Skip to main content
Aug 14, 2022
ဆောင်းပါး
ဒီတစ်ပတ် ရုံးပိတ်ရက် ကျွန်တော်ခရီးဝေးမသွားဖြစ်ပါ။ လိုအပ်ကအလုပ်လုပ်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ပါသည်။ ကျွန်တော့်ပင်ကိုစိတ်က ခရီးမသွားရမနေနိုင်ပါ။ ရုံးဖွင့်ရက်တွင်နံနက် ၈ နာရီခွဲလောက်အိမ်ကထွက်ပြီး ရုံးတစ်နေကုန်တက်ပါသည်။ ပုံမှန်အားဖြင့် ည ၇ နာရီလောက်မှ အိမ်ပြန်လေ့ရှိသဖြင့် တစ်နေ့လုံးလုံး၊ တစ်ပတ်လုံးလုံးရုံးတွင် သာရှိနေသည့်ကျွန်တော်။ တစ်ပတ်တစ်ကြိမ်တော့ ခရီးထွက်ပြီး တောရိပ်တောင်ရိပ်ကြည့်လိုပါသည်။ လယ်ကွင်းစိမ်းစိမ်းမှ ဖြတ်သန်းတိုက်ခတ်လာသည့် လေကောင်းလေသန့်တွေကို ရင်ဘတ်ကြီးအပြည့် တစ်ဝကြီးရှူလိုပါသည်။ ပြီးတော့ပွင့်လင်းရိုးသားသည့် တောအရပ်မှလယ်သမားကြီးများ၊ သူတို့၏တဲ့တိုးပြောတတ်သည့် စကားများ ကျွန်တော်ကြားချင်ပါသည်။ သူတို့၏စကားသံတွေက ကျွန်တော်ဘာလုပ်ရမည်ကို ညွှန်ကြားနေသည် မဟုတ်ပါလား။
Aug 14, 2022
ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်စေတဲ့ လျှို့ဝှက်ချက်ဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်နီးချင်းတရုတ်နိုင်ငံက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးတစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ကြည့်လိုက်ရတယ်။
Aug 13, 2022
01
​​​​​​​မြန်မာနိုင်ငံသည် ငလျင်၊ ဆူနာမီ၊ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ ဆိုင်ကလုန်း မုန်တိုင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ရေရှား ခြင်း စသောသဘာဝဘေးအန္တရာယ်များ ကြောင့် ပျက်စီးဆုံးရှုံးမှုများကို တွေ့ကြုံ ခံစားနေရ၍ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေ လျက်ရှိပါသည်။
Aug 13, 2022
၂၀၂၂ ခုနှစ်တွင် ကမ္ဘာကြီးမှာ စစ်မီးသံများ ဆက်တိုက်ထွက်ပေါ်လာ၏။ ဖန်တီးသူ မီးပွားစပေးသူက တစ်ဦးတည်းသာဖြစ်၏။ စစ်ငွေ့သန်းသည့်နေရာကို လေ့လာကြည့်လျှင် ကမ္ဘာကြီး၏ အနောက်ခြမ်းမှသည် အရှေ့ခြမ်းဆီသို့ ရွေ့စပြုလာ၏။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို NATO အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ရေးအတွက် ရုရှားဖြင့် စစ်မီးမွှေးခဲ့၏။ ယခုအထိ အဆုံးမသတ် နိုင်သေး။ ထို့အတူ ၂၀၂၂ ခုနှစ် ဩဂုတ်လ လဆန်းက တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုင်ဝမ်ကျွန်းသို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်ဖြစ်၏။
Aug 13, 2022
ကိုယ့်အလုပ်တာဝန်နဲ့ကိုယ်ဆိုတော့ မိသားစုနဲ့ခွဲပြီး အလုပ်ရှိတဲ့မြို့မှာပဲ နေရတာကြာပါပြီ။ အရင်က အလုပ်ပါးတဲ့အခါ ရုံးပိတ်ရက်မှာ အိမ်ပြန်ဖြစ်တယ်။ မပြန်ဖြစ်ဘူးဆိုရင်တောင် သုံးလ တစ်ကြိမ်လောက် ပြန်ဖြစ်တယ်။ အခုဆို အိမ်မပြန်ဖြစ်တာ နှစ်ပေါက်တော့မယ်။
Aug 12, 2022
စိုက်ပျိုးရေး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင်တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ထန်ပါခွေ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံဟီးမြို့တို့ပါဝင်ပြီး ကျေးရွာအုပ်စု ၁၁၆ အုပ်စု၊ ကျေးရွာပေါင်း ၂၆၆ ရွာတို့ဖြင့် လူဦးရေ ၁၃၇၈၆၁ ဦး နေထိုင်လျက်ရှိသည်။
