Skip to main content
Dec 26, 2021
ဆောင်းပါး
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဂျပန်တို့က “ရွှေရည်စိမ်လွတ်လပ်ရေး” ပေးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ် ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် “ဗမာ့ခေတ်သတင်းစာမှာ “ဗမာ့လွတ်လပ်ရေးအရေးတော်ပုံ” ဆောင်းပါးရှည်ကြီးနဲ့ မြန်မာ ပြည်သူတွေကို အသိပေးတပ်လှန့်ရေးသားခဲ့တာ သမိုင်းတင်တဲ့အနေနဲ့ ကောက်နုတ်တင်ပြ လိုက်ရပါတယ်။
Dec 26, 2021
ဆိုဆုံးမလွယ်သူဖြစ်ခြင်းသည် မင်္ဂလာတရားတော်နှင့် ညီ၏ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ မိဘ၊ ဆရာများက ဆိုဆုံးမသည့်အခါ ကောင်းစွာနာယူလိုက်နာခြင်းသည် ကောင်းမြတ်သော အကျင့်ဖြစ်ပါသည်။ တချို့က ပြောဆိုဆုံးမသည့်အခါ မလိုက်နာသည့်အပြင် ပြက်ရယ်ပင် ပြုတတ်ကြပါသည်။ လုပ်ငန်းခွင်ထဲတွင်လည်း မိမိထက် ရာထူးကြီးသူ၊ မိမိထက် အတွေ့အကြုံ များသူ၊ မိမိထက် အသက်ကြီးသူများက ပြောဆိုဆုံးမသည့်အခါ လေးလေးစားစား လိုက်နာရန်လိုပါသည်။ ပြောဆိုဆုံးမခြင်းများကို မလိုက်နာလျှင် ဘဝတစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုရရန် ခက်သလို ရေရှည်တွင်လည်း အမှားများစွာနှင့် ရင်ဆိုင်ရပါမည်။ ထို့ကြောင့် ဆိုဆုံးမလွယ်သူဖြစ်ရန် မိမိကိုယ်မိမိ ပြုပြင်နေထိုင်ရပါမည်။ ဆရာ၊ မိဘများကို ကန်တော့သည့်အခါ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ “ဆိုဆုံးမလွယ်သူဖြစ်ပါစေ” ဟု ဆရာ၊ မိဘများက ဆုပေးလေ့ရှိပါသည်။ ဤဆုသည် အလွန်အဖိုးတန်သောဆုဖြစ်ပြီး ဘုရားဟောနှင့်လည်း ကိုက်ညီပါသည်။ ဆရာက ဆိုဆုံးမသည်ကို အငြိုးထားသည့် တပည့် အကြောင်းကို ဗုဒ္ဓဘုရားရှင်က တိလမုဋ္ဌိဇာတ်တွင် အောက်ပါအတိုင်း ဟောပါသည်။
Dec 26, 2021
ဆောင်းပါး
အမျိုးသားစာပေတစ်သက်တာဆုဟူသည်မှာ မိမိ၏ဘဝတစ်သက်တာလုံး သုတစာပေ သို့မဟုတ် ရသစာပေများကို တစိုက်မတ်မတ်ရေးသားလျက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာပေများနှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် အမျိုးသား စာပေတစ်သက်တာဆုရရှိသူဆရာ၊ ဆရာမကြီး ၃၄ ဦး ရှိပြီဖြစ်ပါသည်။ တစ်သက်တာစာပေဆုရရှိခဲ့သော ဆရာ၊ ဆရာမကြီးများ ထဲတွင် သုတစာပေရေးသားသူ၊ ရသစာပေရေးသားသူ၊ ရှေးဟောင်းစာပေပြုစုရေးသားသူ၊ သုတေသနပြုလုပ်သူ၊ ဝိဇ္ဇာသိပ္ပံ ဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်သူ စသည်ဖြင့် ပညာရှင်မျိုးစုံတို့ ပါဝင်ပါသည်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆုကို ကဗျာ၊ ဝတ္ထု၊ ပုံပြင်နှင့် သမိုင်းသုတေသန ဆိုင်ရာစာပေများကို ရေးသားသည့် ဆရာကြီးသိန်းသန်းထွန်းက ရရှိခဲ့ပါသည်။
Dec 26, 2021
ဆောင်းပါး
“လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်” ဟုဆိုကာ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမကြီး၌ ပြုလုပ်သည့် ပြည်သူ့အစည်းအဝေးကြီး၌ တိုင်းသူပြည်သားများအား တိုက်တွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုတန်ဖိုးထားတတ်စေရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်သည်။
