Oct 20, 2022
မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ ကုန်းတွင်းရေချိုငါးလုပ်ငန်းလုပ်ကိုင်နိုင်သော ရေပြင်များနှင့် ပင်လယ်ငါးလုပ်ငန်းရေပြင်များကို ပိုင်ဆိုင်ထားရှိသဖြင့် ရေချို၊ ရေငန် ငါးသယံဇာတများကို ပေါကြွယ်ဝစွာ ရရှိထုတ်လုပ်သုံးစွဲနိုင်သော နိုင်ငံဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင်ပေါများပြီး ယင်းမြစ်ချောင်း၊ အင်းအိုင်များ၏ ဧရိယာမှာ စတုရန်းကီလိုမီတာ ၈၂၀၀၀ ရှိကြောင်း သိရသည်။
Oct 19, 2022
လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊ လက်ခံခြင်းနှင့်ရယူခြင်းတို့သည်သာ အဂတိလိုက်စားမှုဖြစ်သည်ဟု အဂတိလိုက်စားမှုဆိုသည့် အနက်အဓိပ္ပာယ်ကို ယေဘုယျဆန်ဆန် နားလည်လက်ခံတတ်ကြပါသည်။ သို့ရာတွင် အဂတိလိုက်စားမှု၏ အနက်အဓိပ္ပာယ်သည် ထို့ထက်ကျယ်ပြန့်၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်ခဲလှပါသည်။ အောက်စဖို့ဒ် (the Oxford) နှင့် မယ်ရီရမ်ဝက်ဘ်စတာ (Merriam-Webster) အဘိဓာန်တို့တွင် “လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော ပြုမူဆောင်ရွက်မှုနှင့် အထူးသဖြင့် ဩဇာအာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် တရားမဝင်သောအပြုအမူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
Oct 19, 2022
နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အခုဆို နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါနီးတဲ့အချိန် နိုင်ငံတွေပျက်စီးယိုယွင်းနေကြပြီး ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးကို လိုလားနေကြပါတယ်။ ဒါကြောင့် ၁၉၄၅ ဧပြီ၂၅ ရက်မှာ ကုလသမဂ္ဂညီလာခံကို ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅၀ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂကြေညာစာတမ်း (Charter of the United Nations ) မူကြမ်းကို အတည်ပြုနိုင်ခဲ့ကြပါတယ်။
Oct 18, 2022
နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများတွင် ယခုရက်ပိုင်းအတွင်း နေ့စဉ် မဟုတ်သော်လည်း တစ်ရက်ခြား နှစ်ရက်ခြားဖြင့် ထုတ်လွှင့်ဖော်ပြနေသည်က “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ပင်ဖြစ်သည်။
Oct 18, 2022
မြန်မာနိုင်ငံဟာ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်သည်သာမက လယ်ယာစိုက်ပျိုးသီးနှံ အလွန်ဖြစ်ထွန်းတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီကရတဲ့ထုတ်ကုန်တွေကို ကုန်ကြမ်းရောကုန်ချောပါ ပြည်ပသို့တင်ပို့နိုင်တာနဲ့အမျှ တိုင်းပြည်အတွက် လွန်စွာအကျိုး ဖြစ်ထွန်းနိုင်တယ်ဆိုတာ စီးပွားရေးပညာရှင်တွေအပါအဝင် ပြည်သူအများက လက်ခံထားပြီး ဖြစ်ပါတယ်။
Oct 18, 2022
မြန်မာနိုင်ငံ၌ ပျူခေတ်ကပင် အနုသုခုမသဘင်ဂီတ အနုပညာရပ်များ ထွန်းကားခဲ့လေသည်။ ခရစ်နှစ် ၈၀၂ တွင် ပျူသရေခေတ္တရာမှ ပျူယဉ်ကျေးမှုအဖွဲ့ကို တရုတ်ပြည်သို့ စေလွှတ်လိုက်ရာတွင် တရုတ်ဧကရာဇ်တဲကျန်း ရှေးမြန်မာများဖြစ်ကြသော ပျူတို့၏ ဂီတအလှများတွင် ရက်ပေါင်းများစွာ နစ်မွန်းနေသဖြင့် တရုတ်ကဗျာစာရေးဆရာကြီး တစ်ဦးက တရုတ်ပြည်သူတို့၏အကျိုးကို မမေ့လျော့ရန် ကဗျာတစ်ပုဒ်ဖြင့် သတိပေးမှု ပြုခဲ့ရသည်။
Oct 16, 2022
အောက်တိုဘာ ၁၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction - 2022) ဖြစ်ပါတယ်။
Oct 16, 2022
လူသားအားလုံး အာဟာရပြည်ဝတဲ့အစားအစာတွေ ဖူဖူလုံလုံစားသုံးနိုင်ကြဖို့နဲ့ ငတ်မွတ်ခေါင်းပါးမှု၊ အစာရေစာပြတ်လပ်မှုမတွေ လျော့ပါးပပျောက်စေဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကဆယ်စုနှစ်၊ ရာစုနှစ်အလိုက်အစီအမံတွေ ရေးဆွဲချမှတ်ဆောင်ရွက်နေကြသော်လည်း ကမ္ဘာ့ကပ်ရောဂါနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုတွေ၊ နိုင်ငံတွေအကြား နိုင်ငံရေး၊ စီးပွားရေးနည်းပညာအားပြိုင်မှုတွေစတဲ့ အကြောင်းအမျိုးမျိုးရဲ့ သက်ရောက်မှုတွေအောက်တွင် ကျန်းမာခြင်းနဲ့ပြည့်စုံတဲ့ စားနပ်ရိက္ခာကို စားသုံးခွင့်မရရှိတဲ့လူဦးရေက တိုး၍တိုး၍ လာဆဲဖြစ်နေပါတယ်။
Oct 14, 2022
ဘယ်တိုင်းပြည်အတွက်မဆို အခြေခံအကျဆုံး မရှိမဖြစ်လိုအပ်ချက်က ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်တယ်။ နိုင်ငံရေးစနစ်တွေကို ငြင်းကြခုံကြတာ၊တည်ဆောက်ကြတာ၊ ပြုပြင်ပြောင်းလဲကြတာ၊ အဟောင်းဖျက်ပြီး အသစ်တည်ထောင်ကြတာအားလုံးဟာ အဓိကရည်ရွယ်ချက် တစ်ခုကြောင့်ပဲဖြစ်တယ်။
Oct 14, 2022
သရေခေတ္တရာ ဧကရာဇ်နိုင်ငံ တော်ခေတ်ဖြစ်သော ပျူခေတ်ကပင် အနုသုခုမသဘင်ထွန်းကားခဲ့သည်။ မဇ္ဈိမတိုင်းအိန္ဒိယပြည်မှ တူရိယာများ၊ စိန့်တိုင်းတရုတ်ပြည်မှ တူရိယာများကို ပျူတို့သည် မိမိတို့၏ မူပိုင်တူရိယာများဖြစ်သော နှဲ၊ ပတ်သာ၊ စည်းစုပ်စသည် တို့နှင့် ပေါင်းစပ်သီဆိုတီးမှုတ်ကပြခဲ့ကြသည်။
