Jul 23, 2022

လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝရပ်တည်ရေး၊ တိုးတက်မြင့်မားရေးနဲ့ ကိုယ်ရည် ကိုယ်သွေးမြှင့်တင်ဖို့ ကြိုးစားရာမှာ ကိုယ့်ရည်မှန်း ချက်နဲ့ဆန္ဒတွေ အောင်မြင်ဖို့အတွက်သာမကဘဲ ကိုယ်နဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် လူမှုကျင့်ဝတ်တွေဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ ဒီလိုပဲ လူ့အသိုက်အဝန်းတစ်ခုရဲ့ဓလေ့၊ စရိုက်နဲ့ ယဉ်ကျေးမှုတွေ တိုးတက်မြင့်မားဖို့မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်းက တစ်ဦးချင်း စီရဲ့ ကျင့်ဝတ်လိုက်နာမှုတွေဟာ အရေးပါပါတယ်။
Jul 23, 2022

ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား တရားဝင်သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ဘယ်အချိန်ကတည်းက စတင်ဖြစ်ပေါ်လာလဲဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်အချိန်မှာပဲ ဖြစ်ပါတယ်။ အတိအကျဆိုရရင်တော့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဖြစ်ပါတယ်။
Jul 23, 2022

အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာကြုံရတတ်သော လူ့ဘောင်လောကတွင် မည်သူမဆို အမှုအခင်းကိစ္စ ကြုံတွေ့လေ့ရှိကြမြဲဖြစ်သည်။ ထိုသို့ ကြုံတွေ့ကြချိန် ကျွမ်းကျင်သောဘာသာရပ် မဟုတ်သဖြင့် ရှေ့နေရှေ့ရပ်များကို အားကိုးတကြီး ငှားရမ်းရင်ဆိုင်ကြရသည်။ သို့သော် အချို့သော ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အထူးပြုစု စောင့်ရှောက်ရန် လိုအပ်နေသူများ၊ မသန်စွမ်းသူ၊ ခုခံအားကျဆင်းမှုရောဂါ သို့မဟုတ် အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများအနေဖြင့် ရှေ့နေရှေ့ရပ်ငှားရမ်းရန် ခက်ခဲကြရသည်။
Jul 22, 2022

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက မဖုံးနိုင်မဖိနိုင် မဲလိမ်/မဲခိုးမှုတွေနဲ့ ဥပဒေဖောက်ဖျက်မှုများကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခေတ္တ အာဏာထိန်းထားရတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အိမ်စောင့်အစိုးရကို ဆန့်ကျင်နေကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်အဖွဲ့အစည်းများက မီဒီယာအမည်ခံပြီး ဝါဒဖြန့်ချိနေမှုတွေကို “သတိပြုရမည့် စိတ်ဓာတ်စစ်ဆင်ရေးစစ်ပွဲနှင့် သတင်းအတု သတင်းအမှားများ၏အန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၃-၅-၂၀၂၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာများမှာ ဆောင်းပါးရေးသား ဖော်ပြခဲ့ပါသည်။ ယခုအခါမှာ ထိုဆောင်းပါးကို ရုရှားနိုင်ငံရဲ့ ပညာရပ်ဆိုင်ရာ မဂ္ဂဇင်း Internauka နဲ့ ai-news.ru ဆိုတဲ့ သတင်းစာမျက်နှာတွေမှာ ရုရှားဘာသာနဲ့ ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရပါတယ်။
Jul 22, 2022

ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်ပြီး နိုင်ငံတော်အစိုးရ တင်မြှောက်ဖွဲ့စည်းရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ဖော်ဆောင်ရာတွင် အမြင့်ဆုံးတာဝန်ရှိ အဖွဲ့အစည်းဖြစ်သည်။
Jul 21, 2022

ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီစနစ်၏အခြေခံဖြစ်ပြီး နိုင်ငံတော်အစိုးရတင်မြှောက်ဖွဲ့စည်းရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို ဖော်ဆောင်ရာတွင် အမြင့်ဆုံးတာဝန်ရှိအဖွဲ့အစည်း ဖြစ်သည်။ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာလွှတ်တော်များတွင် ဥပဒေပြုရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်များ၊ ဌာနဆိုင်ရာတစ်ခုခုကို ဦးစီး၍ တာဝန်ယူထမ်းဆောင်မည့် အကြီးအကဲများအဖြစ်သို့ ခန့်အပ်တာဝန်ယူရခြင်းများလည်း ရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာများနှင့် သက်ဆိုင်သော တာဝန်တစ်ခုခုကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ထို့အတူ တရားစီရင်ရေး အာဏာနှင့်လည်း နှီးနွှယ်ဆောင်ရွက်ရပါမည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ကြရမည့် လွှတ်တော်ကိုယ်စားလှယ်များသည် သတ်မှတ်အရည်အချင်းများ ပြည့်စုံရန် လိုအပ်ပါသည်။
Jul 21, 2022
အင်တာနက်ကို အမေရိကန်နိုင်ငံမှာ ၁၉၆၀ ပြည့်နှစ်များကတည်းက စတင်တီထွင်လာကြတယ်လို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့ အင်တာနက်ရဲ့ အသုံးဝင်မှုကြောင့် အသုံးပြုသူဦးရေဟာ ၂၀၀၉ ခုနှစ်လောက်မှာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံအထိ ရှိလာပါတယ်။ ၂၀၂၀ ပြည့်နှစ်ကဆိုရင် ကမ္ဘာ့လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်းက အင်တာနက်အသုံးပြုနေကြပါပြီ။ အဲဒီအသုံးပြုသူတွေထဲမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ၊ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေမှာ အသုံးပြုတဲ့ပမာဏကတော့ မတူပါဘူး။ ဥပမာ အာဖရိကမှာ အင်တာနက်အသုံးပြုတဲ့ ရာခိုင်နှုန်းက ၂၇ ရာခိုင်နှုန်းသာရှိပေမယ့် ဥရောပမှာဆိုရင် ၈၃ ရာခိုင်နှုန်းရှိပါတယ်။
Jul 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ရုရှားနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်မှာ ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်နေ့အထိဖြစ်ပြီး ရက်ကာလအားဖြင့် များပြားသည်တော့ မဟုတ်။ အလုပ်သဘော ခရီးစဉ်ဖြစ်သည့်အတွက် ရသည့်အချိန်ကာလတိုအတွင်း တွေ့ဆုံရမည့်သူများနှင့်တွေ့ဆုံ။ ဆွေးနွေးသင့်သူများဆွေးနွေး။ လေ့လာရမည့်နေရာများအား လေ့လာရသည်။ ၎င်းအပြင် အနာဂတ် မြန်မာနိုင်ငံတော်ကြီးအား တည်ဆောက်ရာတွင် နယ်ပယ်ပေါင်းစုံမှ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်စေလွှတ်ထားသည့် ပညာတော်သင်ကျောင်းသားများကိုလည်း လိုအပ်သည့် လမ်းညွှန်ဩဝါဒကို ပေးရသည်။
Jul 20, 2022

နိုင်ငံတောစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ အချိန်အလပ်အကြားမရှိ ဟိုမှသည်ဆီ သည်မှသည်လည်း ဟိုဆီသို့ကူးချည်သန်းချည်ဖြင့် အလုပ်သဘောကို လုပ်အားဖြင့် သက်သေပြုရသည်။
Jul 19, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ခေတ်မီတိုးတက်မှုနှင့် ရှည်လျားသည့် သမိုင်းကြောင်းကို ပုံဖော်ပြသနေသည့် အဆောက်အအုံများက အားပြိုင်နေဟန်ရှိသည်။ မြို့အတွင်း ရစ်ခွေစီးဆင်းနေသည်က မော်စကိုမြစ်၊ ထိုမြစ်ကမ်းဘေးရှိ လမ်းမကြီးထက်မှာ နောက်ဆုံးပေါ် မာစီဒီး အနက်ရောင်တစ်စီး ဦးဆောင်သည့် နိုင်ငံတော်အဆင့် လုံခြုံရေးများ ဝန်းရံထားသည့် မော်တော်ယာဉ်များ သည် ခန့်ညားစွာဖြင့် လိုရာခရီးကို ဦးတည်မောင်းနှင်လျက်ရှိသည်။