Skip to main content
Jan 19, 2022
မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၁၉၅၆ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဖြင့် လူမှုဖူလုံရေးစီမံကိန်းလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဖူလုံရေးစီမံကိန်းသည် အာမခံအလုပ်သမားများ၏ မကျန်းမာမှု၊ မီးဖွားမှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုတို့ကြောင့် လုပ်ခဝင်ငွေ လျော့နည်း ခြင်း၊ ရပ်စဲခြင်းများ ဖြစ်ပေါ်သည့်အခါ အလုပ်သမားနှင့် ၎င်းအပေါ်မှီခိုနေသော မိသားစုဝင်တို့၏ စီးပွားရေး၊ လူမှုဒုက္ခများခံစားရခြင်းမှ ကာကွယ်ပေးရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
Jan 18, 2022
01
အထူးဟစ်တိုင် သတင်းမီဒီယာမှ တာဝန်ခံအယ်ဒီတာ ဦးအောင်ကျော်ဦးက မြို့နယ်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာရင်းပြုစုခြင်း၊ ကော်မတီ ဖွဲ့စည်းခြင်းတို့ လုပ်ဆောင်နေသည်ဟု ကြားသိရကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟုလည်း ကြားသိရကြောင်း၊ ယင်းကိစ္စကို အတည်ပြုနိုင်ခြင်း ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။
Jan 18, 2022
01
နစ်နာဆုံးရှုံးမှုများအတွက် ကုစားခွင့်ဆိုသည်ကို ကမ္ဘာကသိစေရန် အစပြုခဲ့သည်ကတော့ ဟန်မူရာဘီကိုဓဥပဒေပါ။ ကမ္ဘာ့ပထမဦးဆုံး တရားစီရင်ရေးဥပဒေဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ဘေဘီလုံမြို့ကြီး၏ အရှင်သခင် ဟန်မူရာဘီ ဘုရင်ကြီးရေးသားပြုစုခဲ့သည့် ဟန်မူရာဘီကိုဓဥပဒေ (Code of Hammurabi) ထဲတွင် “သွားတစ်ချောင်း ဆုံးရှုံးမှုအတွက် သွားတစ်ချောင်း”၊ “မျက်လုံးတစ်လုံး ဆုံးရှုံးမှုအတွက် မျက်လုံးတစ်လုံး” ဆိုပြီး ဆုံးရှုံးမှုနှင့် တန်းတူပြန်ပေးရသည့် ကုစားခွင့် (သို့မဟုတ်) လျော်ကြေးပြန်ပေးရသည်ဆိုသည်ကို လူသိများပြီး ကမ္ဘာကျော်သည့် လျော်ကြေးဟု သတ်မှတ်မည်ဆိုလျှင် မှားဖွယ်ရာရှိမည်မထင်ပါ။
Jan 15, 2022
ယခုတလော လူအများစုရဲ့ စိတ်အတွေးများနှင့် ပတ်သက်၍ ကျွန်တော်တွေးနေမိသည်။ သူတို့ အတွေးတွေက ဘယ်မှာလဲ၊ ဘာတွေကို တွေးနေကြ သလဲ၊ ဘယ်ကို ဦးတည်နေသလဲ စသဖြင့်ပေါ့။
Jan 12, 2022
ကျန်းမာရေး
၂၀၁၉ ခုနှစ်က စတင်ကူးစက်ပျံ့နှံ့လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးဆိုးကြီးဟာ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာမှာ လျင်မြန်စွာဖြစ်ပွားပြီး လူသား သန်း ၃၀၀ ခန့်ကို ရောဂါရစေတယ်။ အသေ အပျောက်တွေလည်း ကြောက်ခမန်းလိလိ များပြားခဲ့တယ်။
Jan 12, 2022
ယနေ့အခါတွင် “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးသည့် လုပ်ငန်းကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိပါသည်။ လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ မဲပေးနိုင်ရန် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကို ဦးစားပေးဆောင်ရွက်နေသည်ဟု မြင်မိပါသည်။ တကယ်တော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းသည် တစ်ကြိမ်တစ်ခါ ဆောင်ရွက်ရုံမျှဖြင့် ပြီးစီးသည့် လုပ်ငန်းမဟုတ်ပါ။ နိုင်ငံတည်ရှိနေသရွေ့ “နိုင်ငံသား ဟုတ်၊ မဟုတ်” စိစစ်နေရပေဦးမည်။ နိုင်ငံသားသည် မဲပေးရုံသက်သက် အခွင့်အရေး ရသည်မဟုတ်ပေ။
