Nov 19, 2021
မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း ယခုထက် ပိုမိုမြင့်မားလာစေရေးနှင့် လူတိုင်း ရောဂါဘယ ကင်းရှင်း၍ ကျန်းမာသန်စွမ်းစွာဖြင့် သက်တမ်းစေ့ နေနိုင်ရေးအတွက် နိုင်ငံသားတိုင်း အာဟာရပြည့်ဝ မျှတညီညွတ်စွာ စားသောက်နေထိုင်သည့် အလေ့အထများ ပေါ်ပေါက်လာစေရေးသည် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ညီညွတ်မျှတသည့် အာဟာရပြည့်ဝစွာ မရရှိခြင်းကြောင့် ဖြစ်ပွားသည့် ရောဂါအမျိုးမျိုးသည် လူတစ်ဦးတစ်ယောက်အနေဖြင့် မိခင်၏ ဝမ်းတွင်းတွင်ရှိချိန်၊ မွေးကင်းစကလေး အရွယ်မှစ၍ အရွယ်ရောက်သည့်အချိန်၊ အသက်အရွယ်ကြီးရင့်လာချိန်အထိ အမျိုးမျိုး တွေ့ကြုံခံစားရစေနိုင်ပါသည်။ အသက်ငယ်ရွယ်စဉ် ကာလတွင် အာဟာရဓာတ်ချို့တဲ့ မှုများကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပြီး အသက်အရွယ် ကြီးရင့်ချိန်တွင် မလိုအပ် သော အာဟာရဓာတ်များ လွန်ကဲစွာစားသုံးခြင်းမှတစ်ဆင့် နောက်ဆက်တွဲ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါစသည့် မကူးစက်တတ်သည့်ရောဂါများဖြစ်ပွား၍ လူ့သက်တမ်းစေ့ မနေရဘဲစောစီးစွာ သေဆုံးနိုင်သည့် အန္တရာယ်ကို ဖြစ်စေနိုင်ပါသည်။
Nov 19, 2021
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့သည်။ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည် မှာသက်တမ်းကာလ ခုနစ်နှစ်ကျော်ပင် ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခု အထိ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
Nov 18, 2021
စီမံကိန်း၊ စီမံချက်အားလုံး ကောင်းပါသည်။ မှန်ပါသည်ဟုဆိုလို့မရပါ။ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများရဲ့ စွမ်းရည်၊ အုပ်ချုပ်ထောက်ပံ့မှုပိုင်းဆိုင်ရာ ပြည့်စုံမှု ရှိ/ မရှိ အခြေအနေ၊ စီမံကိန်း Design၊ ဆောင်ရွက်အကောင်အထည်ဖော်သည့် နည်းလမ်း၊ ပြည်သူ/ ကော်မတီများရဲ့ စွမ်းဆောင်ရည်၊ M&E စနစ်ကောင်းမွန်မှု ရှိ/ မရှိ၊ နှစ်စဉ်ပုံမှန်ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်း ရှိ/မရှိ၊ ကောင်းတာတွေကို ပိုကောင်းအောင်လုပ်ခြင်း၊ မကောင်းတာတွေကိုပြင်ခြင်း စတာတွေပေါ်မှာ မူတည်ပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရာမှာ CDD စီမံကိန်းမှ အတွေ့အကြုံကောင်းဖြစ်တဲ့ နှစ်စဉ် သုံးသပ်ခြင်း၊ ဆုပေးခြင်း၊ လိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ Manual ပြင်ဆင်ခြင်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပုံမှန်သုံးသပ်နေသလို လွတ်လပ်သော အဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းစစ်တမ်းကောက်ယူ သုတေသနပြုလုပ်ဆန်းစစ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
Nov 18, 2021
“တန်ဆောင်ငယ်မာသ
