတ်မှတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့ ပြုလုပ်ကြသည်ကို မြင်တွေ့ကြားသိနေရပါ၏။ ထိုသို့ မီးရှို့၊ ဗုံးခွဲ၊ သတ်ဖြတ်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် များအရ NLD အစွန်းရောက်များ၊ CRPH နှင့် NUG ၊ ၎င်းတို့ကို ထောက်ခံသူများ၊ PDF များ၊ ၎င်းတို့က ငွေပေးစေခိုင်း သူများက ပြုလုပ်ခဲ့ကြသည်ဟု ထွက် ဆိုထားသည်။
Jun 23, 2021
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် နိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက်လာမှုကို ဖြေရှင်းဆောင်ရွက်နေရလျက်ရှိပါသည်။ သက်ဆိုင်ရာ နိုင်ငံအစိုးရများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် များစွာထိခိုက်ရသည့်အပြင် ရောဂါကူးစက်သူများကို ကုသပေးရခြင်း၊ အခြားသူ များသို့ ထပ်မံမကူးစက်ရန် ကြိုတင်ကာကွယ်ခြင်း၊ အခြားနိုင်ငံများမှ ဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါများ ကူးစက်မှုမခံရစေရန် ပျားပန်းခပ် ကြိုးပမ်း နေရလျက်ရှိပါသည်။ မူးယစ်ဆေးဝါးပြဿနာကို အားသွန်ခွန်စိုက် ကြိုးပမ်းဖြေရှင်းနေရင်း “မြွေပူရာ၊ ကင်းမှောင့်” ကိုဗစ် ကပ်ရောဂါထိန်းချုပ်နိုင်ရေးကို ဖြေရှင်းနေရပါသည်။ ထို့ကြောင့်ပင် နိုင်ငံအများစုမှာ မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးတွင် ခွန်အားစိုက်ထုတ်ရမှုများ၌ စိန်ခေါ်မှုများနှင့် ကြုံတွေ့ နေရပါသည်။
Jun 22, 2021

ရာဘ ခေါ် မူးယစ်ဆေးပြားကို ၁၈၈၇ ခုနှစ်က ဂျာမနီနိုင်ငံ၌ စတင် တွေ့ရှိခဲ့သည်။ တီထွင်သောပညာရှင်မှာ ရိုမေးနီးယားလူမျိုး ဆေးပညာရှင် LazarEdeleanu ဖြစ်ပြီး ဂျာမနီတပ်မတော်မှာ အသုံးပြုရန် Temmler ဆေးကုမ္ပဏီက Pervitin နာမည်ဖြင့် စတင်ထုတ်လုပ်ခဲ့သည်။
Jun 22, 2021
သွေးလွန်တုပ်ကွေးရောဂါသည် ရာသီမရွေးဖြစ်ပွားတတ်ပြီး မိုးဦးကျကာလမှစတင်၍ မိုးရာသီတွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါး ရှိကြောင်း၊ ၎င်းတို့အနက် လူကြီး ၁၀ ရာခိုင် နှုန်းနှင့် ကလေး ၃ဝ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါကို ကပ်ရောဂါအဖြစ် ၁၆၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်တွင် ကပ်ရောဂါအဖြစ် ရန်ကုန်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 22, 2021

တစ်ခါတစ်ရံ တစ်ခုခုသောနေရာ၊ တစ်ခုခုသော အဆောက်အအုံ၊ တစ်ခုခုသောအခြေအနေ အဖြစ်အပျက်ကို တွေ့ကြုံရသောအခါ ငါအရင်က ဤနေရာ၊ ဤအဆောက်အအုံ ဤအခြေအနေ၊ ဤအဖြစ်အပျက်မျိုးနှင့် တွေ့ကြုံဖူးသည်ဟု စိတ်၌ မှတ်ထင်တတ်လေသည်။ ။
Jun 22, 2021

နိုင်ငံရေးဆိုတာ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာ အကောင်း၊ အဆိုးကို အဓိကအခန်းကဏ္ဍကနေ ပြဋ္ဌာန်းပေး တဲ့ အခြေခံအကြောင်းတရားကြီးဖြစ်တယ်ဆိုတာ ကို နိုင်ငံရေးသိပ္ပံပညာရပ်က အတိအလင်းဖွင့်ဆို ထားပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ နိုင်ငံရေး တည်ငြိမ်မှုကို အခြေခံပြီးတော့မှကျန်တဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ဘက်စုံကဏ္ဍတွေအားလုံး ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်တာမို့ လို့ပဲဖြစ်ပါတယ်။ ဒီထက်ပိုတိကျအောင်ပြောရရင်တော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ စီးပွားရေးတည်ငြိမ်မှု ရှိဖို့ အာမခံချက်ပေးနိုင်မှာဖြစ်ပြီးတော့ စီးပွားရေး တည်ငြိမ်မှုက စောစောကပြောတဲ့ နိုင်ငံတစ်ခုရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်ပေးနိုင် တာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါ စီးပွားရေး တည်ငြိမ်မှုကို နိုင်ငံရေးတည်ငြိမ်မှုက ပံ့ပိုးမှုကောင်းစွာပြုနိုင်တာနဲ့အမျှ စီးပွားဖြစ်ထွန်းမှုကို ဖန်တီးနိုင်ပြီး တော့ နိုင်ငံတစ်ခုဟာ စီးပွားရေးအရတောင့်တင်းလာလေ နိုင်ငံသားတွေရဲ့ လူနေမှု အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းတွေကိုမြှင့်တင်ပေးနိုင်ရုံ မျှမက နိုင်ငံရေးစနစ်ကို ပိုမိုကောင်း မွန်ပြည့်စုံရေး တည်ဆောက်နိုင်ဖို့ အပြန်အလှန်အားဖြင့် အားဖြည့်ပေးတယ် လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့နဲ့ စီးပွားရေး တည်ငြိမ်မှုရှိဖို့ ဆိုတာဟာ တစ်ခုကိုတစ်ခု အပြန်အလှန်ကောင်းစွာအထောက်အပံ့ပြုပေးနေတာ ဖြစ်တယ် လို့ဆိုရမှာဖြစ်ပါတယ်။ ။