Aug 12, 2022
06
၂၀၂၂ ခုနှစ် ဩဂုတ် ၁၂ ရက်သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ၁၉၉၉ ခုနှစ်က လစ်စဘွန်းတွင် ကျင်းပခဲ့သော ကမ္ဘာ့လူငယ်ရေးရာဝန်ကြီးများ ညီလာခံမှ ထောက်ခံအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၅၄/၁၂၀ အရ ဩဂုတ် ၁၂ ရက်ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်ခဲ့သည်။
Aug 10, 2022
ယခုလတ်တလောဌာနတွင်း ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ခြင်း (capacity building) နှင့် အပြန်အလှန်ဆွေးနွေးပွဲများ မကြာခဏလုပ်ဖြစ်သည်။ ပြဿနာများကို ချဉ်းကပ်အဖြေရှာနိုင်စွမ်း (problem solving skill) နှင့် critical thinking ဆက်စပ်ပုံ ခေါင်းစဉ်ကို ရွေးချယ်ပြီး ပို့ချဖြစ်သည်၊ ဆွေးနွေးဖြစ် ကြသည်။ မိမိတာဝန်ယူရာ ကဏ္ဍတစ်ခု ဖြစ်သည့် သုတေသနခေါင်းစဉ်အောက်မှာ ယနေ့ခေတ်လူငယ်များအနေဖြင့် ကြုံတွေ့ရင်ဆိုင်နေရသည့် အခြေအနေ အရပ်ရပ်အပေါ် ဘယ်လိုတွေးခေါ် မြော်မြင်ပြီး ဆုံးဖြတ်မလဲ၊ ဘယ်လိုစဉ်းစားပြီး အကောင်းဆုံးအဖြေတစ်ခုရ အောင်ရှာမလဲ၊ အခြေအနေအချိန်အခါအရ သင့်တော်မည်ထင်၍ “သုတေသန စွမ်းရည်များနှင့် ဆက်စပ်ချဉ်းကပ်ပြီး ပြဿနာများကို ဖွေရှာအဖြေရှာနိုင်စွမ်း” (Research related problem solving skills) ခေါင်းစဉ်အောက်တွင် ဝန်ထမ်းများအတွက် လိုအပ်မည့်အရည်အသွေး တချို့ကို တတ်အားမှတ်သားထားသမျှ မျှဝေတည်ဆောက်ပေးဖြစ်ခဲ့သည်။
Aug 10, 2022
စိမ်း၍ မစိမ်းသော မနောမြေ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် နေပြည်တော် တပ်ကုန်းမြို့နယ်၌ ဂွေးပင် ကျေးရွာ၊ ပျဉ်းမနားမြို့နယ်၌ ကျွန်းဦးကျေးရွာ၊ လယ်ဝေးမြို့နယ်၌ သော်မှော်ကုန်းကျေးရွာတို့ကို SMART Village စံပြကျေးရွာများအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပြီးနောက် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် SMART Village စံပြကျေးရွာပေါင်း ၄၂ ရွာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ စီမံကိန်းကာလမှာ နှစ်နှစ်ဖြစ်သည်။ ယင်းကာလအတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၏
Aug 10, 2022
အဆင့်မြင့်နည်းပညာများမှသည် စက်မှုလယ်ယာကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးဆီသို့
ယနေ့ကမ္ဘာ့လူသားများသည် Information Age ဟုခေါ်သော သတင်းအချက်အလက် နည်းပညာ ခေတ်မှသည် Imagination Age ဟုခေါ်သော စိတ်ကူးစိတ်သန်း၊ စိတ်အာရုံတို့ဖြင့် တီထွင်ဖန်တီးနိုင်သော နည်းပညာခေတ်ကြီးတွင် နေထိုင်နေကြသူများ ဖြစ်လာသည်။ ဉာဏ်ရည်တုခေါ် Artificial Intelligent (AI) နည်းပညာများ၊ 4G၊ 5G နည်းပညာများသည် ယခင်က စိတ်ကူးနှင့်ပင် မှန်းဆ၍မကြည့်ဖူးသော နည်းပညာများဖြစ်သည်။ ယင်းကဲ့သို့ စိတ်ကူးစိတ်သန်း၊ စိတ်အာရုံတို့ဖြင့် တီထွင်ဖန်တီးလာနိုင်သောခေတ်ကို စတုတ္ထစက်မှုတော်လှန်ရေး (The Fourth Industrial Revolution or Industry 4.0) ခေတ်ဟု ခေါ်ဆိုကြသည်။