Dec 26, 2021
အမျိုးသားစာပေတစ်သက်တာဆုဟူသည်မှာ မိမိ၏ဘဝတစ်သက်တာလုံး သုတစာပေ သို့မဟုတ် ရသစာပေများကို တစိုက်မတ်မတ်ရေးသားလျက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာပေများနှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် အမျိုးသား စာပေတစ်သက်တာဆုရရှိသူဆရာ၊ ဆရာမကြီး ၃၄ ဦး ရှိပြီဖြစ်ပါသည်။ တစ်သက်တာစာပေဆုရရှိခဲ့သော ဆရာ၊ ဆရာမကြီးများ ထဲတွင် သုတစာပေရေးသားသူ၊ ရသစာပေရေးသားသူ၊ ရှေးဟောင်းစာပေပြုစုရေးသားသူ၊ သုတေသနပြုလုပ်သူ၊ ဝိဇ္ဇာသိပ္ပံ ဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်သူ စသည်ဖြင့် ပညာရှင်မျိုးစုံတို့ ပါဝင်ပါသည်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆုကို ကဗျာ၊ ဝတ္ထု၊ ပုံပြင်နှင့် သမိုင်းသုတေသန ဆိုင်ရာစာပေများကို ရေးသားသည့် ဆရာကြီးသိန်းသန်းထွန်းက ရရှိခဲ့ပါသည်။
Dec 26, 2021
“လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားစံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ကနေ့ပြောခဲ့ချင်တယ်” ဟုဆိုကာ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမကြီး၌ ပြုလုပ်သည့် ပြည်သူ့အစည်းအဝေးကြီး၌ တိုင်းသူပြည်သားများအား တိုက်တွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုတန်ဖိုးထားတတ်စေရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်သည်။
Dec 25, 2021

စာရေးသူဖေဖေရဲ့ စံနမူနာ၊ အတုယူစရာကောင်းတဲ့ အချက်တစ်ခုကို မျှဝေပါရစေ။ ထမင်းစားပွဲမှာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို လက်နဲ့ဆုပ်ပန်းကန်ထိပ်မှာ တင်ထားပြီးမှ အမြဲစားပါတယ်။ ရတနာသုံးပါးနဲ့ကျေးဇူးရှင်တွေကို ဦးချပြီးမှစားပါတယ်။ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ဂါရဝပြုတဲ့အနေနဲ့ပါ။
Dec 25, 2021

ကံကောင်းခြင်းကို ဖန်တီးတယ်ဆိုတာ ပတ်ဝန်းကျင်ကို ဖန်တီးတာပါပဲ။ ကံကောင်းခြင်း ကိုရနိုင်၊ မရနိုင်ဆိုတာ တကယ်တော့ မိမိကိုယ်တိုင်နဲ့သာ သက်ဆိုင်တာပဲ။ မိမိအပေါ်မှာပဲ မူတည်တယ်။
ဘဝတစ်ခုဟာ အစပြုတာရှိသလို အဆုံးနိဂုံးလည်း ရှိပေတာပေါ့။ ခရီးတစ်ခု သွားနေသလိုပါပဲ။ မုချရောက်ရမယ့် ဘူတာစဉ်တွေမှာ မှတ်တိုင်စာရင်း ထိုးထားတယ်လေ။ ဘာတဲ့လဲ။
ထွက်ခွာရွေ့လျား ရှေ့ကိုသွားရင်းတွေ့ရမယ့် ဘူတာတွေက အိုမင်းခြင်း၊ နာမကျန်းခြင်း၊ သေလွန်ခြင်း။ ဟုတ်တယ်။ ဒီဘူတာစဉ်အတိုင်း မလွဲမသွေ ဖြတ်သန်းနေကြတာပေပဲ။ သင့်ရဲ့လက်ကျန်ဘဝ ဟာ ကြာလေလေ နည်းလေလေပေါ့။
Dec 25, 2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယဖြစ်သည်။
Dec 24, 2021
နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်သည် ခရစ္စမတ်နေ့ဖြစ်သည်။ နှစ်စဉ်ထိုနေ့တွင် ကမ္ဘာတစ်ဝန်းလုံး အလှူအတန်းများနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြသည်။ အထူးသဖြင့် လူငယ်များသည် လူကြီးမိဘများ ထံမှ ခရစ္စမတ်လက်ဆောင်များနှင့် ခရစ္စမတ်ကတ်များရရှိကြသဖြင့် မျက်နှာများပေါ်တွင် အပြုံးများ ဖုံးလွှမ်းလျက်ရှိသည်။ လူငယ်များ၏ပျော်ရွှင်မှုသည် လူကြီးများကိုကူးစက်စေပါသည်။ စင်စစ်အားဖြင့် လူကြီးများသည်လူငယ်များကို ယဉ်ကျေးသိမ်မွေ့မှုရှိစေရန်၊ ကူညီရိုင်းပင်းတတ်စေရန်၊ ပေးကမ်းစွန့်ကြဲ တတ်စေရန်နှင့် မကောင်းမှုရှောင်၍ ကောင်းမှုဆောင်တတ်စေရန်အတွက် သက်ဆိုင်ရာ ဘာသာတရား၏ အဆုံးအမ၊ အစဉ်အလာတို့ဖြင့် စည်းရုံးဆောင်ရွက်ထားခြင်းဖြစ်သည်။
Dec 24, 2021

