Skip to main content
Nov 08, 2021
1
သိမ်းဆည်းထားသော မှတ်တမ်းဓာတ်ပုံလေးတစ်ပုံက ကျွန်တော်၏ အတွေးစများကို မြန်မာပြည်တစ်နံတစ်လျား အရှေ့မှအနောက်၊ တောင်မှမြောက်သို့ တိုင်အောင် ဆွဲဆောင်ခေါ် ယူသွားနိုင်စွမ်း ရှိနေပါပကောလား။ ရက်စွဲက ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ရက်၊ နေရာက ရုံးအမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန ဌာန၏ စုပေါင်းခန်းမ ကျင်းပပြုလုပ်သည့် အခမ်းအနားကတော့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားပဲ ဖြစ်ပါ၏။ သည်အခမ်းအနား အပြီး ကျွန်တော်နှင့် ဓာတ်ပုံတွဲရိုက်ခဲ့သော ကလေးများမှာ ကျိုင်းတုံလူငယ်သင်တန်းကျောင်းမှ လေးဘာသာဂုဏ်ထူးရှင် မောင်ဇာခလိ၊ တစ်ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသော မီးရှိန်၊ မအားမီ(၂)၊ စောလှမောင်တို့ လေးဦး၊ မြစ်ကြီးနား အမှတ်(၁) လူငယ်သင်တန်းကျောင်းမှ မထုထုမိုင် အပါအဝင် စုစုပေါင်း ငါးဦးဖြစ်သည်။ ဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုဆုကို သူတို့ရကြသည်။ ထို့ပြင်တဝ သူတို့နှင့် ကျွန်တော်တွေ့ဆုံခဲ့စဉ်အချိန်က တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်အောင် ကြိုးစားဖြေဆိုကြပါ။ အောင်တဲ့အထဲက ဂုဏ်ထူးထွက်တဲ့သူတွေကို အဘအနေနဲ့ တစ်ဘာသာ တစ်သိန်းဆုချမယ်၊ မင်းတို့ကိုဆုပေးဖို့ အဘစောင့်နေမယ်ဟု ကတိပြုပြောကြားခဲ့သည့်အတိုင်း ကျွန်တော်ရှစ်သိန်း ဆုချကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။
Nov 08, 2021
နိုဝင်ဘာလ၁ရက်နေ့က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ ကိုဗစ်-၁၉ ကြောင့် ကျောင်းတွေ ပိတ်ထားရတာလည်း လေးလကျော်ကြာခဲ့ပါတယ်။ ယခင်ကလည်း ၂၀၂၀ ပြည့်နှစ်ထဲမှာ ကိုဗစ်ဖြစ်လို့ တစ်နှစ်ကျော် ပိတ်ထားခဲ့ရပါတယ်။ ဒီကာလအတွင်းမှာ ကျောင်းသား ကျောင်းသူတွေရဲ့ နေ့စဉ်ဘဝတွေ ဘယ်လိုဖြတ်သန်းနေကြသလဲ၊ အနာဂတ်တွေဆိုတာ ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းဆကြည့်လို့ ခက်ခဲခဲ့ပါတယ်။
Nov 06, 2021
၁
နိုဝင်ဘာလဆန်းမှစ၍ နေပြည်တော်၌ ဆောင်းအငွေ့ အသက်ခံစားနေရပြီ ဖြစ်သည်။ နံနက်စောစော မြူနှင်းဖွေးဖွေးအောက်တွင် လမ်းလျှောက်ရင်း သန့်ရှင်းလတ်ဆတ်သောလေကို ရှူရသည်မှာ စိတ်ချမ်းမြေ့လှသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ခင်းပိုင်းသည် အခြားနေ့များထက် ပိုမိုသာယာလျက် ရှိသည်။ နံနက် ၆ နာရီကျော်လောက် ကတည်းက ကျောင်းဖယ်ရီကားများ ပေါ်တွင် အဖြူ၊ အစိမ်း ဝတ်ထားသော ကလေးငယ်များကို မြင်ရသည်မှာ မင်္ဂလာရှိလှပေသည်။ အနာဂတ်၏ သားကောင်း ရတနာလေးများသည် ကျောင်းပြန်တက်ရမည် ဖြစ်သဖြင့် တက်ကြွလန်းဆန်း ပျော်ရွှင်လျက်ရှိကြသည်။
