Skip to main content
Jul 26, 2021
မီဒီယာ
ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာများစွာရှိသည့်အနက် လူအများဆုံးအသုံးပြုသည့် ဆိုရှယ်မီဒီယာမှာ ဖေ့စ်ဘွတ် ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၉ ဘီဘီယံ တွင် ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ဒသမ ၇ ဘီလီယံ ရှိပါသည်။ ကမ္ဘာ့လူဦးရေ၏ ၃၄ ရာခိုင်နှုန်း ဖေ့စ်ဘွတ် သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသူ ၂၈ ဒသမ ၇ သန်း ရှိသည်ဟု မှတ်တမ်းများက ဆိုပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းက ဖေ့စ်ဘွတ်သုံးစွဲနေသည့်သဘောပါ။ ကမ္ဘာမှာ သုံးစွဲသည့် ရာခိုင်နှုန်းထက် များစွာပိုနေပါသည်။ ဤအချက်သည် စိုးရိမ်စရာ ဖြစ်ပါသည်။
Jul 25, 2021
ဒေါက်တာ ဒေါ်ချိုချိုစန်းထူး ဆေးပညာအထူးကု ဆရာဝန်ကြီး လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် ပတ်သက်၍ ဘားအံမြို့ ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ချိုချိုစန်းထူးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်တို့အား တွေ့ဆုံမေးမြန်း ထားပါသည်။ ဒေါက်တာ ဒေါ်ချိုချိုစန်းထူး ဆေးပညာအထူးကု ဆရာဝန်ကြီး
Jul 25, 2021
1
လူသားတို့လောဘကြောင့်ဖြစ်ရသည့် ဒုဋ္ဌိက္ခန္တရကပ်၊ မောဟကြောင့်ဖြစ်ရသည့် ရောဂန္တရကပ်၊ ဒေါသကြောင့်ဖြစ်ရသည့် သတ္တန္တရကပ်။ ဤကပ်ကြီးသုံးပါးအနက် ကူးစက်ရောဂါကပ်ဘေး ကြောင့် ဖြစ်ရသော ရောဂန္တရကပ်ဘေး ဆိုးကြီးကြောင့် ကမ္ဘာ့လူသားအားလုံး ထိခိုက် ပျက်စီးမှုများစွာဖြင့် လက်တွေ့ရင်ဆိုင်ဖြေရှင်းနေကြရသည်။ ထို့ကြောင့်လည်း ဤသို့ ကပ်ဘေးကြီးများ ရင်ဆိုင်နေရချိန်တွင် ဝေနေယျသတ္တဝါအပေါင်းတို့အနေဖြင့် ဒါနအပါအဝင် ကုသိုလ်ရေးများကိုမမေ့မလျော့ဘဲ အာရုံစိုက် ကုသိုလ်ပြုစေချင်ပါသည်။ လှူတတ်လျှင် မြတ်သည့်အတွက် အလှူဒါနပြုတိုင်းလည်း အပြစ်အနာအဆာကင်းသော ဒါနကုသိုလ်မျိုးသာ ဖြစ်စေချင်ပါသည်။ ဆင်းရဲမှုများကြားက အလှူရေစက်လက်နှင့်မကွာဆိုသလို ဒါနကုသိုလ်ပြု သူများနှင့် မည်သို့သော ကုသိုလ်အမျိုးမျိုးကိုမဆို ဝမ်းမြောက်ကြည်နူးစွာဖြင့် တန်ဖိုးထား ဂုဏ်ယူရမည် ဖြစ်ပါသည်။
Jul 25, 2021
အတတ်ပညာကို အပြစ်ကင်းစွာ တတ်မြောက်ခြင်းသည် မင်္ဂလာမည်၏။ “ဗာဟုသစ္စဉ္စ” ခေါ် အကြားအမြင် ဗဟုသုတများခြင်းသည် မင်္ဂလာမည်၏ကို ဟောပြီးနောက် ဗုဒ္ဓမြတ်စွာဘုရားသည် “သိပ္ပဉ္စ” ခေါ် အတတ်ပညာကို အပြစ်ကင်းစွာ တတ်မြောက်ခြင်းသည် မင်္ဂလာမည်၏ဟု ဆက်ဟောပါသည်။ တစ်ခုနှင့် တစ်ခု ဆက်စပ်မှုရှိနေသည်ကို တွေ့ရပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ဝဝ ကျော်ကဟောကြားခဲ့သော်လည်း ယနေ့တိုင် ခေတ်မီနေခြင်း၊ တရားတစ်ခု နှင့် တစ်ခု ဆက်စပ်မှုရှိနေခြင်းသည် အလွန်စိတ်ဝင်စားစရာ ကောင်းသည့် အပြင် ဘုရားရှင်၏ ဂုဏ်တော်၊ ကျေးဇူးတော်များ ကိုလည်း ပိုမိုကြည်ညိုမိပါသည်။
