Nov 09, 2021

အခြေခံအားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပါတီများနှင့် ကိုယ်စားလှယ်လောင်း အသီးသီးအတွက် မဲဆန္ဒရှင် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများကို သက်ဆိုင်ရာ လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ် နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြည်သူလူထု၏ ကိုယ်စားပြုမှုကို ဖော်ဆောင်ပေးလိုက်ခြင်းပင် ဖြစ်သည်။
Nov 08, 2021
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို အစိုးရ အဆက်ဆက် “အမျိုးသားရေးတာဝန်” တစ်ရပ် အဖြစ်သတ်မှတ်ပြီး နှိမ်နင်းခဲ့ကြပါတယ်။ သို့ပေမယ့် လည်း ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာများနဲ့ အခြားသော မူးယစ်ဆေးဝါးဆိုင်ရာ ညွှန်းကိန်းတွေအရ မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေဆဲဖြစ်ပါတယ်။ UNODC ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ထုတ်ပြန်တဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ အစီရင်ခံစာမှာ COVID-19 ဖြစ်ပွားနေပေမယ့် မူးယစ်ဆေးဝါး ကုန်သွယ်မှု ကျဆင်းမသွားကြောင်းနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေက ကုန်သွယ်မှုတွေကို တိုးချဲ့နေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးမှု လျော့ကျလာပေမယ့် မက်သာဖက်တမင်း (Methamphetamine) ထုတ်လုပ်မှုနဲ့ တရားမဝင်ကုန်ကူးတဲ့ဈေးကွက် ကြီးမားကျယ်ပြန့်လာကြောင်း ဖော်ပြထားပါတယ်။ ဒီလိုကျယ်ပြန့်လာတဲ့ စိတ်ကြွဆေးပြားဈေးကွက်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ် ခဲ့တဲ့ ဆန္ဒပြမှုများ၊ အကြမ်းဖက်မှုဖြစ်စဉ်များရဲ့ နောက်ကွယ်မှာလည်း ကြီးမားစွာ သက်ရောက်မှုရှိ နေတယ်ဆိုတာ မငြင်းနိုင်တဲ့ သက်သေအထောက်အထားတွေ အခိုင်အမာရှိနေပါတယ်။
Nov 08, 2021
ရာသီအကူးအပြောင်းကြောင့် အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါနှင့် အသက် ၂ နှစ်အောက်ကလေးများတွင် အဖြစ်များသည့် လေပြွန်ရောင်ရမ်းပြီး အသက်ရှူကျပ်သည့် ရောဂါအ ကြောင်းကို ကျန်းမာရေး ဝန်ကြီးဌာန ရန်ကုန်ကလေးဆေးရုံကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာစောသက်ခိုင်နှင့် ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲကျော်သူတို့က ဆွေးနွေး ပြောကြားခဲ့သည်။
Nov 08, 2021
ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း နယူးဇီလန်နိုင်ငံ၏ ရွေးကောက်ပွဲအက် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိ သူများသည် ဥပဒေပါ တားမြစ်ချက်များမှလွဲ၍ လွှတ်တော်ကိုယ်စား လှယ်လောင်း ဖြစ်ခွင့်ရှိသည်။ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ် လောင်းဖြစ်ခွင့်မရှိသူများမှာ (၁) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
Nov 08, 2021
သိမ်းဆည်းထားသော မှတ်တမ်းဓာတ်ပုံလေးတစ်ပုံက ကျွန်တော်၏ အတွေးစများကို မြန်မာပြည်တစ်နံတစ်လျား အရှေ့မှအနောက်၊ တောင်မှမြောက်သို့ တိုင်အောင် ဆွဲဆောင်ခေါ် ယူသွားနိုင်စွမ်း ရှိနေပါပကောလား။ ရက်စွဲက ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ရက်၊ နေရာက ရုံးအမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီးဌာန ဌာန၏ စုပေါင်းခန်းမ ကျင်းပပြုလုပ်သည့် အခမ်းအနားကတော့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားပဲ ဖြစ်ပါ၏။ သည်အခမ်းအနား အပြီး ကျွန်တော်နှင့် ဓာတ်ပုံတွဲရိုက်ခဲ့သော ကလေးများမှာ ကျိုင်းတုံလူငယ်သင်တန်းကျောင်းမှ လေးဘာသာဂုဏ်ထူးရှင် မောင်ဇာခလိ၊ တစ်ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသော မီးရှိန်၊ မအားမီ(၂)၊ စောလှမောင်တို့ လေးဦး၊ မြစ်ကြီးနား အမှတ်(၁) လူငယ်သင်တန်းကျောင်းမှ မထုထုမိုင် အပါအဝင် စုစုပေါင်း ငါးဦးဖြစ်သည်။ ဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်သော ဂုဏ်ပြုဆုကို သူတို့ရကြသည်။ ထို့ပြင်တဝ သူတို့နှင့် ကျွန်တော်တွေ့ဆုံခဲ့စဉ်အချိန်က တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်အောင် ကြိုးစားဖြေဆိုကြပါ။ အောင်တဲ့အထဲက ဂုဏ်ထူးထွက်တဲ့သူတွေကို အဘအနေနဲ့ တစ်ဘာသာ တစ်သိန်းဆုချမယ်၊ မင်းတို့ကိုဆုပေးဖို့ အဘစောင့်နေမယ်ဟု ကတိပြုပြောကြားခဲ့သည့်အတိုင်း ကျွန်တော်ရှစ်သိန်း ဆုချကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည်။
Nov 08, 2021