Nov 06, 2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အကျိုးဆက် တွေကြောင့်ပြည်သူအများ လူမှုစီးပွားဘဝတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ နိုင်ငံတော်ကလည်း တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး ကူညီထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးတာတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒါပေမဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတာကြောင့် အားလုံး ကိုယ်စီကိုယ်စီ အပြည့်အဝမလုပ်ပေးနိုင်တာကို နားလည်ကြပါတယ်။ အမှန်တကယ်လိုအပ်နေသူ တွေကို သင့်တင့်သလောက် အထောက်အပံ့ ပေးနိုင်တာကိုပဲ ကျေနပ်မိပါတယ်။
Nov 05, 2021
လျှပ်စစ်ဓာတ်အားချွေတာသုံး ဘေးကင်းလုံခြုံသတိရှိ
ယနေ့ကာလတွင် ပြည်သူများ၏ နေ့စဉ်လူနေမှု ဘဝ၊ စီးပွားရေးဘ၀ အသုံးပြုမှုပုံစံများ ပြောင်းလဲ လာသည်နှင့်အမျှ လူမှုပတ်ဝန်းကျင်တွင် ရှေးယခင် ကဲ့သို့ သမားရိုးကျပုံစံမဟုတ်တော့ဘဲ နေရာအနှံ့ လျှပ်စစ်မီး၊ လျှပ်စစ်ဓာတ်အားကိုပိုမိုသုံးစွဲလာကြ သည်။ နိုင်ငံတော်က ပြည်သူများအတွက် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးကို နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိရာ ယခုအခါ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ထက်ဝက်မက လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ပြီ ဖြစ်ပါသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ မြန်မာပြည်တွင် လူတစ်ဦးလျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ၃၈၉ ယူနစ်အထိ ပိုမိုသုံးစွဲလာကြောင်း လေ့လာသိရသည်။ ထိုသို့လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာခြင်း၏ ဘေးထွက်ဆိုးကျိုးအဖြစ် လျှပ်စစ်မှဖြစ်ပေါ်လာသည့် မီးလောင်မှုကဲ့သို့ အန္တရာယ်များ မကြာခဏ ကြုံတွေ့လာရသည်။ လျှပ်စစ်ပစ္စည်းများသည် လူသားများအား အကျိုး ပြုသလို ဘေးအန္တရာယ်ရှိသည်ကိုလည်း သတိပြု ရမည်ဖြစ်ပေသည်။ နိုင်ငံတစ်ဝန်း မီးလောင်မှု ဖြစ်စဉ်များကို လေ့လာကြည့်ရာ၌ နေအိမ်သုံး။ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အား အပူလွန်ကဲမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာ ရှော့ခ်ဖြစ်မှုများကြောင့် မီးလောင်ဖြစ်ပွားမှု များပြားကြောင်း သိရသည်။
Nov 05, 2021
ကျန်းမာလိုလျှင် ကိုယ်တိုင်ဆောင်ရွက်သင့်သည့်လုပ်ငန်း ကိုးခု ရှိကြောင်း ကျွန်တော်ရေးခဲ့ပါသည်။ လျှော့ (၃) လျှော့၊ ဖြတ် (၃) ဖြတ်၊ ဆောင် (၃) ဆောင် ဟူ၍ အတိုကောက်မှတ်နိုင်ပါသည်။ ဆီစားသုံးမှု လျှော့ချရန်၊ အငန်စားသုံးမှုလျှော့ချရန်၊ အချိုမှုန့်ကဲ့သို့ သဘာဝမဟုတ်သောအရာများကို လျှော့စားရန် တိုက်တွန်းခဲ့ပါသည်။
Nov 05, 2021
လူတွေလူတွေ တော်တော်ဆင်းရဲကြတယ်နော်။ ကမ္ဘာပေါ်မှာကော၊ ကျွန်တော်တို့နိုင်ငံမှာကော။ မိသားစုအတော်များများဟာ လူတန်းစေ့အောင် မနေနိုင်ကြဘဲ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုးကြီး ဆိုက်ရောက်နေလို့ သေမင်းနှုတ်ခမ်းဝကျရောက်နေ ကြသူတွေ ကမ္ဘာပေါ်မှာ ၄၂ သန်းကျော် ရှိနေပါ တယ်တဲ့။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ညွှန်ကြားရေးမှူး ဒေးဗစ်ဘီစလေဆိုသူက CNN သတင်းဌာနကို ပြောပြလို့သိရတယ်။ အစာဆန်ရေ ပေါတဲ့မြေမို့ ကျွန်တော်တို့ တော်ပေသေး။
