Skip to main content
Nov 03, 2021
၁
ကျေးလက်မီးလင်းရေးဟုဆိုလိုက်လျှင် လူအတော်များများသည် ယခင်ခေတ်၂၀၁၀ ဝန်းကျင်က ဆိုလာမီးအိမ်လေးတွေကို ပြေးမြင်တတ်ကြသည်။ စင်စစ်မူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)၏မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်အရ ကျေးလက်ဒေသများအတွက် Quality Service ဖြစ်စေခဲ့သည်။
Nov 03, 2021
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး မရမီကတည်းက မြန်မာအပါအဝင် အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အသင်းအဖွဲ့အနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်ဟူသော သဘောထားရပ်တည်ချက်ရှိခဲ့သည်။
Nov 02, 2021
ဆောင်းပါး
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ယာယီပိတ်ထားခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့် အရေးများ ဆုံးရှုံးနစ်နာခဲ့ရသည်။
Nov 02, 2021
ဆောင်းပါး
မည်သူမျှတော့ မိမိခန္ဓာကိုယ်အနှံ့မှာ အဆီပိုတွေစုနေတာ၊ ကိုယ်အလေးချိန်တက်ပြီး တဖြည်းဖြည်း ဝလာနေတာ၊ သွေးပေါင်ချိန် တက်၊ သွေးတိုးရောဂါဖြစ်ပြီး ရုတ်တရက်နာတာရှည် နှလုံးသွေးကြောပိတ်ရောဂါတို့၊ ဆီးချိုရောဂါတို့ ဖြစ်နေပြီဆိုတဲ့ အခြေအနေဆိုး တစ်ခုဆီကို ကြုံချင်တွေ့ချင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လိုမှ မဖြစ်ကောင်းတဲ့ ဒီလိုရောဂါတွေဟာ နေ့စဉ်မိမိတို့ သတိမမူမိဘဲ စားသောက်နေကြတဲ့၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသုံးဆီ၊ ဆီကြော်အစားအစာတွေနဲ့ အတော်အတန်ပါဝင်ပတ်သက် နေပါတယ်။ ဒီအချက်ဟာ အရေးလည်းကြီး၊ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။
Nov 02, 2021
1
V-Process Casting နည်းစဉ်ကို ဂျပန်နိုင်ငံက ၁၉၇၀ ပြည့်နှစ် အနှောင်းပိုင်းတွင် အောင်မြင်စွာ တီထွင်မှတ်ပုံတင်ပြီး ၁၉၈၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသို့ နည်းပညာရောင်းချပေးခဲ့ပါသည်။ တရုတ်နိုင်ငံက ပြည်တွင်း၌ ကားပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်ရုံထုတ်လုပ် မှုလုပ်ငန်းများသုံးစက်ကြီးများ အတွက်လိုအပ်သောအစိတ်အပိုင်းများနှင့် အစိတ်အပိုင်းများ စုဖွဲ့တပ်ဆင်ထားသည့်အုပ်စုကို ထည့်သွင်းရန် လိုအပ်သော ကိုယ်ထည်ကြီးများ (Components, Housings for Components Assembled Group) ထုတ်လုပ်ခြင်းအတွက် ထိရောက် ကျယ်ပြန့်စွာ သုံးလျက်ရှိပါသည်။
Nov 02, 2021
၁
“သစ္စာဝါဒ က ဖိနပ်စီးနေစဉ်တွင်၊ မုသာဝါဒ က ကမ္ဘာတစ်ပတ် ပတ်ပြီးခဲ့လေပြီ။” ဟူသော ဆိုရိုးစကားမှာ ယခုကဲ့သို့ တစ်စက္ကန့်တွင် ကမ္ဘာကို ခုနစ်ပတ်ခွဲခန့်ပတ်နိုင်သည့် လျှပ်စစ်သံလိုက် လှိုင်းသုံး အင်တာနက်ခေတ်ကြီးတွင် ပို၍ ပို၍ သွေးထွက်အောင် မှန်လှသည်။ အောက်တိုဘာလ ၂၉ ရက် နေ့လယ်ပိုင်းမှစ၍ ချင်းပြည်နယ် ထန်တလန်မြို့တွင် “လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မီးရှို့မှုကြောင့် တစ်မြို့လုံး မီးလောင်ပျက်စီးလျက်ရှိသည်” ဟူသော သတင်းများက သတင်းမီဒီယာများနှင့် လူမှုမီဒီယာ စာမျက်နှာများစွာတွင် တောမီးလောင်သလို ပျံ့နှံ့လာခဲ့သည်။ မြို့လယ်ရှိ အဆောက်အဦများ မီးလောင်နေမှုကိုလည်း အားကောင်းသောအဆင့်မြင့်ဒရုန်းကင်မရာမှ ရိုက်ကူးထားသောကြည်လင်ပြတ် သားသည့် ဓာတ်ပုံနှင့် ဗီဒီယိုများလည်း အချိန်နှင့်တစ်ပြေးညီပင်အင်တာနက်လိုင်းပေါ်တွင် ပေါ်ထွက် လာခဲ့သည်ကို တွေ့ရသည်။