နိုဝင်ဘာလ၁ရက်နေ့က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ ကိုဗစ်-၁၉ ကြောင့် ကျောင်းတွေ ပိတ်ထားရတာလည်း လေးလကျော်ကြာခဲ့ပါတယ်။ ယခင်ကလည်း ၂၀၂၀ ပြည့်နှစ်ထဲမှာ ကိုဗစ်ဖြစ်လို့ တစ်နှစ်ကျော် ပိတ်ထားခဲ့ရပါတယ်။ ဒီကာလအတွင်းမှာ ကျောင်းသား ကျောင်းသူတွေရဲ့ နေ့စဉ်ဘဝတွေ ဘယ်လိုဖြတ်သန်းနေကြသလဲ၊ အနာဂတ်တွေဆိုတာ ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းဆကြည့်လို့ ခက်ခဲခဲ့ပါတယ်။
Nov 06, 2021
နိုဝင်ဘာလဆန်းမှစ၍ နေပြည်တော်၌ ဆောင်းအငွေ့ အသက်ခံစားနေရပြီ ဖြစ်သည်။ နံနက်စောစော မြူနှင်းဖွေးဖွေးအောက်တွင် လမ်းလျှောက်ရင်း သန့်ရှင်းလတ်ဆတ်သောလေကို ရှူရသည်မှာ စိတ်ချမ်းမြေ့လှသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ခင်းပိုင်းသည် အခြားနေ့များထက် ပိုမိုသာယာလျက် ရှိသည်။ နံနက် ၆ နာရီကျော်လောက် ကတည်းက ကျောင်းဖယ်ရီကားများ ပေါ်တွင် အဖြူ၊ အစိမ်း ဝတ်ထားသော ကလေးငယ်များကို မြင်ရသည်မှာ မင်္ဂလာရှိလှပေသည်။ အနာဂတ်၏ သားကောင်း ရတနာလေးများသည် ကျောင်းပြန်တက်ရမည် ဖြစ်သဖြင့် တက်ကြွလန်းဆန်း ပျော်ရွှင်လျက်ရှိကြသည်။
Nov 06, 2021

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အကျိုးဆက် တွေကြောင့်ပြည်သူအများ လူမှုစီးပွားဘဝတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ နိုင်ငံတော်ကလည်း တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး ကူညီထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးတာတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒါပေမဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတာကြောင့် အားလုံး ကိုယ်စီကိုယ်စီ အပြည့်အဝမလုပ်ပေးနိုင်တာကို နားလည်ကြပါတယ်။ အမှန်တကယ်လိုအပ်နေသူ တွေကို သင့်တင့်သလောက် အထောက်အပံ့ ပေးနိုင်တာကိုပဲ ကျေနပ်မိပါတယ်။
Nov 05, 2021

ယနေ့ကာလတွင် ပြည်သူများ၏ နေ့စဉ်လူနေမှု ဘဝ၊ စီးပွားရေးဘ၀ အသုံးပြုမှုပုံစံများ ပြောင်းလဲ လာသည်နှင့်အမျှ လူမှုပတ်ဝန်းကျင်တွင် ရှေးယခင် ကဲ့သို့ သမားရိုးကျပုံစံမဟုတ်တော့ဘဲ နေရာအနှံ့ လျှပ်စစ်မီး၊ လျှပ်စစ်ဓာတ်အားကိုပိုမိုသုံးစွဲလာကြ သည်။ နိုင်ငံတော်က ပြည်သူများအတွက် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးကို နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိရာ ယခုအခါ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ထက်ဝက်မက လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ပြီ ဖြစ်ပါသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ မြန်မာပြည်တွင် လူတစ်ဦးလျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ၃၈၉ ယူနစ်အထိ ပိုမိုသုံးစွဲလာကြောင်း လေ့လာသိရသည်။ ထိုသို့လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာခြင်း၏ ဘေးထွက်ဆိုးကျိုးအဖြစ် လျှပ်စစ်မှဖြစ်ပေါ်လာသည့် မီးလောင်မှုကဲ့သို့ အန္တရာယ်များ မကြာခဏ ကြုံတွေ့လာရသည်။ လျှပ်စစ်ပစ္စည်းများသည် လူသားများအား အကျိုး ပြုသလို ဘေးအန္တရာယ်ရှိသည်ကိုလည်း သတိပြု ရမည်ဖြစ်ပေသည်။ နိုင်ငံတစ်ဝန်း မီးလောင်မှု ဖြစ်စဉ်များကို လေ့လာကြည့်ရာ၌ နေအိမ်သုံး။ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အား အပူလွန်ကဲမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာ ရှော့ခ်ဖြစ်မှုများကြောင့် မီးလောင်ဖြစ်ပွားမှု များပြားကြောင်း သိရသည်။
Nov 05, 2021

ကျန်းမာလိုလျှင် ကိုယ်တိုင်ဆောင်ရွက်သင့်သည့်လုပ်ငန်း ကိုးခု ရှိကြောင်း ကျွန်တော်ရေးခဲ့ပါသည်။ လျှော့ (၃) လျှော့၊ ဖြတ် (၃) ဖြတ်၊ ဆောင် (၃) ဆောင် ဟူ၍ အတိုကောက်မှတ်နိုင်ပါသည်။ ဆီစားသုံးမှု လျှော့ချရန်၊ အငန်စားသုံးမှုလျှော့ချရန်၊ အချိုမှုန့်ကဲ့သို့ သဘာဝမဟုတ်သောအရာများကို လျှော့စားရန် တိုက်တွန်းခဲ့ပါသည်။