Jul 25, 2021
ချစ်စွာသော တူမောင် ရွှင်လန်းချမ်းမြေ့ပါစေ ... တစ်ခါတုန်းကပါ။ တော်တော်တော့ ကြာပါပြီ။ နေရာတစ်နေရာမှာ မြေတူးတာ ကျောက်စာတစ်ချပ် ပေါ်လာပါတယ်။ ဒါနဲ့ ဦးဦးရဲ့ မိတ်ဆွေက သူနဲ့ ရင်းနှီးခင်မင်တဲ့ ရှေးဟောင်းသုတေသနဌာန၊ သုတေသနအရာရှိကိုခေါ်ပြီး ပြပါတယ်။ ဦးဦးရဲ့ မိတ်ဆွေ အပါအဝင် သာမန်လူတွေကတော့ လွန်ခဲ့တဲ့ အနှစ် ၇၀၀ - ၈ဝဝ က မြန်မာစာနဲ့ ရေးထားတဲ့ မြန်မာကျောက်စာကို အဓိပ္ပာယ်ပေါက်အောင် မဖတ်တတ်ကြဘူးပေါ့။ သုတေသန အရာရှိကတော့ ဝါကျတစ်ကြောင်းဖတ်လိုက် အဓိပ္ပာယ်ရှင်းပြလိုက်နဲ့ သူ့အဖို့ကတော့ ချောလို့၊ ရှောရှောရှူရှူပဲ။ လွယ်လွယ်ကူကူနဲ့ ထမင်းစားရေသောက်ပေါ့ဗျာ။ ။
Jul 24, 2021
1b
ကာကွယ်ဆေး ထိုးနှံရေးက အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ အားလုံးကလည်း ပူးပေါင်း ပါဝင်ပေးဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် စပြီးကာကွယ်မယ်၊ မိသားစုကိုကာကွယ်မယ်၊ ရပ်ရွာကိုကာကွယ်မယ်။ ဒါဆိုရင် မိမိနိုင်ငံအတွက်လည်း တာဝန်ကျေပါတယ်။ ဒါကြောင့် အလွန်အကျိုးကျေးဇူးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ (ဒေါက်တာသန်းနိုင်စိုး )
Jul 23, 2021
လိပ်ပြာလုံပါစေ
သားအဖနှစ်ဦး ကိုဗစ်ရောဂါခံစားပြီး အိမ်ထဲမှာ သေဆုံးနေကြတဲ့အတွက် ပရဟိတအဖွဲ့က သေဆုံး ခန္ဓာတွေကို သင်္ဂြိုဟ်ဖို့ ဆောင်ရွက်ပေးနေတဲ့ ဗီဒီယိုဖိုင်ကို တွေ့မြင်ရတော့ ပြည်သူတစ်ယောက် အနေနဲ့ စိတ်မချမ်းမြေ့ဖွယ်ပါ။ ဒီလိုပြည်သူတွေ ကျန်းမာရေးအတွက် လိုအပ်နေချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေ အားနဲ့ မာန်နဲ့၊ အင်နဲ့ အားနဲ့ ရှိစေလို ပါတယ်။
Jul 23, 2021
ဇူလိုင်လ ၁၆ ရက်နေ့ နံနက်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် လျှပ်စစ်ရုံးရှေ့တွင် မီတာ ဆောင်ရန် လူ ၃၀ ခန့် တန်းစီ စောင့်ဆိုင်းနေလေသည်။ နံနက် ၉ နာရီ ကျော်တွင် အင်္ကျီအဝါ ရောင်လက်ရှည်နှင့်ဂျင်းဘောင်းဘီနက်ပြာရောင် တွဲလျက် ဝတ်ဆင်ထားပြီး ပန်းရောင် ပိုက်ဆံအိတ်ကို လွယ်ထားသည့် အမျိုးသမီးတစ်ဦး YinXing အမျိုးအစား မော်တော်ဆိုင်ကယ် အားစီး၍ ရုံးအတွင်း ဝင်ရောက်လာသည်။
Jul 23, 2021
ကိုဗစ်-၁၉
လူသားတို့လောဘကြောင့် ဖြစ်ရသည့် ဒုဋ္ဌိက္ခန္တရ ကပ်၊ မောဟကြောင့်ဖြစ်ရသည့် ရောဂန္တရကပ်၊ ဒေါသကြောင့်ဖြစ်ရသည့် သတ္တန္တရကပ် ဤ ကပ်ကြီးသုံးပါးအနက် ကူးစက်ရောဂါကပ်ဘေး ကြောင့်ဖြစ်ရသော ရောဂန္တရကပ်ဘေးဆိုးကြီး ကြောင့် ကမ္ဘာလူသားအားလုံး ထိခိုက်ပျက်စီးမှု များစွာဖြင့် လက်တွေ့ ရင်ဆိုင်ဖြေရှင်းနေကြရ သည်။
Jul 22, 2021
“မင်း ပေါက်တူးပေါက်တာ ခြေထောက်ကို ခုတ်မိလိမ့်မယ်” ရပ်ကွက်ရှိ ကလေးကစားကွင်းတစ်ခုကို ရပ်ကွက်သားများ လုပ်အားပေးချုံရှင်း၊ မြက်ခုတ်ဆောင်ရွက်ကြစဉ် ကလေးအရွယ် ကျွန်တော့်အား လူကြီးတစ်ဦးက ဤသို့သတိပေးလေသည်။