Jan 10, 2022
“ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက်၊ ရေငတ်တုန်း ရေတွင်းထဲကျ၊ ရေစီးတစ်ခါ ရေသာတစ်လှည့်၊ ရေများရာမိုးရွာ၊ ရေများရေနိုင် မီးများမီးနိုင်၊ ရေမြင့်ကြာမြင့်၊ ရေနစ်သူ ဝါးကူလို့ထိုး၊ ရေစုန်ရွက်တိုက်၊ ရေနိမ့်ရာစီး မီးမြင့်ရာလောင်၊ ရေမနောက် ကြာမရှောက်” စသည့် ရေနှင့်ပတ်သက် သည့် စကားပုံများကို မြန်မာမှုနယ်ပယ်၌ တွင်ကျယ်စွာ သုံးစွဲလျက်ရှိသည်။ ရေမရှိလျှင် သက်ရှိအားလုံး ရှင်သန်နိုင်မည် မဟုတ်ချေ။ မိုးရာသီကျော်လွန်၍ ဆောင်းအကူးပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ် သည်။ ပူပြင်းခြောက်သွေ့သောကာလတွင် ရေခန်း ခြောက်လာတတ်ပြီး နှစ်စဉ်နွေရာသီတွင် ကြုံတွေ့ရသည့် ပြဿနာသည် သောက်သုံးရေရှားပါးခြင်းပင် ဖြစ်သည်။ ထိုသို့ ရေရှားပါးပြတ်လပ်မှုမျိုး မကြုံရလေအောင် အဖိုးတန်သောရေကို ယခုကတည်းက စနစ်တကျစုဆောင်းထားပြီး ချွေတာသုံးစွဲဖို့ လိုအပ်သည်။
Jan 10, 2022
စာပေကဏ္ဍ
အင်တွဲပွဲလျက်အရှာထွက်ဝတ္ထုတွင် မြန်မာနိုင်ငံအနောက်ပိုင်း ကသာခရိုင်သည် သစ်တောထွက် သယံဇာတ အများဆုံးထွက်ရာ ဒေသဖြစ်ပြီး အင်တွဲနှင့် ပွဲလျက်ကဲ့သို့သော အရာများလည်း အများအပြား ထွက်ရှိကြောင်း၊ ဒေသခံများသည် တောင်ယာလုပ်ငန်းသိမ်းသော နွေရာသီရောက်လျှင် တောထဲတောင်ထဲ တွင် အင်တွဲ၊ ပွဲလျက် အရှာထွက်ကြပုံ၊ မျိုးမျိုးမြက်မြက်ရသော အင်တွဲ၊ ပွဲလျက် များကို သက်စွန့်ဆံဖျားရှာဖွေကြရာတွင် တစ်ခါတစ်ရံ တောတောင်စည်းကမ်းများကို ချိုးဖောက်မိသဖြင့် တောခြောက် ခြင်းများနှင့်တွေ့ကြုံကြရပုံ၊ တောတောင်အတွင်း သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်နှင့် ကြုံတွေ့ရင်ဆိုင်ကြရပုံ၊ အင်တွဲ၊ ပွဲလျက်အပြင် ရှားပါးသော ကျောရိုး၊ ကျားစွယ်၊ ကျားသားရေ၊ ကျားနို့များပါ ရတတ်ကြောင်း၊ စခန်းသိမ်း၍ ရွာအပြန်တွင် အောင်ပွဲရ စစ်သူကြီးများပမာ စိတ်ဓာတ်တက်ကြွလျက် ရှိနေတတ်ကြပုံအကြောင်း ရေးသားထားပါသည်။
Jan 09, 2022
မကြာသေးမီကာလ ၂၀၂၁ ခုနှစ်အတွင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည့် အမိန့်ကြော်ငြာချက်နှစ်ခုကို မြန်မာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ပထမတစ်ခုမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ဂျပန်ယန်းငွေနှင့်အတူ တရုတ်နိုင်ငံသုံး ယွမ်ငွေကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် တရားဝင် ရောင်းဝယ်ဖောက်ကား ခွင့်ပြုကြောင်း ဖော်ပြထားသည့်ကြေညာချက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို မြန်မာ-တရုတ်နယ် စပ်ဒေသတွင် တရားဝင် တိုက်ရိုက်အသုံးပြု ပေးချေခွင့်ပြုလိုက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သောအမိန့်ကြော်ငြာချက်ပင်ဖြစ်သည်။