Nov 05, 2021
ပန်းကလေးတွေ လှနေတာကိုပဲ ကြည့်နေချင်သည်
နွေမှာပွင့်လန်း၊ ပိတောက်ပန်းကို ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့် သူ့တွင် အလှမမြဲပါ။ • မိုးမှာပွင့်လန်း၊ စံပယ်ပန်းကို ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့်သူ့တွင် အလှမမြဲပါ။ • ဆောင်းမှာပွင့်လန်း၊ သဇင်ပန်းကို ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့်သူ့တွင် အလှမမြဲပါ။ • ပိတောက်၊ သဇင်၊ စံပယ်ယဉ်ကို အသင်စွဲလမ်း၊ ပန်ဆင်မြန်းလည်း ပန်း၏အလှ၊ တဒင်္ဂမျှ ကြွေနွမ်းဘဝ၊ သင်္ခါရကြောင့် တစ်ဘဝမှာ၊ ထာဝရလန်း ပညာပန်းကို၊ လိုလိုချင်ချင် သင်ပန်ဆင်က၊ အစဉ်ထာဝရ လှပနေမည်သာတည်း။ ။
Nov 04, 2021
ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်
မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရေဂါ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးမည့်သူများအား ကြိုတင်မှတ်ပုံတင်ခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြား ထုတ်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်း စသည့်အချက်များကို အချိန်နှင့် တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အီလက်ထရွန်နစ် သတင်းအချက်အလက် စနစ်တစ်ခု အသုံးပြုရန်လိုအပ်နေသည့်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) သတင်းနှင့်နည်းပညာဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်း အချက်အလက်စနစ် (Vaccination Management Information System-VMIS) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ၌ စတင်သုံးစွဲနိုင်ခဲ့ပါသည်။
Nov 04, 2021
သုံးလောကထွတ်ထား မြတ်ဗုဒ္ဓဘုရားရှင်သည် ရှင်ဒေဝဒတ်အား ရဟန်းသံဃာတော်တို့ကို ဦးဆောင်အုပ်ချုပ်စီမံခွင့် လုံးဝ မပေးအပ်ခဲ့ပါ။ သစ်ပင်တို့သည် အမြစ်ပျက်စီးနေပါက ရှင်သန်ခွင့် လုံးဝမရှိတော့ပါ။ ရှင်ဒေဝဒတ်သည် မြတ်ဗုဒ္ဓအား မင်းသူဌေးသူကြွယ် ဒါယကာများ ပေါများသည်ကို မနာလိုသကဲ့သို့ ဘုရားရှင်ကဲ့သို့ပင် ဒါယကာအလှူ ရှင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ပေါများလို၏။ သူသာလျှင် ဘုရားတစ်ဆူ လုပ်လို၏။ ထို့ကြောင့် မြတ်ဗုဒ္ဓအား - “အို အရှင်ဗုဒ္ဓ၊ သင်ကား အိုမင်းရင့် ရော်နေပါပြီ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်တိုင် ရဟန်း သံဃာတော်များကို ဦးဆောင်အုပ်ချုပ်သွားပါမည်။ ကျွန်ုပ်အား အုပ်ချုပ်ခွင့် လွှဲအပ်ပေးပါ”ဟု တောင်းဆိုခဲ့သည်။ သို့ရာတွင် မြတ်ဗုဒ္ဓက ရှင်ဒေဝဒတ်ကြောင့် ဗုဒ္ဓသာသနာ တော်ကြီး ပျက်စီးမည် ကို သိထားတော်မူ၍ ဒေဝဒတ်အား လုံးဝ မလွှဲအပ်ခဲ့ပါ။