ဆယ့်နှစ်လတွင် ချမ်းမြအေးရင်
ဗြိစ္ဆာခွင်သို့၊ ရက်ဝင်ပြောင်းခွာ
ခဝဲညှာလည်း ခိုင်လွှာဝတ်မှုန်
ရနံ့သာထုံတော့တယ်
ဘုန်းဂုဏ်က္အသမ္ဘိန်မှာ
လှူကထိန်သဘင်ခင်းလို့
ကျင်းပတယ်လေး”
Nov 18, 2021
ယခုတလော လေလှိုင်းပေါ်ကတစ်ဆင့် ကြေညာ ချက်ပေါင်းစုံကို အကြိမ်ကြိမ် အလီလီ ထုတ်ပြန် နေတဲ့ NUG အဖွဲ့က ပြည်သူ့ဝန်ကိုထမ်းရွက်နေကြ တဲ့ Non CDM ပြည်သူ့ဝန်ထမ်းများကို နိုင်ငံ့သစ္စာ ဖောက်များရယ်လို့ အမည်မည်းစာရင်းကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်လျက်ရှိတာ တွေ့ရ ပါတယ်။
Nov 18, 2021
မြန်မာကို ကမ္ဘာကသိသည်မှာ ဗုဒ္ဓဝါဒသာလျှင်ဖြစ်ပါတယ်။ ရှေးခါ ဘိုးဘွား ဆရာသမားများကလည်း မြန်မာလူမျိုးတို့ရဲ့တိုးတက်မှုဟူသမျှသည် ဗုဒ္ဓဝါဒ၌သာအခြေခံ၍ ဗုဒ္ဓသာသနာ တော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ကျရှုံးခြင်းပင်ဖြစ်တယ်လို့ ခံယူခဲ့ကြပါတယ်။
Nov 18, 2021
ရွှေတိဂုံကုန်းတော်သို့ ဘုရားဖူးရောက်လျှင် စနေထောင့် ညောင်ပင်ကြီးရှေ့၌ ပုံဆန်းဆန်း ကျောက်တိုင်သစ် တစ်ခုကို တွေ့ရမည်။ ကျောက်တိုင်ပေါ်ရှိ မြန်မာစာတန်းကိုဖတ်လျှင် အောက်ပါအတိုင်း တွေ့ရမည်။
Nov 17, 2021
မြန်မာတို့သည် အစဉ်အလာအရ “ပညာ”ကို လွန်စွာတန်ဖိုးထား၏။ မိုက်မှောင်လှသော မသိမှု(အဝိဇ္ဇာ) လွှမ်းခြုံရာ လောကထဲတွင် (ဝိဇ္ဇာ)တည်းဟူသော အလင်းရောင်ကိုပေးနိုင်သော “ပညာ”ကို “ဆီမီး”နှင့် တွဲလျက် “ပညာဆီမီး”ဟူ၍ ရူပကအလင်္ကာပြု၏။ ထိုပညာကို အခြေခံကပေးနိုင်သော မိဘများကို “မာတာပိတုဂုဏာ အနန္တော”ဟူ၍လည်းကောင်း၊ အဆင့်ဆင့်မြှင့်တင်ပေးသွားနိုင်သည့် ဆရာ ဆရာမများကို “အာစရိယဂုဏာ အနန္တာ” ဟူ၍လည်းကောင်း၊ ဘုရား၊ တရား၊ သံဃာနှင့် တစ်ဂိုဏ်းတည်း ထား၍ ပူဇော်ခဲ့ကြပါသည်။
Nov 16, 2021
၁၉၉၄ ခုနှစ်တွင် စာပေနိုဘယ်ဆုကိုရခဲ့သူ ဂျပန် လူမျိုး ကင်ဇာဘူရိုအိုအဲ (Kenzaburo Oe) က အထက်ပါ မေးခွန်းကို သူ့ဘဝမှာ နှစ်ခါ မေးခဲ့ပါသည်တဲ့။ သူငယ်ငယ်တုန်းက ကျောင်းပြေးပြီး တောထဲမှာ သစ်ပင်အမည်တွေ လိုက်မှတ်နေရင်း တစ်ကြိမ်နှင့် နောက်တစ်ကြိမ်ကတော့ အာရုံကြောချို့တဲ့နေသည့် သူ့သားကြီး ကျောင်းစသွားတဲ့နေ့မှာပါ။ သူက “ကိုယ့်ဟာကိုယ်ဖြစ်အောင် လုပ်နိုင်ဖို့နှင့် အရင် ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကိုဆက်ခံရန် အတွက် အခြားသူတွေနဲ့အတူ ကျောင်းသို့သွားပြီး အတူစာသင်၊ အတူကစားကြတာ” ဟု ဖြေခဲ့ပါသည်။
Nov 16, 2021
ရတနာပုံတက္ကသိုလ်သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်း တောင်သမန်ကျေးရွာ၊ အိုးဘိုကျေးရွာနှင့် ထန်းတောကျေးရွာအနီးတွင် တည်ရှိပါသည်။ အမရပူရမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၃ မိနစ် ၂၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄ မိနစ် ၄ စက္ကန့် အတွင်း၌ တည်ရှိပါသည်။
