Aug 07, 2021

ဥပဒေဆိုင်ရာနီတိတစ်ခုတွင် “lgnorance of fact excuses; ignorance of law does not excuse " ဟုရှိပါသည်။ ဤဥပဒေနီတိကို ဥပဒေပညာရှင် ဦးမြင့်ဝင်း (ရွှေဘို)က “ အကြောင်းခြင်းရာအချက် အလက်ကို မသိနားမလည်မှုသည် ခွင့်လွှတ်ရာဖြစ်သည်။ ဥပဒေကို မသိနားမလည်မှုကိုမူ ခွင့်လွှတ် ရာမဟုတ်” ဟု မြန်မာဘာသာဖြင့် ပြန်ဆိုထားသည်။ မြန်မာနိုင်ငံ၏ တည်ဆဲရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၆၊ ပုဒ်မ ၇၉ တို့တွင် ဤအချက်များကိုပင် ပြဋ္ဌာန်းထားပါသည်။
Aug 07, 2021
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဩဂုတ် ၅ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Aug 07, 2021

သင်သည် တောင်ထိပ်၌ပေါက်နေသော ထင်းရှူးပင် မဖြစ်နိုင်လျှင် တောင်ကြားက ချုံပုတ်လေး ဖြစ်ပါစေ။ သို့ရာတွင် အကောင်းဆုံးချုံပုတ်တော့ ဖြစ်ပါစေ....။ သစ်ပင်မဖြစ်နိုင်လျှင် ချုံပုတ်ဖြစ်ပါစေ။ ချုံပုတ်မဖြစ်နိုင်လျှင် မြက်ပင်တစ်စုဖြစ်ပါစေ။ လမ်းမတစ်ခုကို လှပမှုပြုသည့် မြက်ပင်တစ်စု ဖြစ်ပါစေ.......။ ။
Aug 06, 2021
ကျွန်တော်တို့ ငယ်စဉ်က ကျောင်းအားရက်တိုင်း သူငယ်ချင်းတစ်သိုက် ဘောလုံးကန်ကြသည်။ ဘောလုံးကန်ကောင်းကြသဖြင့် ကျောင်းလက်ရွေးစင်များဖြစ် လာကြသည်။ ကျွန်တော်တို့ အုပ်စုတွင် ဖိုးဇော်သည် ဘောလုံးတွင် အကောင်းဆုံးဖြစ်၍ အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျောင်းချင်း ချိန်းကန်ပွဲ၊ ရပ်ကွက်ချင်း ချိန်းကန်ပွဲတွင် ဖိုးဇော်သည် အားအကိုးရဆုံး တိုက်စစ်မှူးဖြစ်သည်။ သူမပါလျှင် ပွဲမပြီး။ ပွဲများစွာ အနိုင်ရခဲ့သည်။ တစ်နာရီခွဲခန့် အချိန်ကြာကန်သည့် ဘောလုံးပွဲတိုင်းတွင် ဖိုးဇော်သည် မနားတမ်းတစ်ကွင်းလုံးပတ် ကန်နိုင်ခဲ့သည်။ ဖိုးဇော်၏ ကစားကွက်နှင့် သက်လုံကောင်းပုံမှာ အံ့မခန်းဖွယ်ဖြစ်သည်။
Aug 06, 2021
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံအသီးသီး၏ ကူးစက်ပျံ့နှံ့တတ်သော ကျန်းမာရေး ပြဿနာများအပေါ် အဆင့်သတ်မှတ်ရာတွင် အောက်ပါအတိုင်း အဆင့်(၆)ဆင့် သတ်မှတ်ထားပါသည်။
Aug 06, 2021

ကမ္ဘာပေါ်တွင် လူသားများကို အဓိကခြိမ်းခြောက်နေသည်မှာ ကမ္ဘာ့ကပ်ရောဂါများပင် ဖြစ်ပါသည်။ ကပ်ရောဂါများကြောင့် လူပေါင်းသန်းနှင့်ချီ၍ သေဆုံးခဲ့ကြရပါသည်။ ကပ်ရောဂါများမှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ကာကွယ်ဆေးများကို လူ့အသက်ကယ် နိုင်ရန်အတွက် ပညာရှင်များက အပတ်တကုတ် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ကပ်ရောဂါများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြိမ်တိုင်းတွင် လူသားများအနိုင်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
Aug 06, 2021

ထိုနေ့သည် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ များ၏ တစ်ခဲနက်ထောက်ခံမဲပေး ခဲ့မှုဖြင့် အနိုင် ရရှိခဲ့သော NLD ပါတီကနိုင်ငံတော် အာဏာအရပ် ရပ်ကို တရားဝင်စတင်လက်ခံရ ယူခဲ့သည့်နေ့ ဖြစ်သည်။ တစ်နည်းအားဖြင့် NLD ပါတီ၏ အာဏာနိုင်ငံရေးလမ်းကြောင်းပေါ် စတင်လျှောက် လှမ်းခဲ့သည့် သမိုင်းဝင်နေ့ တစ်နေ့လည်းဖြစ်သည်။ ၂၀၁၀-၂၀၁၅ ငါးနှစ်တာကာလအတွင်း အစိုးရအဖွဲ့ တာဝန်ကိုရယူခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီအဖို့မူ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိချိန်မှစ၍ ရွေးကောက်ခံအစိုးရတစ်ရပ်မှ အခြားပါတီတစ်ခု၏ ရွေးကောက်ခံအစိုးရတစ်ရပ်သို့ ပထမအကြိမ် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးခဲ့သည့် သမိုင်းအစဉ်အလာ ကောင်းတစ်ရပ်ကို ရေးထိုးလိုက်သော သမိုင်းဝင်နေ့တစ်နေ့ဟုဆိုရ ပါမည်။
Aug 05, 2021

ရှက်စရာကောင်းသည့် ကိုယ်ရေးကိုယ်တာ အကြောင်းရပ် ကိစ္စတစ်ခုကို ပြောပြပါရစေ။ ကျွန်တော်တို့ မိသားစုမှာ သမီးသုံးယောက်ပါဝင်ပြီး ပြဿနာတစ်ခုကရှိနေသည်။ လူတိုင်းသိရှိသလိုပင် အလတ်ကောင်များသည် ထူးထူးခြားခြား ဖြစ်နေတတ်ကြပြီး ပြဿနာဖြစ်အောင်ဖန်တီးသည့် ကလေးများလည်း ဖြစ်နေတတ်သည်။ ကျွန်တော်တို့၏ မိတ်ဆွေများနှင့် ဆွေမျိုးများအားလုံးက အလတ်ကောင်များသည် သူများနှင့်မတူကြောင်း ပြောပြထားကြသဖြင့် ပြဿနာဖြစ်တော့မည့် အကြောင်းကို ကျွန်တော်တို့ကြိုပြီး သိနေသည်။
Aug 05, 2021

ကာကွယ်ဆေးထိုးနှံရေးက အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံး အမျိုးသားရေးအသွင်နဲ့ တစ်ဦးတစ်ယောက်ချင်း ပါဝင်ထိုးနှံပေးဖို့ လိုပါတယ်
Aug 05, 2021

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန်တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန်ပြုလုပ်ခြင်းများအား အမြင့်ဆုံးထောင်ဒဏ် ခုနစ်ထိချမှတ်နိုင်သည့် ပြစ်မှုများတွင် ထည့်သွင်း၍ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၂၁/၂၀၂၁) ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။