Dec 25, 2021
စာရေးသူဖေဖေရဲ့ စံနမူနာ၊ အတုယူစရာကောင်းတဲ့ အချက်တစ်ခုကို မျှဝေပါရစေ။ ထမင်းစားပွဲမှာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို လက်နဲ့ဆုပ်ပန်းကန်ထိပ်မှာ တင်ထားပြီးမှ အမြဲစားပါတယ်။ ရတနာသုံးပါးနဲ့ကျေးဇူးရှင်တွေကို ဦးချပြီးမှစားပါတယ်။ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ဂါရဝပြုတဲ့အနေနဲ့ပါ။
Dec 25, 2021
ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ ပတ်ဝန်းကျင်ကို ဖန်တီးတာပါပဲ။ ကံကောင်းခြင်း ကိုရနိုင်၊ မရနိုင်ဆိုတာ တကယ်တော့ မိမိကိုယ်တိုင်နဲ့သာ သက်ဆိုင်တာပဲ။ မိမိအပေါ်မှာပဲ မူတည်တယ်။ ဘဝတစ်ခုဟာ အစပြုတာရှိသလို အဆုံးနိဂုံးလည်း ရှိပေတာပေါ့။ ခရီးတစ်ခု သွားနေသလိုပါပဲ။ မုချရောက်ရမယ့် ဘူတာစဉ်တွေမှာ မှတ်တိုင်စာရင်း ထိုးထားတယ်လေ။ ဘာတဲ့လဲ။ ထွက်ခွာရွေ့လျား ရှေ့ကိုသွားရင်းတွေ့ရမယ့် ဘူတာတွေက အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေလွန်ခြင်း။ ဟုတ်တယ်။ ဒီဘူတာစဉ်အတိုင်း မလွဲမသွေ ဖြတ်သန်းနေကြတာပေပဲ။ သင့်ရဲ့လက်ကျန်ဘဝ ဟာ ကြာလေလေ နည်းလေလေပေါ့။
Dec 25, 2021
(၇၄)နှစ် လွတ်လပ်ရေးနေ့အတွေးအမြင်
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။
Dec 24, 2021
လူမှုရေး
နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ္စမတ်နေ့ဖြစ်သည်။ နှစ်စဉ်ထိုနေ့တွင် ကမ္ဘာတစ်ဝန်းလုံး အလှူအတန်းများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။ အထူးသဖြင့် လူငယ်များသည် လူကြီးမိဘများ ထံမှ ခရစ္စမတ်လက်ဆောင်များနှင့် ခရစ္စမတ်ကတ်များရရှိကြသဖြင့် မျက်နှာများပေါ်တွင် အပြုံးများ ဖုံးလွှမ်းလျက်ရှိသည်။ လူငယ်များ၏ပျော်ရွှင်မှုသည် လူကြီးများကိုကူးစက်စေပါသည်။ စင်စစ်အားဖြင့် လူကြီးများသည်လူငယ်များကို ယဉ်ကျေးသိမ်မွေ့မှုရှိစေရန်၊ ကူညီရိုင်းပင်းတတ်စေရန်၊ ပေးကမ်းစွန့်ကြဲ တတ်စေရန်နှင့် မကောင်းမှုရှောင်၍ ကောင်းမှုဆောင်တတ်စေရန်အတွက် သက်ဆိုင်ရာ ဘာသာတရား၏ အဆုံးအမ၊ အစဉ်အလာတို့ဖြင့် စည်းရုံးဆောင်ရွက်ထားခြင်းဖြစ်သည်။
Dec 24, 2021
ကျွန်တော်တို့ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ ဘိုးဘေး ဘီဘင်တွေ အစဉ်အဆက်တိုက်ယူပြီးမှ လက်ဆင့် ကမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်လာခဲ့ရတဲ့ အသီးအပွင့် တွေဖြစ် ပါတယ်။ ခိုင်မာတဲ့မျိုးချစ်စိတ်ကို မြစ်ဖျားခံပြီး ကောင်းမြတ်တဲ့ ဘာသာတရား အဆုံးအမများနဲ့ အတူ ၁၃၅ မျိုးသော တိုင်းရင်းသား ပေါင်းစုံရဲ့ ရင့်ကျက်နက်ရှိုင်းတဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ် အလာနဲ့ ကောင်းမြတ်တဲ့ လောက ပါလတရားတွေနဲ့ ထုံမွမ်းထားတဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်။
Dec 22, 2021
ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် တီမောအသင်းကိုမှအပ အိမ်ရှင် စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ရသည်။