Skip to main content
Nov 12, 2021
၂
ဆယ်ကျော်သက်အရွယ် လူငယ်လေးနှစ်ဦး။ သူတို့နှစ်ဦးကို ပြည်သူ့ကုန်တိုက် (၁)က ရောင်းချပေးသော ၁၆ ကျပ် ပြား ၄၀ တန် ဒဗလျူဘောလုံးလေး တစ်လုံးနှင့်အတူ မကြာခဏ တွေ့ရတတ်သည်။ ဘောလုံးသာ ကန်ရမည်ဆို လျှင်ဖြင့် မိုးရွာရွာ၊ နေပူပူ ဘယ်အချိန်ဖြစ်ဖြစ် သူတို့နှစ်ဦးက အမြဲအဆင်သင့်။ ကျောင်းပိတ်ရက်များဆို မိုးမလင်း ခင်ကတည်းက ဘောလုံးလေးပိုက်ပြီး ထွက်လာကြသည်။ ပြီးတော့ ဘောလုံးကန်ဖော်ကန်ဖက် သူငယ်ချင်း များကို အိမ်ပေါက်စေ့လိုက်ခေါ်သည်။
Nov 11, 2021
တစ်နေ့က စာအုပ်တွေရှင်းရင်း စာအုပ်ပုံတွေကြားက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်အချို့ ထွက်လာသည်။ အချို့ဗိုလ်ချုပ်စာအုပ်တွေက ၈၈ မတိုင်ခင် စာရေးသူလူငယ်ဘဝက ရန်ကုန်မြို့လယ် လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေက ဝယ်ခဲ့တဲ့ စာအုပ်တွေ။ “အောင်သန်း၏ အောင်ဆန်း”၊ “မေ့ပျောက်၍မရသောအောင်ဆန်း”၊ “ဗမာ့နိုင်ငံ ရေးသုခမိန်” စတဲ့စာအုပ်တွေဆို တစ်အုပ်မှ ငွေကျပ် ၂၀ ထဲ။
Nov 11, 2021
fdv
စားသုံးဆီများတွင် အခြေခံအားဖြင့် (၁) ကျန်းမာ ရေးအရ သင့်တင့်စွာစားသုံးနိုင်သည့် မပြည့်ဝဆီ များ (Unsaturated Fats)၊ (၂) တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့်ပြည့်ဝဆီများ (Saturated Fats) နှင့် (၃) လုံးဝမစားသုံးသင့်သော အသွင်ပြောင်း ဆီများ (Trans Fats) ဟူ၍ သုံးမျိုးရှိသည်။
Nov 11, 2021
dzfgfgbhgf
ကျွန်တော်တို့ဟာ ပစ္စုပ္ပန်မှာ မိမိဘဝနဲ့ မိမိလူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တိုးတက်အောင် စံနှုန်းတွေနဲ့အညီ ကြိုးစားနေထိုင်နေကြရတဲ့ သူတွေချည်းပါပဲ။ ဒီလိုကြိုးစားရာမှာ အတိတ်ကိုလည်း မေ့ထားလို့မရတဲ့အပြင် ထိုအတိတ်ဆီကပဲ သင်ယူလေ့လာစရာတွေ၊ သင်ခန်းစာယူစရာတွေ အများကြီးရှိနေတဲ့အတွက် ရယူတတ်မယ်ဆိုရင် လွန်စွာအကျိုးရှိပါ လိမ့်မယ်။ အတိတ်က ကိုယ့်အမှားတွေကို သုံးသပ်အဖြေရှာနိုင်ဖို့အပြင် သူများရဲ့အမှားမှလည်း သင်ခန်းစာယူနိုင်မှ၊ လေ့လာနိုင်မှသာ ပစ္စုပ္ပန်ကိုတန်ဖိုးထားတတ်ပြီး အနာဂတ်စိန်ခေါ်မှုတွေကို မှန်မှန်ကန်ကန်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။
Nov 11, 2021
zfgvf
မြန်မာတို့၏ အခြေခံစားသောက်ကုန်များတွင် စားသုံးဆီသည် တစ်ခုအပါအဝင်ဖြစ်ရာ နေ့စဉ်အစားအစာ ချက်ပြုတ် ကြော်လှော်မှုတို့အတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်နေပါသည်။ မိရိုးဖလာသုံးစွဲခဲ့ကြသော ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီတို့ကိုသာမကပဲ လူဦးရေတိုးတက် လာမှု၊ စီးပွားရေးစနစ်ပုံစံပြောင်းလဲလာမှုနှင့် Globalization ကြောင့် ပြောင်းလဲလာသော အစားအစာယဉ်ကျေးမှု စသည်တို့ကြောင့် ပြည်ပမှ တင်သွင်းလာသော စားသုံးဆီအမျိုးမျိုးတို့ကိုပါ ယဉ်ပါးစွာ သုံးစွဲနေကြပြီဖြစ်ပါသည်။
Nov 10, 2021
သက်ရှည်ကျန်းမာဖို့ စားသုံးဆီကို တတ်နိုင်သမျှ လျှော့စားစို့
ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်ပုံလို့ ဆိုစမှတ်ပြုရလောက်အောင် စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆန်ရေစပါး၊ ကောက်ပဲသီးနှံတို့ဖူလုံပြည့်စုံခဲ့သလို ဆီစားသုံးမှုကလည်း များပြား ခဲ့ပါတယ်။ အသားငါးဟင်းဆိုရင် ဆီပြန်လေးမှ၊ အသီးအရွက်ကြော်ဆိုရင် ဆီလေးရွှဲမှ အရသာ ရှိတယ်လို့ ထင်ခဲ့ကြပါတယ်။ ကိုယ်တိုင်စိုက်ပျိုးကြိတ်ခွဲရတဲ့ ခေတ်အခါက ဆီစားသုံးမှုများပြား ခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေက မသိသာလှသော်လည်း ယနေ့ခေတ်ကာလလို ဈေးကွက် တွေမှာ ရောင်းချနေတဲ့ စားသုံးရန် မသင့်တဲ့၊ မမှန်ကန်တဲ့၊ ရောနှောထားတဲ့၊ အရောင် အနံ့တို့ ထည့်သွင်းပြုပြင်ထားတဲ့ ဆီတွေပေါများ လာချိန်မှာတော့ ဆီစားသုံးမှုများပြား လွန်ကဲခြင်းက ကျန်းမာရေးအတွက် ကြောက်ခမန်းလိလိ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို တွေ့မြင်လာရ ပါတယ်။
Nov 10, 2021
မော်တော်ယာဉ်များအား ဥပဒေနှင့်အညီ စစ်ဆေး ပြီး မှတ်ပုံတင်စေရန်၊ မော်တော်ယာဉ်အမျိုးအစား အလိုက် မောင်းနှင်မည့်သူများအား သတ်မှတ်ထား သည့် အရည်အချင်းနှင့်ပြည့်မီမှု ရှိ/မရှိ စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန်၊ မော်တော်ယာဉ်ကြောင့် ဖြစ်ပေါ်လာသော လေထု၊ ရေထု၊ မြေထုညစ်ညမ်းခြင်းနှင့် အသံဆူညံခြင်းတို့ လျော့နည်းစေရေးဆောင်ရွက်ရန်၊ မော်တော် ယာဉ်ကြောင့် မတော်တဆဖြစ်ပွားမှုများ လျော့နည်းကျဆင်း လာစေရေးအတွက်
Nov 10, 2021
ကျန်းမာရေး
ကမ္ဘာတစ်ဝန်းလုံးရင်ဆိုင်နေရသော ကိုဗစ်-၁၉ (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါသည် ဗီဇမျိုးကွဲ အမျိုးမျိုးပြောင်းလဲကာ ကူးစက်မှုနှုန်းမြန်ဆန်ရုံသာမက အချိန်တိုအတွင်း ကင်းစင်ပပျောက် စေနိုင်မည့် ရောဂါမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် နိုင်ငံတကာတွင် တိုင်းရင်း ဆေးဖြင့် ကာကွယ်ကုသနိုင်ရန် သုတေသနပြု
Nov 10, 2021
ကျေးလက်ဒေသ သန့်ရှင်းသောသောက်သုံးရေရရှိရေး မဟာဗျူဟာနှင့် “၂၀၃၀” မျှော်မှန်းချက်
ရေသည် လူသားတိုင်းအတွက် နေ့စဉ်ဘဝမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ “ရေ” အသက် တစ်မနက်ဟု တင်စားပြောကြပါတယ်။ “ရေ” မသောက်ဘဲ၊ ရေမရှိဘဲ ရှင်သန်နေထိုင်လို့မရပါ။ ကျန်းမာရေးအတွက်၊ အသက်ရှင်နေထိုင်ရေးအတွက် အစားအသောက်ချက်ပြုတ်ရန်၊ အစားအစာ ပြုလုပ်ရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရန်၊ သောက်သုံးရန်၊ လျှော်ဖွပ်ရန်၊ ဆေးကြော ရန်ရေ မရှိမဖြစ် လိုအပ်ပါတယ်။
Nov 10, 2021
“ဖြတ်သုံးဖြတ်” နှင့် ပတ်သက်သောဇာတ်လမ်းများ များစွာရှိပါသည်။ အထူးသဖြင့် ချစ်သူအချင်းချင်း ဆေးလိပ်၊ စီးကရက်ဖြတ်ဖို့၊ အရက်ဖြတ်ဖို့၊ မူးယစ်ဆေးဝါးဖြတ်ဖို့ အကြိမ်ကြိမ်ညှိကြရသည့် ဇာတ်လမ်းများရှိသော်လည်း “ကွမ်းစား” ဖြတ်ဖို့ ဇာတ်လမ်းမျိုးတော့ မရှိလှချေ။ ကြောက်ရသူက ဖြတ်ခိုင်းလျှင်ပင် နောက်ကွယ်၌ ကွမ်းမစားဘဲ မနေနိုင်သူများရှိ၏။