ကျွန်တော်တို့ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ ဘိုးဘေး ဘီဘင်တွေ အစဉ်အဆက်တိုက်ယူပြီးမှ လက်ဆင့် ကမ်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်လာခဲ့ရတဲ့ အသီးအပွင့် တွေဖြစ် ပါတယ်။ ခိုင်မာတဲ့မျိုးချစ်စိတ်ကို မြစ်ဖျားခံပြီး ကောင်းမြတ်တဲ့ ဘာသာတရား အဆုံးအမများနဲ့ အတူ ၁၃၅ မျိုးသော တိုင်းရင်းသား ပေါင်းစုံရဲ့ ရင့်ကျက်နက်ရှိုင်းတဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ် အလာနဲ့ ကောင်းမြတ်တဲ့ လောက ပါလတရားတွေနဲ့ ထုံမွမ်းထားတဲ့ လွတ်လပ်မှုမျိုး ဖြစ်ပါတယ်။
Dec 22, 2021

ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် တီမောအသင်းကိုမှအပ အိမ်ရှင် စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ရသည်။
Dec 22, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းဝင် နေ့ထူးကြီးများအနက် “လွတ်လပ်ရေးနေ့ "သည် အထူးမြတ်ဆုံး နေ့တစ်နေ့ဖြစ်ပါသည်။
- နယ်ချဲ့ ကိုလိုနီအုပ်ချုပ်ဘဝမှ လွတ်မြောက်ခဲ့သည့်နေ့၊
- ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံအဖြစ် စတင်ရပ်တည်ခဲ့သည့်နေ့၊
- နှစ်ပေါင်းတစ်ရာကျော် ဖိနှိပ်ခံဘ၀ကျရောက်ခဲ့ရမှ ပထမဆုံ။စတင်လွတ်မြောက်သောနေ့။
Dec 22, 2021
မြင်ကွင်း (၁)
“ဘုန်းတော် အလွန်တရာကြီးမြတ်တော်မူလှသော ဧကရီဘုရင်မမင်းမြတ်၏ အမိန့်အာဏာတော်အရကြော်ငြာလိုက်သည်မှာ အထက်သီပေါ မင်းအုပ်စိုးတော်မူသော၊ မြန်မာနိုင်ငံတော်ကို ၎င်းဘုရင်က ထပ်မံဆက်လက်၍ စိုးစံအုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေများသည် အသျှင်ဘုရင်မင်းမြတ်ဘုရား၏ နိုင်ငံနယ်မြေဖြစ်လေပြီး အသျှင်ဘုရင်မ မင်းမြတ်ဘုရားအလိုတော်မြတ် ရှိစဉ်ကာလအတွင်း ထိုနိုင်ငံကို ဣန္ဒိယ ဘုရင်ခံ မင်းမြတ်က အခွင့်သင့်လျော်သည့်အခါ မှူးမတ်အရာရှိ ခန့်ထား၍ ၎င်းမှူးမတ်အရာရှိတို့ကသာ အုပ်ချုပ်စီရင်လိမ့်မည်” ဟူ၍ အိန္ဒိယဘုရင်ခံ ဒတ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ကြော်ငြာစာဟာ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာရန်ကုန်မြို့၌ လည်းကောင်း၊ ဇန်နဝါရီ ၄ ရက်နေ့မှာ မန္တလေးမြို့၌လည်းကောင်း နှစ်နေရာ ထုတ်ပြန်လိုက်ပြီးနောက် မြန်မာနိုင်ငံမှာ နယ်ချဲ့အင်ပါယာအတွင်း ကျရောက်၊ ကမ္ဘာပေါ်မှ မြန်မာ့မြေပုံပျောက်၊ ကျွန်သပေါက်ဘ၀သို့ ရောက်ခဲ့ ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၅ နှစ်ကျော်က နယ်ချဲ့ပဒေသရာဇ် တို့ရဲ့ကြော်ငြာစာကို ယခုကဲ့သို့ တိတိကျကျ မှတ်မှတ်ရရဖတ်ဖူး၊ မှတ်ဖူးသူ လွန်စွာမှ ရှားပါလိမ့်မယ်။