Nov 01, 2021
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် သည် ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အချိန်ကာလအားဖြင့် လပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သည်။ မြန်မာ နိုင်ငံသည် တတိယလှိုင်းတွင်ရှိနေပြီး အချို့နိုင်ငံများသည် စတုတ္ထလှိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
Nov 01, 2021
နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးမှာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုအပေါ်တွင် များစွာ တည်မှီလျက်ရှိသည်။ ထိုအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုကို များစွာအထောက်အကူပြုနေသောလုပ်ငန်းမှာ ခရီးသွားလုပ်ငန်းပင် ဖြစ်သည်။ ခရီးသွားလုပ်ငန်းကို “မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်း”ဟူ၍လည်း တင်စားခေါ်ဝေါ် လူသိများကြသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဆိုအရ ခရီးသွားလုပ်ငန်း၏ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုသည် ကမ္ဘာ့အလုပ်အကိုင်များ၏ ၁၁ ပုံ ၁ ပုံ ရှိကြောင်း ခန့်မှန်းထားပြီး ခရီးသွားလုပ်ငန်းသည် အမျိုးသမီးများနှင့် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသတွင်သာမက ကျေးလက်ဒေသများတွင်လည်း ကျွမ်းကျင်အလုပ်သမားများနှင့် ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများ အတွက်ပါ အလုပ်အကိုင်များ ဖန်တီးပေးနေကြောင်း သိရသည်။
Nov 01, 2021
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်းအမြစ်ပင်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးပွားနေခြင်း၊ လူမှုဘဝဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမိုများပြားလာခြင်း၊ စီမံခန့်ခွဲမှုအားနည်းသော နိုင်ငံများတွင် ရေပြုန်းတီးမှုများပြားလာခြင်း၊ ရေကို လိုအပ်သည်ထက် သုံးစွဲမှုပိုမိုများပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက် စက်ရုံအလုပ်ရုံများတွင် ရေကိုပိုမိုသုံးစွဲရခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေအရင်းအမြစ်များ တဖြည်းဖြည်း လျော့ပါးနေသည်။
Nov 01, 2021
ယခုနှစ် သိပ္ပံပညာထူးချွန်တံဆိပ် ပထမဆုရ အသက် ၈၀ အရွယ် အငြိမ်းစားပါမောက္ခဆရာကြီး တစ်ဦးနှင့် စကားပြောဖြစ်သည်။ “ဆရာမေးလိုသာ ပညာရေးစနစ်သစ်ကိုပြောရရင် စနစ်က အမြဲအသစ်သစ် ပြောင်းနေတော့ ဘယ်ဟာစနစ်သစ်မှန်းတောင် မသိတော့ပါဘူးဗျာ။ စနစ်တွေက အမြဲ စမ်းသပ်တာမပြီးတော့ ပညာသင် ကလေးတွေဘဝသနားစရာ ကောင်းတာပေါ့။” ပါမောက္ခဆရာကြီး ပြောစကားကြားမှ ပညာရေးအကြောင်း တွေးမိတော့သည်။ မြန်မာနိုင်ငံပညာရေး လောကတွင် ပြဋ္ဌာန်းချက်ရေးတာက တစ်ဖွဲ၊ ပြဋ္ဌာန်းချက်ကိုသင်ကြားတဲ့ အထက်တန်းကျောင်း ဆရာ ဆရာမက တစ်ဖွဲ၊ စာမေးပွဲစစ်အဖြေလွှာကိုစစ်တဲ့ တက္ကသိုလ် ဆရာ၊ ဆရာမနှင့် အထက် တန်းပြဆရာ ဆရာမပူးပေါင်းအဖွဲက တစ်ဖွဲ၊ မေးခွန်းထုတ်တဲ့ တက္ကသိုလ် ပါမောက္ခ ဆရာ ဆရာမကြီးများက တစ်ဖွဲ ဟူ၍ လေးဖွဲရှိတာ တွေ့ရပါသည်။